Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 30 May 2012

သီလ နဲ့ သီလမဂ္ဂင် ၃ ပါး

သီလ နဲ့ သီလမဂ္ဂင် ၃ ပါး
သီလ
သတ္တဝါတို့ ၏သန္တာန်မှာ ကိလေသာ အပူမီးဟူသမျှ ငြိမ်းအေးစေတတ်သောကြောင့် သီလဟုခေါ်ဆို၏၊
ငါးပါးသီလဆောက်တည်ခြင်း
(အမြဲရှိအပ်၊မကျိုးအောင်အလေးပြုအပ်၊အရိယာတို့ နှစ်သက်သော၊အိမ်ထောင်ရှင် လူတိုင်းစောင်းထိန်းအပ်သောသီလဖြစ်တယ်)
(၁) ပါဏာတိပါတ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၂)အဒိန္နာဒါန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၃)ကာမေသုမိစ္ဆာစာရ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၄)မုသာဝါဒ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၅)သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
အနက်အဓိပ္ပါယ်
ပါဏာတိပါတ = သူများအသက်ကိုသတ်ခြင်း၊
အဒိန္နာဒါန = သူ့ ဥစ္စာကို ခိုးယူခြင်း၊
ကာမေသုမိစ္ဆာစာရ = မိမိမပိုင်သော ဝတ္ထုကာမတို့ ၌မှားယွင်းဖောက်ပြန်စွာ ကျင့်ခြင်း၊
မုသာဝါဒ =မဟုတ်မမှန် ပြောဆိုခြင်း
ပိသုဏဝါစာ = ကုန်းတိုက်စကားပြောဆိုခြင်း၊
ဖရုသဝါစာ = ကြမ်းတမ်း ယုတ်မာတိုင်းထွာ ဆဲရေးခြင်း၊
သမ္ဖပ္ပလာပဝါစာ= အကျိုးမရှိ အနှစ်မရှိ သိမ်ဖျင်းသောစကားကိုပြောဆိုခြင်း၊
သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ = မူးရစ်စေတတ်သော သေရည်ကိုသောက်စားခြင်း
ဝေရမဏိသိက္ခာပဒံ = ရှောင်ကြည်ရကြောင်းကောင်းမြတ်သောသိက္ခာပုဒ်ကို
သမာဒိယာမိ၊=ကောင်းစွာကျင့်သုံး ခံယူဆောက်တည်ပါ၏၊
အာဇီဝဋ္ဌမကသီလ
အသက်မွေးစီးပွားရှာမှုတွင် ရှစ်ခုမြောက်ရှိသောသီလ
အာဇီဝ+ အဋ္ဌမ + က = အသက်မွေးမှု + ရှစ်ခုမြောက် + ရှိသော
(၄) ဝါစာ ၄ မျိုးစလုံးစောင့်စည်းခြင်း၊
ဒီသီလကို တကြိမ်ဆောက်တည်ပြီးလျှင် သီလမပျက်သမျှ တည်၏၊
သီလဆောက်တည်ဆိုတာ သီလမဂ္ဂင် ၃ ပါး အကျင့်ပါဘဲ
ကာယဒုစရိုက် ၃ ပါးကို ရှောင်ကြဉ်ခြင်း အသက်မွေးမှုနှင့်ပတ်သက်ခြင်းမရှိလျှင် သမ္မာ ကမ္မန္က ( သမ္မာ = ကောင်းသော ကမ္မန္က= အလုပ်အကိုင်)
(၁) ပါဏာတိပါတ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၂)အဒိန္နာဒါန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၃)ကာမေသုမိစ္ဆာစာရ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
နှင့် (၅) သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
