Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 28 May 2012

(( ချစ်သူ .. ဆိုတာ .. ရိုးရိုးလေးပေမဲ့ … ))



ချစ်သူ ဆိုတာ …ရိုးရိုးလေးပေမဲ့ …..
ကြည်နူး ပျော်၇ွှင်ခြင်းတွေ ..ပေးတတ်တဲ့ ….နတ်သားတပါးပါပဲ ။
ချစ်သူဆိုတာ ..ရိုးရိုးလေးပေမဲ့ ….
မိုက်မဲ ခြင်းတွေ ပေးတတ်တဲ့ လူဆိုးခေါင်းဆောင်ကြီးပါပဲ။
ချစ်သူ ဆိုတာ …ရိုးရိုးလေးပေမဲ့ ….
အစွမ်း သတ္တိတွေ ပေးတတ်တဲ့ ….မှော်ဆရာ ကြီးပါပဲ ။
ဒါကြောင့်မို့ ….ချစ်သူ ဆိုတာ ကို ..နားလည် မူတွေ နဲ့ ..ခံစားပေးနိုင်ဖို့ ရာ … အလို အပ်ဆုံး အရာ ပါ ။


“ မှုံ ..နဲ့ ခင်ချင်လို့ပါ ”
ကောင်လေးတယောက် ပါ ။ တည်ကြည်အေး ချမ်းတဲ့ မျက်နှာလေး နဲ့ မို့ 
“ ဟုတ်… ခင်တတ်ပါတယ် ရှင့် ။ သူငယ်ချင်းတွေ ပေါ့နော် ”
မှုံက ..ပြုံးပြ လိုက်တော့ ..သူကလဲ ရော ရယ်နေပါသည် ။ မှုံ …သူငယ်ချင်းလေး တယောက် ကောက်ရ ခဲ့ပါတယ် ။ ဖြူစင်တဲ့ အပြုံး ၊ တည်ကြည်တဲ့ မျက်နှာ တကယ်ပဲ ခင်စရာ ..ကောင်းခဲ့ပါတယ် ။
ကောင်လေး ရေ ….သံယောဇဉ် ဆိုတာ ..ဘယ်က စလဲ …မှုံ မပြောတတ်ပေမဲ့ ၊ အမှတ်တမဲ့ ..များစွာက နေ ..အမှတ်တရပေါင်းများစွာ အဖြစ် ပြောင်းလဲလာတတ်တယ်လေ ။ အဲ့ လိုကနေ …ကြိုးမျှင်လေးများစွာ …ရစ်ပတ် ချဉ်နှောင်ခဲ့ကြတယ် ။
သံယောဇဉ်ကြိုးက မသိလိုက်ရပဲ တွယ်တတ်တဲ့ ကြိုးလေး တချောင်းပါ ။ ကြိုးလေးက သေး မျှင်ပါးလွှာ ပြီး မြင်တောင်မမြင်ရပေမဲ့ သံမဏိကြိုးထက်ခိုင်မာတတ်တာ အံသြစရာပေါ့ ။


အတူသွား ၊ အတူစားနဲ့ …မို့ ရင်းနှီးမူတွေက ပိုကဲ လာခဲ့ပါတယ် ။ ခင်မင်မူ ဆိုတာ ..အဆင့်တက်တတ်တဲ့ အမျိုးအစားလား ။ ရိုးသားဖြူစင်တဲ့ အချစ် …၅၂၈ က ..တဆင့်တက်ရင် ..၁၅၀၀ ဖြစ်တတ်ပါသလား ။ မေးခွန်းပေါင်းများစွာ နဲ့ …အတွေး များတတ်ခဲ့ပါပြီ ။
အချစ်ဆိုတာ ဘယ်က စလဲ တွေး တတ်လာ ပြီ ….
မြင်တွေ့  နေရ ချိန်မှာ ..မထူးခြားပေမဲ့ .. ..မမြင်ရတဲ့ အခါ …နေမထိ ထိုင်မသာ၊ ….လူမသိအောင် မျှော်နေမိတာ အချစ်လား …။ ရင်ထဲမှာ မရေ ရာ မူတွေ နဲ့ …ေ၀၀ါးဆဲပါ ။ ဒါပေမဲ့ ငြိတွယ်နေမိတာ တော့ သေချာပါတယ် ။ 
သူပြောတဲ့ အကြင်နာစကား ရိုးးရိုးလေးပေမဲ့ မှုံရင်ထဲမှာ ပျော်နေမိတာ ပြောမပြတတ်အောင်ပါပဲ ။
သူပေးတဲ့ ဂရုစိုက်မူ တွေက မှုံ ကို ကြည်နူးမူတွေနဲ့ …ရင်ခုန်မြန်စေပါတယ် ။ ထိုအရာ က အချစ်လို မည်ပါလျှင် ….မှုံ ..ချစ်တတ်ပြီပေါ့ ။


