Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 30 May 2012

မင်းကိုငါချစ်တယ် (ယနေ့ ကဗျာကဏ္ဍ)

==================================================================

♪ღ♪။“မင်းကိုငါချစ်တယ်”။♪ღ♪
 လေညှင်းလေးရေ
 မင်းရဲ့တိုက်ခတ်မှုတွေက
 ငါ့ရင်ခွင်ကိုမှ ပစ်မှတ်ထားကြည်စယ်
 အိပ်မက်တွေ ချိုမြိန်စေခဲ့တော့
 တစ်နေ့မတွေ့ရရင်ပဲ
စိတ်ကူးတွေ ပုပ်သိုးနေရသလိုပါ...

 တစ်ခဏတာ မင်းအပြုံးတစ်ပွင့်မှာ
ငါ့ရင်ခုန်သံတွေ
လိုက်ပါသွားကြလေရဲ့...
 တစ်ဒင်္ဂ မင်းအပြော တစ်ခွန်းမှာ
ငါ့အကြင်နာတွေ
စီးဆင်းသွားကြလေရဲ့...

 တစ်ကယ်ပါကောင်မလေးရေ
ငါထူထောင်လိုက်မိတဲ့ ရင်ခွင်မှာ
တိမ်ညိုတွေကင်းပါတယ်...

 နေမ၀င် အင်ပါယာ တစ်ခုအတွက်
မင်းအချစ်တွေ တောင့်တရင်း
ကြယ်ကြွေညတွေမှာ
မင်းဘေးနား ရှိချင်မိသူရယ်ပါ...

 ယုံကြည်မယ် ဆိုရင်ပေါ့
နှလုံးခုန်သံ တစ်ပိုင်းတစ်စရှင်သန်
စိတ်ကူးတွေ အိပ်တန်းပြန်ချိန်ထိ
မင်း ... ကို ... ငါ ...ချစ် ... တယ် ...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့