Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 29 May 2012

ဖွင့်ပြောဖို့ နောက်မကျပါစေနဲ့...

ကောင်လေး - ငါတို့တွေအတွက်တော့ လောကကြီးကအထီးကျန်စရာကောင်းလိုက်တာနော်..

ကောင်မလေး- ဟုတ်တယ်နော်.. တစ်ခြားသူငယ်ချင်းတွေမှာ ချစ်သူတွေ ကိုယ်စီရနေပြီ.... တို့အုပ်စုမှာ တို့၂ယောက်
 
ဘဲ အထီးကျန်ပြီး ကျန်ခဲ့တာ... ဒီပြင့်လူတွေမှာလည်း ချစ်သူကိုယ်စီနဲ့ ငါတို့ ဘ၀က အထီးကျန်လိုက်တာ..




ကောင်လေး - ငါတော့ ဘာလုပ်ရမယ်မှန်းတောင် မသိတော့ပါဘူးကွာ..


ကောင်မလေး - ဒီလို လုပ်ပါလား.. ငါတို့ game တစ်ခုကစားရအောင်...





ကောင်လေး - ဘာ game လဲ..


ကောင်မလေး -ငါ နင့်ကောင်မလေးအနေနဲ့ ရက် ၃၀ နေမေးမယ်.. နင်လဲ ငါ့ကောင်လေးအနေနဲ့ နေပေးပေါ့..
 
ဘယ်လိုလဲ..





ကောင်လေး - ဒီအကြံ မဆိုးဘူး.. နောက်ရက်တွေမှာလဲ ငါ့မှာ ဘာမှ ထူးထူးခြားခြား လုပ်စရာမရှိဘူး...
 
သဘောတူတယ်ကွာ..
 
 



ပထမနေ့ -သူတို့ ၂ယောက် အချစ်ရုပ်ရှင်တူတူ သွားကြည့်ပြီးပျော်ရွင်ခဲ့ကြတယ်..။ 


၎ ရက်မြောက်နေ့ - သူတို့ တွေကမ်းခြေကိုပျော်ပွဲစားထွက်ခဲ့ကြတယ်...။ သာယာတဲ့အချိန်လေးတစ်ခုသူတို့ ရခဲ့ကြ
 
တယ်လေ..။ ၁၂ရက်မြောက်နေ့  -ကောင်လေးက ကောင်မလေးကို Circusပွဲ ခေါ်သွားတယ်ဗျ.. မြင်းရိုင်းတစ်ကောင်
 
ဖျော်ဖြေတဲ့အလှည့်ကျတော့ ကောင်မလေးက ရုတ်တရက်လန့်ပြီး ကောင်လေးလက်နဲ့ .. ဘေးက လူကြီး လက် မှား
 
ကိုင်မိလို့ နှစ်ယောက်လုံး ရယ်ကြရသေးတယ်ဗျ..။
 
 



၁၄ရက်မြောက်နေ့ - သူတို့ လျှောက်လည်ရင်း လမ်းဘေးက ဗေဒင်ဟောတဲ့ အမယ်အိုကြီးကိုတွေ့တော့ သူတို့ ရှေ့ရေး
 
ဝင်မေးခဲ့သေးတယ်ဗျ.. အမယ်အိုကြီးက.."ကလေးတို့ ..ကလေးတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို.. အလကားဖြုန်းတီး
 
မပစ်မိစေနဲ့.. နှစ်ယောက် အတူတူ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွင် နေကြပါ"....တဲ့..။ အမယ်အိုကြီးရဲ့ မျက်ဝန်းတွေမှာ
 
မျက်ရည်တွေ စို့နေတာကိုတော့ ကောင်လေးနဲ့ ကောင်မလေး သတိမထားမိလိုက်ဘူးတဲ့..။
 
 



ရက် ၂၀မြောက်နေ့ - သာယာတဲ့ညနေခင်းလေးမှာ ကောင်မလေးကကောင်လေးကို တောင်ပေါ် အပန်းဖြေစခန်း
 
ခေါ်သွားတယ်.. ရုတ်တရက်.. ကြယ်ကြွေသွားတာ သူတို့ တွေ့လိုက်တယ်..။ ကောင်မလေး နှုတ်က တစ်စုံတစ်ခုကို
 
တိုးတိုးရေရွတ်လိုက်တယ်...။ ကောင်လေးတော့ မကြားလိုက်ဘူးတဲ့ဗျာ..။
 
 



၂၈ရက်မြောက်နေ့ - သူတို့ နှစ်ယောက် bus အတူတူစီးကြတယ်..။ တစ်နေရာရာက ပြန်လာတာပေါ့ဗျာ..။
 
သိတဲ့အတိုင်း လမ်းကြမ်းတော့ ကားကခုန်နေတာပေါ့..။ အဲဒီမှာ ကောင်မလေးက ကောင်လေးကို မတော်တဆ
 
နမ်းမိသွားတယ်..။ ပထမအနမ်းပေါ့ဗျာ..။ 
 


၂၉ရက်မြောက်နေ့ ည ၁၁နာရီ ၃၇မိနစ်... ကောင်လေးနဲ့ ကောင်မလေး နှစ်ယောက် သူတို့ ဒီgame ကို ပထမဆုံး
 
ဆုံးဖြတ်ခဲ့တဲ့ ပန်းခြံလေးမှာ ထိုင်နေကြတယ်..။ မနက်ဖြန်က သူတို့ game ရဲ့ နောက်ဆုံးနေ့လေ..။






ကောင်လေး - ကိုယ် နည်းနည်း ပင်ပန်းနေတယ် ကောင်မလေး.. မင်း တစ်ခုခု သောက်ချင်ရင် မှာလိုက်လေ..
 