မောင်နဲ့ ..မှုံ ချစ်သူတွေ ..ဖြစ်ခဲ့ကြပါတယ် ။ ချစ်သူဆိုတာ …ရိုးရိုးလေပေမဲ့ ….နက်နဲ တဲ့ ဒြပ်ဝတ္ထု ပေါင်းများစွာ …ပျော်ဝင်နေတယ် ထင်ပါ၇ဲ့ ။ ရင်ခုန် လှိုက်မော ခြင်းတွေ နဲ့ အချစ်ကို ..စတင်တွေ့၇ှိခဲ့ပါတယ် ။
ချစ်သူ ဖြစ်ခွင့်ရပြန်တော့ ..ကြည်နူး ပျော်စရာ အတိနဲ့ပေါ့ ။ တဆင့် တက် ပြတ်တော့ …လွမ်းဆွတ် ခြင်းတွေ ရရှိခဲ့ရပြန်ပါတယ် ။ နောက်တခုက တော့ ..အချစ်ရဲ့ နောက်ကွယ် ….ပါလာ တတ်စမြဲ ..သ၀န်တို ခြင်းပါပဲ ။
“ မှုံ နော် …ကောင်လေးတွေ နဲ့ စကားမပြော နဲ့ ..မောင်မကြိုက်ဘူး …”
“ အကြောင်းမရှိပဲတော့ ..မပြော ပါဘူး မောင်ရယ် …ဒါပေမဲ့ ဘော်ဒါ ကဏ္ဍ တော့ ..ရှိတာပေါ့ ”
“ မပြော နဲ့ ကွာ ..ဘယ်သူ နဲ့ မှ ပြောတာ ..မောင်မကြည့်နိုင်ဘူး ..”
ခက်ပါတယ် ။ ချစ်လို့ ..သ၀န်တိုတယ် ဆိုပေမဲ့ ….အတိုင်းအတာ တခုတော့ …ရှိရမှာပေါ့ ။ ချစ်သူ ကို ..ဘာ မှ ပြန်မပြော မိပေမဲ့ …ေ၇ှးလျှောက် ကို …ရင်လေးမိပါရဲ့ ။
သူငယ်ချင်း ကောင်လေး တွေကို နှုတ်ဆက်မိတိုင်း …ပြသနာ တက်ရတာ ..ထုံးစံ တခု လို ဖြစ်နေပါပြီ ။
“ ဘာ သဘော လဲ ပြော စမ်းပါ ..”
ဒေါသ တွေ နဲ့ ..သူ့ မျက်နှာ ….မှုံ ..စိတ် ပျက် အားလျှော့ စွာ ငေး ကြည့်ရင်း ….
“ သူငယ်ချင်း မို့ ..နှုတ်ဆက်တာလေ ။ သူနဲ့ ခင်တာ ..မောင်နဲ့ မသိခင်တဲက …ရိုးသားလိုသာ ..ဒီ အတိုင်းနေတာ ပေါ့ ..။ ပြသနာ ကို ..မီး ထွန်း ရှာ တယ် ..”
“ ဘာ ….မင်း .. ကွာ ….ငါ့ အချစ်ကို ..စော်ကားတယ် ”
“ မှုံ ..က .ဘာ တွေ လုပ်နေလို့ လဲ မောင် ရဲ့ ..ပြော စမ်း ပါအုံး ”
“ တောက် ..”
တက်ခေါက်တာ ..မကြိုက်တာ ကို ..သိသိ ကြီး နဲ့ …ပြင်းထန်တဲ့ ..တက် ခေါက်သံ ကြောင့် ..
မှုံ …လှည့် ထွက်လာခဲ့ပါတယ် ။ ပါးပြင်ပေါ် စီးကြလာတဲ့ ..မျက်ရည်တွေကို ..လက် ခုံ နဲ့ ဖိ သုတ်ရင်း …
နေပေါ့ ။ ပြသနာ မရှိ ပြသနာ ရှာ တယ် ။ မေ့နိုင်အောင် ကြိုးစားတော့မယ် ။ အလျော့ ပေးလွန်းတော့ …အနိုင်ယူချင်တာပေါ့ ….မိန်းခလေးမှာ လဲ ..မာန နဲပါပဲ မောင်ရယ် ။


