Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 29 May 2012

(မြန်မာဆန်တဲ့အလှ)

သံယောဇဉ်ဆိုတဲ့
နှောင်ကြိုးလေးတွေ
ရင်မှာအမျှင်တန်းနေသလို
မင်းရဲ့အကြည့်တွေ
မင်းရဲ့အပြုံးတွေ
မင်းရဲ့ လှပကျော့ရှင်းတဲ့
မြန်မာဆန်တဲ့အလှ
ပါးနှစ်ဖက်က သနပ်ခါး ပါးကွက်ကျားလေးရယ်
မြန်မာဆန်လှတဲ့
မြန်မာယာဉ်ကျေးမှု ဝတ်စားဆင်ယင်မှုတွေရယ်
ရင်ထဲမှာစွဲငြိ၍လည်း
ချစ်ခြင်းမေတ္တာဆိုတဲ့
သံယောဇဉ်အချစ်အိမ်လေးတစ်ခု
ရင်ထဲမှာ တည်ဆောက်နေတယ်ဆိုတာ
မင်းသိအောင်လို့ ဖွင့်ပြောလိုက်ချင်တယ်
မြန်မာဆန်တဲ့ မြန်မာမလေးရယ်..
(မှတ်ချက်)
မြန်မာဆိုတာ မြန်မာလိုပဲ
ဝတ်စားဆင်ယင် လိုက်ဖက်မှာပါ
ယခုခေတ် မိန်းခလေးတွေများ
ဝတ်စားလိုက်တာ ဒူးပေါ် ပေါင်ပေါ် ရင်ပေါ်တွေနဲ့
အနောက်တိုင်းယာဉ်ကျေးမှုနဲ့
ကိုက်ညီသော်လည်း
မြန်မာယာဉ်ကျေးမှုနဲ့
မကိုက်ညီပါ ဒီလိုဝတ်စား ဆင်ယင်မှုကြောင့်
မောင်နှင့်နှမ သားနဲ့အမိ
မကြည့်ဖွယ်ရာ မြင်ကွင်းလေးတွေ
အရှေ့ခွဲ အနောက်ခွဲ
ဒူးပေါ် ပေါင်ပေါ်
ရင်ပေါ် ခါးပေါ်လေးတွေကို မဝတ်ပဲ
မြန်မာလိုပဲ မြန်မာဆန်ဆန်
ဝတ်ကြမယ်ဆိုရင်ဖြင့်
မြန်မာယာဉ်ကျေးမှုကို
ကူညီ ထိမ်းသိမ်းရာရောက်ပါလိမ့်မည်..
ဒီလို အရှေ့ခွဲ အနောက်ခွဲ
ဒူးပေါ် ပေါင်ပေါ်
ရင်ပေါ် ခါးပေါ်လေးတွေ ဝတ်ခြင်းအားဖြင့်
မလိုအပ်တဲ့ အမှုပြဿနာလေးများ
ဖြစ်တတ်မယ်ဆိုတာ သိကြရင်ဖြင့်...
သီချင်းလေးဖြင့် ခံစားတင်ပေထားပါတယ်ဗျာ
အားလုံးပဲနားလည်ပေးကြမယ်ထင်ပါတယ်ဗျာ
အမှားပါခဲ့ရင် နားလည်ပေးကြပါဗျာ
ကြိုးစား၍ရေးနေဆဲပါ..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့