Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 28 May 2012

ပုသိမ်မြို့လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူ၆ဦးအား ခရိုင်အုပ်ချုပ်ရေးမှ ဆင့်ခေါ်

ပုသိမ်မြို့၌ ၃ရက်ကြာ လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူများထဲမှ၆ဦးအား ယနေ့မေ ၂၈ရက်နေ့ ၁နာရီတွင်ခရိုင် အုပ်ချုပ်ရေးဦးစီးရုံးမှ လာရောက်တွေ့ဆုံရန် စာဖြင့်အကြောင်း ကြားထားကြောင်း ပုသိမ်မြို့ခံ တစ်ဦးက ဆက်သွယ်ပြောကြားသည်။ “ကိုဇော်မိုး ၊ကိုစည်သူ ၊ကိုကြည်အေး အပါအ၀င် ၆ဦးအား ဒီနေ့ ၁နာရီမှာ လာတွေ့ပါဆိုပြီးစာပို့ထားတယ်”ဟု ၄င်းကပြောသည်။ ပုသိမ်မြို့တွင် မေလ၂၅ရက်နေ့ကစတင်၍ လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပြီး ပထမနေ့တွင် ၁၅ဦးခန့်၊ ဒုတိယနေ့တွင် ၅၀ဦးခန့် နှင့် နောက်ဆုံးနေ့အဖြစ်ပြုလုပ်သော မေလ ၂၇ ရက်နေ့တွင် လူ၂၀၀ခန့်ပြုလုပ်ခဲ့ကြောင်းသိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့