ဝစီဒုစရိုက် ၄ ပါးကိုရှောင်ကြဉ်ခြင်း အသက်မွေးမှုနှင့်ပတ်သက်ခြင်းမရှိလျှင် သမ္မာဝါစာ ( သမ္မာ= ကောင်းသော ဝါစာ= စကား)
(၄)မုသာဝါဒ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
ကာယဒုစရိုက်၃ပါး နှင့် ဝစီဒုစရိုက်၎ပါး ကို ရှောင်ကြဉ်ခြင်း အသက်မွေးမှုနှင့် ပတ်သက်ခြင်းရှိလျှင် သမ္မာအာဇီဝ
သမ္မာ ကမ္မန္က သမ္မာဝါစာ သမ္မာအာဇီဝ
ရှစ်ပါးသီလဆောက်တည်ပုံ
(၁) ပါဏာတိပါတ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၂)အဒိန္နာဒါန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၃)အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၄)မုသာဝါဒ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၅)သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၆) ဝိကာလဘောဇန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(ရ) နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၈) ဥစ္စာသယနမဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
အနက်အဓိပ္ပါယ်
(၁)(၂)(၄)(၅) တို့ သည် ငါးပါးသီလနှင့် အတူတူပင်ဖြစ်သည်၊
(၃) အဗြဟ္မစရိယာ=မမြတ်သောအကျင့်= မေထုန်အကျင့်= မိန်းမယောက်ျား နှစ်ဦးသားတို့ ၏ ပျော်မြူးပေါင်းဆက်ဆက်ဆံခြင်း၊
မေထုန်အကျင့် သည်လူ့ ဘဝ၊နတ်ပြည်၊တိရိစ္ဆာန်များတွင်ရှိ၏၊ ဤအကျင့်ကိုမစွန့် နိုင်သရွေ့ သံသရာဆင်းရဲ၌ သဝဲလည်လည်ခံစားနေရမည်သာဖြစ်ပါသည်၊ ဆင်းရဲခြင်းဟူသမျှသည် ဤအကျင့်ကို မရှောင်နိုင်မှုမှစ၍ဖြစ်လေသည်၊
အဗြဟ္မစရိယာငါးပါးသီလကိုစောင့်ထိမ်း၍လည်းရ၏၊
(၆) ဝိကာလဘောဇန =နေလွဲညစာစားခြင်း
(ရ) နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ = ကခြင်း၊သီဆိုခြင်း၊တီးမှုတ်ခြင်း၊သာသနာ၏ဆန့် ကျင်ဖက်ဖြစ်သော ကြည့်ရှုခြင်း၊နားထောင်ခြင်း၊ပန်းပန်ခြင်း၊နံ့ သာလိမ်းခြယ်ခြင်း၊
(၈) ဥစ္စာသယနမဟာသယနာ = မြင့်မြတ်သောနေရာတွင် အိပ်ခြင်း၊နေထိုင်ခြင်း၊
ဝေရမဏိသိက္ခာပဒံ = ရှောင်ကြည်ရကြောင်းကောင်းမြတ်သောသိက္ခာပုဒ်ကို
သမာဒိယာမိ၊=ကောင်းစွာကျင့်သုံး ခံယူဆောက်တည်ပါ၏၊
ကိုးပါးသီလ
(၁) မှ (၈) အထိ ၈ ပါးသီလနှင့်တူသည်၊
(၉) ယထာဗလံ မေတ္တာသဟဂတေန စေတသာ သဗ္ဗဝန္ကံ လောကံ ဖရိတွာဝိဟရာမိ၊
အနက်
စွမ်းနိုင်သလောက် မေတ္တာနှင့် စိတ်ဖြင့် အလုံးစုံသော သတ္တဝါ အပေါင်းရှိသော သတ္တလောကကို ပျံ့ နှံ့ စေ၍ နေပါအံ့၊
ဆယ်ပါးသီလ
(၁) မှ (၉) အထိ ၉ ပါးသီလနှင့်တူသည်၊
