Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 29 May 2012

သင်ဘယ်လို...ချစ်သူမျိုးလဲ ???


ချစ်သူနဲ့ချိန်းထားတဲ့တစ်နေ့ ချစ်သူက (၃)နာရီနောက်ကျတဲ့အခါ သင်ဘာလုပ်မလဲ?
(၁) ဆက်မစောင့်ဘဲ လှည့်ထွက်ခဲ့မယ်

သင်ဟာ စိတ်အပြောင်းအလဲ မြန်တဲ့ချစ်သူဖြစ်တယ်။ ချစ်သူသက်တမ်းတစ်လျှောက်မှာ များသောအားဖြင့်အကျိုး
အကြောင်း သေချာမသိဘဲ စိတ်လိုက်မာန်ပါ လုပ်တတ်သူဖြစ်တယ်။ နောင်ပြဿနာနောင်မှရှင်းဆိုသလို သိပ်မတွေး
တောဘဲ ဇွတ်လုပ်တတ်သူ၊ ခံစားလွယ်သူဖြစ်တယ်။ ဒါပေမယ့်ဒီလိုချစ်သူမျိုးက စိတ်တိုဒေါသထွက်လည်း ခဏပါပဲ။
ဖြစ်ပြီးသမျှကိုလည်း အစပြန်စပြီး ပြဿနာ မရှာတတ်သူဖြစ်တယ်။ ဦးနှောက်သိပ်စားစရာမလိုတဲ့
ချစ်သူမျိုးဖြစ်ပါတယ်။




(၂) မလာမချင်းစောင့်မယ်

ချစ်သူ လာလာ မလာလာ မလာမချင်းစောင့်နေတတ်သူက အချစ်အတွက် မျက်ကန်းဆန်တဲ့အတွေးမျိုး ရှိတတ်သူ
ဖြစ်တယ်။ ဒီလိုချစ်သူမျိုးက တခြားလူအပေါ် သံသယစိတ်နည်းတတ်တာကြောင့် ကိုယ့်ချစ်သူကို သံသယဖြစ်ဖို့ ပိုပြီး
လုံးဝမတွေးသူဖြစ်တယ်။ ဘယ်အရာမဆို အကောင်းဘက်က တွေးတောတတ်သူဖြစ်တယ်။ ချစ်သူရဲ့စကားမာယာထဲ
အဝင်ခံသူမဟုတ်ပေမယ့် ချစ်သူဘာပြောပြော ယုံတတ်သူဖြစ်တယ်။ ဒီလိုချစ်သူမျိုးက အချစ်ကိုကိုးကွယ်သူလို့ ဆိုနိုင်
ပါတယ်။ ဒီလိုချစ်သူရဲ့ အားနည်းချက်က တခြားလူလိမ်ညာတဲ့ ထောင်ချောက်ထဲ အလွယ်တကူဆင်းသက်နိုင်ပြီး
ကိုယ့်ကိုယ်အလိမ်ခံရမှန်း မသိဖြစ်တတ်ပါတယ်။




(၃) ဖုန်းမပြတ်ဆက်ပြီး ရှာမယ်

ဖုန်းမပြတ်ဆက်ပြီး ရှာတတ်တဲ့ချစ်သူရဲ့ ဦးနှောက်က နိုးကြားသူဖြစ်တယ်။ (၃)နာရီနောက်ကျတဲ့ချစ်သူကို
ဘာကြောင့်မလာတာလို့ အရင်ကောက်ချက်ချတတ်သူ မဟုတ်ဘဲ ချစ်သူတစ်ခုခုဖြစ်လို့၊ အကြောင်းတစ်ခုခုကြောင့်
မလာနိုင်တာလို့ ထင်တတ်တဲ့ ရင့်ကျက်တဲ့ အမျိုးအစားထဲကဖြစ်တယ်။ ဒီလိုချစ်သူမျိုးက ကိုယ့်အချစ်ကို ယုံကြည်
စိတ်ချသူဖြစ်ပြီး တည်ငြိမ်တဲ့အချစ်မျိုး ပိုင်ဆိုင်သူဖြစ်တယ်။ ပြဿနာအသေးအမွှားနဲ့ ချစ်သူကို ရန်မရှာတတ်သူဖြစ်
ပြီး အကျိုးအကြောင်း ဆင်ခြင်ဥာဏ်ရှိသူဖြစ်တယ်။




(၄) စာတိုတစ်စောင်ထားခဲ့ပြီး နောက်လုံးဝမဆက်သွယ်တော့ဘူး

(၃)နာရီ အချိန်ဖြုန်းပြီး စောင့်ရတဲ့ချစ်သူကို စာတိုတစ်စောင်ထားပြီး ဖြတ်လိုက်သူက စီးပွါးရေးဆန်တဲ့ ချစ်သူမျိုး
ဖြစ်တယ်။ ဒီလိုချစ်သူမျိုးရဲ့ အယူအဆက အချိန်ဆိုတာ အရမ်းတန်ဖိုးရှိတဲ့အရာ ချိန်းဆိုမှုတစ်ခုအတွက် (၃)နာရီ
အချိန်ဖြုန်းတာကို အရမ်းနစ်နာတယ်လို့ ထင်သူဖြစ်တယ်။ ဒီအဖြေကို ရွေးတတ်တဲ့ချစ်သူမျိုးက ကိုယ့်ကိုယ်
လေးစားမှု(self-respect)က သူများထက် ပိုသူဖြစ်တယ်။ (၃)နာရီစောင့်ပြီး မရောက်လာတဲ့ချစ်သူဟာ ကိုယ့်ကို
မလေးစားသူ၊ ကိုယ့်အပြုအမှုကို အလေးမထားသူလို့ ထင်မြင်တတ်သူဖြစ်တယ်။




ကျွန်မက နံပါတ်(၃)ကို ရွေးချယ်သူပါ။ ဒါပေမယ့် ရင့်ကျက်တဲ့အမျိုးအစားလို့တော့ ပြောလို့မရဘူး။ စိတ်မရှည်တတ်
သူမို့ ဖုန်းဆက်ပြီး ဘာဖြစ်လို့ဒီလောက်ကြာလဲလို့ အသံနည်းနည်းမာမာနဲ့တော့ အော်မိလိမ့်မယ်။ အဖြေတွေက
မှန်သည်မှားသည်ဖြစ်စေ ချင့်ချိန်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့