Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 30 May 2012

ရဟန်းတို့ အလေးအနက်ကျင့်သုံးရမည့် ပဓာနတရား(၆)ပါး

ပရိနိဗ္ဗာန်စံဝင်တော်မူပြီးသော ဗုဒ္ဓ၏ရုပ်ကလပ်တော်ဓါတ်တော် စေတီတော် တို့ အားပူဇော်ခြင်းထက် ရဟန်းသံဃာတော်များ အလေးအနက်ကျင့်သုံးရမည့် ပဓာနအကျင့်တရားတို့ ကို မိလိန္ဒပညှာတွင်ဖော်ပြပါရှိပေသည် ။
မြတ်စွာဘုရားမိန့် တော်မူသော စကားနှစ်ခွန်း
နာဂသေန အရှင်မြတ်ဘုရား အဗျာဝဋာ တုမှေ အာနန္ဒဟောထ၊ တထာဂတဿ သရီရ ပူဇာယ
အာနန္ဒ သင်တို့ သည် ပရိနိဗ္ဗာန်စံပြီးသော ငါဘုရား၏ ကိုယ်တော်ရုပ်ကလပ်တော်တို့ ကို ပူဇော်ခြင်းငှါ
ကြောင်းကြမစိုက်ကြလေနှင့်။ဤသို့ မြတ်စွာဘုရား ကိုယ်တော်တိုင်မိန်တော်မူပါသည်။
တဖန်လည်း 
ပူဇေထနံ ပူဇနိယဿ ဓာတုံ၊ဧဝံ ကရာသဂ္ဂမိတော ဂမိဿထ။
ပူဇော်အပ်ပူဇော်ထိုက်သော ငါဘုရား၏ ပူဇော်ထိုက်သော ထိုဓာတ်တော်ကို ပူဇော်ကြကုန်လော့ ၊
ဤသို့ ပူဇော်သမှု့ပြုကြကုန်သော သင်တို့ သည် ဤလူ့ ပြည်မှ (စုတေကြသည်ရှိသော်)နတ်ပြည်သို့ လားရောက်ကြလတ္တံ့ ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူအပ်ပါသည် ။
ဤစကားနှစ်ခွန်းတွင် ပထမစကားကိုယူသော် ဒုတိယစကားသည် မှား၏ ။ဒုတိယစကားကိုယူပြန်သော်
ပထမစကားသည် မှားယွင်လေရာ၏ ။ အဘယ်သို့  မှတ်ယူရပါမည်နည်းဟု မိလိန္ဒမင်းက
မေးလျှောက်လေသည် ။
အရှင်နာဂသေနမထေရ်မြတ်သည် ပူဇော်မှုကား ရဟန်းတို့ ကိစ္စ မဟုတ်၊နတ်လူတို့ ၏ ကိစ္စပေတည်း။
ဘုရားသားတော် ရဟန်းတို့ ၏ အမှု့ကိစ္စကား ဤ(၆)ပါးတည်းဟု မိန်တော်မူလေ၏ ။
ရဟန်းတို့  ပဓာနထား၍ပြုကျင့် ရမည့် အကျင့်တရားခြောက်ပါး အကမ္မံ ဟေတံ မဟာရာဇ ၊ဇိနပုတ္တာနံ ယဒိဒံပူဇာ
(၁)သမ္မသနံ သင်္ခါရာနံ
(၂)ယောနိသော မနသိကာရော
(၃)သတိပဌာနာ နုပဿနာ
(၄)အာရမ္မဏ သာရဂ္ဂါဟော
(၅)ကိလေသ ယုဒ္ဓံ
(၆)သဒတ္ထ မနုယုဉ္ဇနာ ။
ဧတံ ဇိနပုတ္တာနံ ကရဏီယံ အဝသေသာနံ ဒေဝမနုဿာနံ ပူဇာကရဏိယာ ။ မိလန္ဒ
ပါဠိပညာ ၊နိဿယ ဘာသာပြန်။
မြတ်သောမင်းကြီး ဘုရားသားတော်ရဟန်းတော်တို့ ၏ အမှုကိစ္စကား
(၁) သင်္ခါရတရားတို့ ကို အနိစ္စ ဒုက္ခ အနတ္တ ဟု သုံးသပ်ဆင်ခြင်ခြင်း။
(၂) အသင့်အားဖြင့် အရာရာကိုနှလုံးသွင်းခြင်း။
(၃) သတိပဌာန်တရားတော်ကို အဖန်တလဲလဲ ရှူပွားခြင်း။
(၄) ကောင်းမြတ်သော ကမ္မဌာန်းစသော အာရုံကို အမြဲလက်ကိုပြုခြင်း။
(၅)ကိလေသာကို သိက္ခာသုံးပါးတို့ ဖြင့် စစ်ထိုးခြင်း။
(၆)အရဟတ္တမဂ် အရဟတ္တဖိုလ်တည်းဟူသော မိမအကျိုးကို ရရှိအောင် အစဉ်သဖြင့်အားထုတ်ခြင်း။
ဘုရားသားတော်ရဟန်းတော်များ ကျင့်ဆောင်အပ်သည် တရားပေါင်း ခြောက်ပါးဖြစ်လေသည် ။
မုံရွာအရှေ့ လယ်တီမဟာသုတဒီပနီကျမ်းလာဆောင်ပုဒ်
သမ်ယောသတိ၊အာကိသဒတ်၊ဤခြောက်ရပ်၊ပြုအပ်ရဟန်းသာ။
ဥပမာပေးပုံ
မင်းသားတို့ သည် ဆင်စီး မြင်းစီး ဓားခုတ် လှံထိုး စစ်ထိုးခြင်း စသောအမှုကိစ္စတို့ ကိုပြုအပ်ကုန်၏ ။
ကုန်သည် သူဆင်ရဲသားတို့ ကား လယ်ယာလုပ်ငန်း အရောင်ဝယ်လုပ်ငန်း စသောအမှုကိစ္စကို ပြုအပ်၏ ။
ဤဥပမာအတိုင်းမှတ်ပါလေ။ပုဏ္ဍားလုလင်နှင့်ကုန်သည် သူဆင်းရဲ ဥပမာလည်းထုတ်ဆောင်ပြတော်မူ၏ ။
မှတ်ဖွယ်အထူးကား
ရဟန်းတို့ သည် ပူဇော်မှုကိုလည်းပြုကြရာ၏ ။အထက်ဖော်ပြပါ တရားခြောက်ပါးကိုမူ အထူးအားစိုက်
ပြုကြရာ၏ ။လူတို့ သည်ပူဇော်လှူဒါန်မှုကို အစဉ်အမြဲ အားခဲ၍ ပြုလုပ်ကြရာ၏ ။ သီလစောင့်ထိန်းခြင်း စသော တရားအကျင့်ကိုလည်း အားထုပ်ကြရာ၏ ။ လက်မလွတ်ကြရာ ဟု မှတ်သားပါလေ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့