ပြုပြင် ပြောင်းလဲရေး မဟာ ဗျူဟာနှင့် လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကြောင်းအရာ တွေကို ဟောပြောတဲ့ ဟောပြောပွဲ တစ်ခုကို မေလ ၂၅ ရက်နေ့
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ဟောပြောပွဲ မှာတော့ အင်္ဂလန် နိုင်ငံမှ The Bottom Billion စာအုပ် ရေးသားတဲ့ Oxfoard Univerity မှ ဒေါက်တာ ပေါလ်ကိုယ် ဘီယာနဲ့ အမေရိကန် နိုင်ငံမှ အခွန်ပြုပြင် ပြောင်းလဲ ရေးဆိုင်ရာ ကိစ္စရပ်များမှာ ကမ္ဘာကျော် ပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ရောဘတ် ကွန်ရက်ဒ် တို့က ပါဝင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို ဆွေးနွေးရာ မှာလည်း သဘာဝ အရင်းအမြစ် စီးပွားရေး ဆိုင်ရာ အကြောင်းများ၊ အခွန်ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ဟောပြော ခဲ့တာ ဖြစ်ပါတယ်။ အခုလို ပြုလုပ်တဲ့ ဟောပြော ဆွေးနွေး ကိုတော့ ပထမဆုံး အကြိမ် ပြုလုပ်တာ ဖြစ်ပြီး မြန်မာ့ ဖွံ့ဖြိုး တိုးတက်မှု အရင်းအမြစ် အဖွဲ့အစည်းရဲ့ စီးပွားရေးနဲ့ လူမှုရေး တိုးတက် ဖွံ့ဖြိုးမှု အဖွဲ့က ဦးဆောင် ပြုလုပ်ပြီး နိုင်ငံတော် စီးပွားရေး အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးမြင့်က သဘာပတိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဟောပြောပွဲကို စိတ်ပါဝင်စားသူ လူဦးရေ ၁၀၀ ၀န်းကျင် တက်ရောက်ခဲ့ တယ်လို့ သိရပါတယ်။

No comments:
Post a Comment