ကိုယ် အအေး သွားဝယ်မလို့ ..


ကောင်မလေး - ဒါဆို Apple juice ၀ယ်ခဲ့ပေးပါလား.. thank you နော်..





ကောင်လေး - ရပါတယ်.. ကိုယ့်ကိုစောင့်နေနော်... မိနစ်၂၀လောက်ကြာတော့ကောင်မလေးဆီ သူစိမ်းတယောက်
 
အပြေးရောက်လာတယ်...။



သူစိမ်း - ညီမက ကောင်လေးရဲ့ သူငယ်ချင်းလား....
 
ကောင်မလေး - ဟုတ်ကဲ့.. ဘာဖြစ်လို့ လဲဟင်..
 
သူစိမ်း - အရက်သမားတစ်ယောက် မောင်းလာတဲ့ကားက ကောင်လေးကိုတိုက်မိလို့ ကောင်လေး ဆေးရုံမှာ..
 
အရေးပေါ်ခန်းထဲမှာ ခွဲစိတ်ခံနေရတယ်ဗျာ...အဲဒါ..........




သူစိမ်း ဆက်ပြောတဲ့စကားတွေ ကောင်မလေး မကြားနိုင်တော့ပါ.. ဆေးရုံကိုပဲ အမြန် လိုက်သွားမိတော့တယ်....။
 
ည၁၁နာရီ ၅၈မိနစ်.... ဆရာဝန် အရေးပေါ်ခန်းထဲက မျက်နှာမကောင်းဘဲ ထွက်လာပြီးကောင်မလေး လက်ထဲကို
 
Apple juice လေးနဲ့ စာတစောင် ကမ်းပေးလိုက်တယ်...။ ဆရာဝန်က ၀မ်းနည်းတဲ့အသံနဲ့ ...
 
"ဒါကျွန်တော်တို့ ကောင်လေးရဲ့ အိတ်ထဲကရတာပါ..." ကောင်မလေးကသွေးတွေပေနေတဲ့စာကို တုန်တုန်ရင်ရင်နဲ့ 
 
ဖွင့်ဖတ်လိုက်တာပေါ့..။
 
 
 
 
 




စာထဲမှာရေးထားတာကတော့........ 


"ကောင်မလေး.. ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ နင် ဘယ်လောက် ချစ်စရာကောင်းတယ်ဆိုတာ ကိုယ် သိခဲ့ရတယ်..
 
ဒီ gameလေး ကစားနေချိန်မှာဘဲ နင့်ကို ငါ အရမ်းအရမ်း ချစ်မိသွားပြီကွာ... မကြာခင် ဒီ gameလေး ပြီးတော့မယ်
 
နော်.. gameလေး ပြီးသွားပေမယ့် နင် ငါ့ရဲ့ချစ်သူအဖြစ် ဆက်ရှိနေပေးပါလားနော်... ဘ၀ တစ်လျှောက်လုံးစာ
 
အတွက် ချစ်သူပေါ့... အရမ်း ချစ်တယ် ကောင်မလေးရယ်...."







ကောင်မလေးက စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ရင်း ၀မ်းနည်းပက်လက်ငိုပါတော့တယ်....။ 


"ကောင်လေးရယ်... မသေပါနဲ့နော်... မသေပါနဲ့ ... ငါလည်း နင့်ကို အရမ်းချစ်ပါတယ်.. တို့တွေ တောင်ပေါ်သွားတဲ့
 
နေ့ကို မှတ်မိသေးလားဟင်... ကြယ်ကြွေတာ မြင်လိုက်ရတဲ့နေ့လေ.. အဲဒီတုန်းက ကြယ်ကြွေတုန်း.. ငါ နင်နဲ့ 
 
ဒီgameလေး ပြီးသွားခဲ့ရင်လည်း ထာဝရ အတူနေနိုင်ပါစေလို့ ငါ ဆုတောင်းခဲ့တယ် သိလား..... ကျေးဇူးပြုပြီး
 
ငါ့ကိုမထားခဲ့ပါနဲ့နော်... ကောင်လေး နင့်ကို ငါ ချစ်တယ်.. သိလား... ငါ့ကို ခွဲမသွားပါနဲ့..
 
နင် ငါ့ကို ခွဲသွားလို့ မဖြစ်ဘူးနော်...."
 
 
 
 



နာရီလက်တံလေး ၁၂ကိုရောက်သွားတယ်.... ရက် ၃၀ ပြည့်တဲ့အချိန်ပေါ့.........။

ကောင်လေးရဲ့ နှလုံးခုန်နှုန်း ထာဝရ ရပ်တန့်သွားခဲ့တယ်......
 


-----------------------------------------------------------------------------------------

 
ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း အခုဘဲ ဖွင့်ပြော လိုက်ပါ...။
 
အရမ်းနောက်မကျသွားခင်ပေါ့.........။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့