(၁၀)ဇာတရူပရဇတပဋိဂ္ဂဟဏာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
အနက်
ရွှေငွေကို ကိုင်ခြင်း၊ခံယူခြင်း၊ စီမံခြင်းမှ ရှောင်ကြဉ်ပါ၏၊
သီလကိုဆင်ခြင်ပါ
သီလယူပြီးရင် မိမိသန္ကာန်၌ရှိသော သူတော်ကောင်းတရား ခုနစ်ပါးဖြစ်တဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ (အရှက်)၊ သြတ္တပ္ပ (အကြောက်) နဲ့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အောင့်မေ့ဆင်ခြင်ပါ၊
ရခဲလှသောလူ့ ဘဝ၊ကြုံခဲလှတဲ့ သာသနာတော်ကြီးနဲ့ ကြုံနေခိုက်မှာ သီလပါရမီဖြည့်ကြစမ်းပါ၊စောင့်နိုင်သမျှ တမိနစ်ရရ၊ တရက်ရရ အကျိုးများပါတယ်၊
သီလသည်အဆင်းမရှိသော်လည်း သီလရှိသူကို လှပစေသည်၊
သီလသည် အနံ့ မရှိသော်လည်း သီလ၏ရနံ့ သည်ပန်းရနံ့ အမျိုးမျိုးတို့ ထက်ပိုမို မွှေးကြိုင်၍နတ်ပြည်တို့ ၌ ပြန့် နှံ့သည်၊
သီလရှိသောသူတော်ကောင်းတို့ ၏ဂုဏ်သတင်းသည် အရပ်မျက်နှာအားလုံးကို မွှေးကြိုင်စေ၏၊
အဗြဟ္မစရိယ သီလပါရမီဖြည့်ခဲ့ သူများ
ဘုရားလောင်းနှင့်ယသောဓရာ အလောင်းတို့ သည် ဥဒယဘဒ္ဒမင်းသားနှင့် ဥဒယ ဘဒ္ဒမင်းသမီးဘဝကကာမဂုဏ်၌စိတ်မညွတ်ဘဲ အဗြဟ္မစရိယကို ပကတိဖြူစင်သော မေတ္တာဖြင့်သာ အသက်ထက်ဆုံးစောင့်စည်းနေထိုင်ခဲ့ကြတယ်။
ဘဒ္ဒါကာပိလာနီ နှင့်ရှင်မဟာကဿပ အလောင်း ပိပ္ပလိလုလင်သည် ဇနီးမောင်နှံဘဝရောက်သော်လည်း ကာမဂုဏ်ဆက်ဆံမှုဖြင့် မပေါင်းသင်းဘဲ သန့် ရှင်းသော မောင်နှမစိတ်ဖြင့် နေထိုင်ခဲ့ ကြတယ်၊
ကဿပဘုရားရှင်လက်ထက်တော်က ကီကီမင်းကြီးရဲ့ သမီးတော် ( ၇ ) ပါး ဖြစ်တဲ့
ခေမာထေရီအလောင်း
ဥပ္ပလဝဏ်အလောင်း
ပဋာစာရီ အလောင်း
ကုဏ္ဍလကေသာအလောင်း
ကိသာဂေါတမီအလောင်း
ဓမ္မဒိန္နာအလောင်း
ဝိသာခါအလောင်း တို့ သည် ငယ်ရွယ်စဉ်ကပင် အဗြဟ္မစရိယသိက္ခာပုဒ်ကို စောင့်သုံးလျက်အသက်ထက်ဆုံးနေထိုင်ခဲ့ကြသည်၊
အဗြဟ္မစရိယအကျင့်သည် သူတော်ကောင်းတို့ မြင့်မြတ်သူတို့ ၏အကျင့်သာဖြစ်သည်၊
သိကြားမင်းကရှစ်ခိုးရသူ
သိကြားမင်းက အရပ်ရှစ်မျက်နှာလှည့်လည်ရှိခိုးနေသည်ကိုမြင်သောအခါ မာတလိ နတ်သားက ”အရှင်သိကြားမင်း- အဘယ်သူကိုရှိခိုးပါသနည်း”လို့ မေးမြန်းရာ သိကြား မင်းက” အကြင်လူတို့ သည်ကုသိုလ်ကောင်းမှုကို ပြုလေ့ရှိကုန်၏၊ သီလနှင့်လည်း ပြည့်စုံကြကုန်၏၊ ရတနာသုံးရပ်ကိုလည်း ကိုးကွယ်ဆည်းကပ်ကြကုန်၏၊ တရားသဖြင့် သားမယားကိုမွေးမြူကြကုန်၏၊ ထိုသူတို့ ကိုငါရှိခိုးပါ၏” ဟုဖြေကြားသတဲ့ ၊

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့