Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 30 May 2012

ရင်နာစွာနဲ့ လမ်းခွဲလိုက်တယ်

တွယ်တာမြတ်နိုးစွာ
အခါခါရစ်ပတ်ထားလို့
တချပ်ချပ်ခုန်တဲ့နှလုံးသား
အပြုံးတစ်စသို့ရည်ညွှန်း
မျက်ဝန်းတစုံရဲ့ ညှို့ချက်ပါ........
လရောင်ဖြာသောည
အတွေးကလည်းနှိပ်စက်
အိမ်မတ်တွေကရက်ရွှေ့
ကိုယ်မမေ့နိုင်တဲ့အပြုံး
တစ်ဘ၀လုံးစာအတွက်သာ
အချစ်မှာကျရှုံးသွားတဲ့ငါ........
အပြာရောင်ကောင်းကင်သို့
ငါနဲ့မင်းဦးတည်ပြီးရွက်လွှင့်
ချစ်ခြင်းတွေနဲ့ရင်ဆိုင်
တွဲလက်တို့ခိုင်မယ်ထင်တဲ့ငါ
အရာရာတိုင်း ဖြစ်လာစေဖို့
ပျော်ရွှင်စွာနဲ့ မင်းဘဝ
ရှေ့ဆက်ရစေဖို့အတွက်
အဝေးသို့ထွက်ခွာ
အစဉ်သာမင်းလေးကို
ရင်နာစွာ ကျောခိုင်းခဲ့ပါပြီ...................။
                                                  

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့