“ မှုံ ..နင်ကတော့ …အေးဆေးပဲ ။ ဟို ကောင် ..ခုရက် ..အရက်တွေ နေ့ တိုင်းသောက်နေတယ် …”
ရင်ထဲတော့ ..ပူလောင်သွားမိပါတယ် ။ ကိုယ့် နှလုံးသားကို တော့ ..လိမ်လို့ မရပါ။ ဒါပေမဲ့ ….
“ အရက်သောက် ပြီး ..အသဲကွဲတာ ယောက်ျား ကောင်း အလုပ်မှ မဟုတ် တာ ။….ပြော လိုက်စမ်းပါဟယ် …
အဲ့ ဒါ မျိုး အထင်မကြီး ဘူးလို့ ..”
မာန ကြီးတတ်သော ..မောင့် စိတ် ဓါတ်ကို သိတာ ကြောင့် … .မခံချင်အောင် ပြော လိုက် ရပေမဲ့ ….
ဆက် သောက်နေမှာ ကို တော့ ..အတော်လေး စိုးရိမ် မိပါသည် ။ အချစ်ကြောက် …မိုက်မဲတတ်ခဲ့ ပြီလား
မောင်ရယ် …။


“ မှုံ ရေ …နင့်အမေ ပေးလိုက်တဲ့ စာ ….”
လူကြုံ ပါးလိုက်တဲ့ ..စာမို့ ….၀မ်းသာ အားရ ယူရင်း ..
“ ကျေးဇူး ..အကို ….”
အကို ၀မ်းကွဲလဲ တော်သူ မို့ … ရယ်ရယ် မောမော ..စကားတွေ ပြော နေမိပါသည် ။
အဲ့ ဒီ အချိန် …ရောက် လာ သူကတော့ …
“ မှုံ ….မင်း သစ္စာ ..မဲ့ လှ ကြီ လား …။ ငါ့ မှာ တော့ ..ခံစား လိုက် ရတာ ”
မောင်က …ဘာမှ မသိလို့ ပေမဲ့ ….အကို့ မျက်နှာက တင်းမာနေပါသည် ။ ဒေါသ ကြီး တတ်သူမို့ .. 
“ အကို ..ပြန်တော့နော် ။ နောက် တခေါက်မှ လူ ကြုံပေးတော့ မယ် …”
“ အဲ့ဒါ ..နင့် ရည်းစားလား …၊ ကြည့်လို ကို မရဘူး ..ပုံစံက .”
“ ခင်ဗျား ..ဘာ ပြောတယ် ..”
မောင် ကို ..၀င်ဆွဲပေမဲ့ … လက်မြန်လှတဲ့ ..အကို ကတော့ … မောင့် မျက်နှာ ကို …လက်သီး နဲ့ ..ထိုး ချ လိုက်ပါတယ် ။ 
“ မောင် ..”
အချစ်ဆိုတာ …သတ္တိတွေကို ပေးစွမ်း နိုင်လား …
ပြင်းထန်တဲ့ လက်သီးက …မောင့်အစား ၀င်ခံလိုက်တာ မို့ …..မှုံ ..နားထင်ပေါ်လို …ပြင်းထန်စွာ . ကျရောက်လာ ပြီ ၊ လောက ကြီးကို ..မေ့သွားခဲ့ပါတယ် ။


ေ၀၀ါး နေသော ..အာ ရုံက ….မောင့် အတွက် ..စိုးရိမ်ပူပန်စွာ …..
မောင်ရေ ….
မောင်က ..နတ်သားလေးဆို … ..
ကျမက …နတ်သားလေးရဲ့ ..အစေအပါးလေးပါ …
နတ်သားလေး ..လိုအပ်ချက်တွေကို ..ဖြည့်စည်းပေးချင်သူပေါ့ ။
မောင်က ..လူ ဆိုးကြီး ဆိုရင်တော့ …
အမှားတွေ ကင်းအောင် လမ်း ပြပေမဲ့ …
လူဆိုကြီးရဲ့ ..လမ်းပြကြယ်လေးပါ ။
မောင်က …မှော်ဆရာ ကြီး ..ဆိုရင်တော့ …
မှော်အတတ်တွေ နဲ့ …..
ကျမရဲ့ …နှလုံးသားလေးကို …လိုရာ သုံး ဖို့ …
ပေးအပ်မဲ့ …ချစ်သူ ပါ ။ 

မောင်နဲ့ ကျမ …နားလည်မူတွေ ခိုင်မြဲ လာ ခဲ့ပါတယ် ။ 
အမှန်တကယ်တော့ … 
အချစ်ဆိုတာ …. ကောင်းသော ၊ မကောင်းသော ..အစွမ်း သတ္တိတွေကို …ပေးစွမ်းနိုင်တာမို့ ….
ချစ်သူ ရယ်လို့ ဖြစ်လာခဲရင် …. ရင်ထဲက ..အချစ်ပန်းပွင့်လေးတွေကို ….နားလည်မူ ဆိုတဲ့ ..တံတိုင်းနဲ့ ..ကားရံထားသင်ပါတယ် ။
ချစ်သူ တိုင်း …ပျော်ရွှင်နိုင်ကြပါစေ ။


ခင်မင်လေးစားလျှက် ….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့