Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 28 May 2012

ပြောသူမေ့သော်လည်း ခံရသူကတော့ မမေ့ပါ။

မကြာခဏဆိုသလို ကျွန်တော်သတိထားမိတယ်။စကားကိုလွှတ်ကနဲပြော တက်သူများရှိပါတယ်။
ကိုယ်က လူကြီးနေရာမှာပဲဖြစ်ဖြစ်အချင်းချင်းပဲဖြစ်ဖြစ်၊ သမီးရည်းစားပဲဖြစ်ဖြစ် လွယ်လွယ်နဲ့ ပြောချလိုက်သူတွေကို
လူတိုင်း တွေ့ ဖူးကြမှာပါ။ဒီလူတွေဟာ စိတ်ကိုရုတ်တရတ်မထိမ်းနိုင်လို့ ပါ။



သူတို့ ရဲ့ထစ်ဆိုတာနဲ့  ပြောချလိုက်မယ်ဆိုတဲ့ စိတ်ကြောင့်ဖြစ်ပါတယ်။ ကိုယ်ကလူကြီးဖြစ်နေရင် ပိုဆိုးပါတယ်။
လက်အောက်ငယ်သားများကို ချိုးချိုးးဖဲ့ဖဲ့ ပြောတက်သူများကိုလည်း မကြာခဏဆိုသလို တွေ့ ဖူးကြမှာပါ။
ဒါတွေဟာ စိတ်ကိုမထိမ်းနိုင်လို့ ဖြစ်ကြရတာပါ။ အချို့ ကအခုလို ပြောချလိုက်ပြီး စိတ်ထဲမှတော့ အမှတ်မထားတက်ပါ။


ဒါပေမယ့်လည်းပြောလိုက်တာ ပြင်းထန်လွန်းရင်းတော့ မကောင်းပါဘူး။

Xx ပြောသူမေ့သွားသော်လည်းခံရသူကတော့ ရုပ်တရက်မေ့ပစ်လိုက်ဖို့ မလွယ်ပါ xx

ဒါကြောင့် ကျွန်တော်တို့ စကားကိုလူတစ်ဖက်သားနဲ့ ပြောဆိုရာမှာ သတိလေးတော့ထားသင့်ပါတယ်။ငါပြောလို့ 
ရတယ်။ငါနိုင်လို့ ရတယ်ဆိုပြီး တစ်ဖက်သားကို ရင့်ရင့်သီးသီးပြောချ လိုက်တဲ့အကျင့်ကို ရှောင်သင့်ပါတယ်။
လူတော်တော်များများဟာ ဒီလိုပြောချလိုက်ရတာကို စိတ်ထဲမှာ ကျေနပ်သွားသလိုပါပဲ။


Xx တစ်ကယ်စဉ်းစာကြည့်ရင် နိုင်လို့ ရတဲ့သူကို နိုင်နေခြင်းဟာ တစ်ကယ်မှာဘာမှအရသာမရှိပါ။ xx


ပြန်မပြောနိုင်တဲ့သူကို အနိုင်ယူပြောနေခြင်းဟာ ကိုယ့်အတွက်ဘာမှအကျိုးမရှိပါ။ တန်းတူ အပြန်အလှန်ပြန်ပြော
နိုင်သူကို အချေအတင်ပြောတာကတော့ အဓိပ္ပာယ်ရှိပါတယ်။ သူကလည်းသူထင်တာ ကိုယ်ကလည်းကိုယ်ထင်တာ
ကိုပြောလို့ ရပါတယ်။


တစ်ဖက်သတ်ပြောလို့ ရတဲ့သူကို ပြောခြင်းဟာ မမျှတပါ။ ဒါကြောင့် ကျွန်တော်တို့  ကိုယ်ပြောလို့ ရတဲ့ သူကိုတစ်ဖက်
သတ်ပြောခြင်းအားဖြင့် ဘာမှအကျိုးမရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။ ခံရတဲ့သူကလွယ်လွယ်နဲ့ မမေ့တက်ပါ။
ပြန်မပြောရဲမပြောနိုင်လို့ သာ ရှိမယ်။ ရင့်သီးမှု့ ရဲ့ဒဏ်ကိုတော့ ခံလိုက်ရပါတယ်။


xx ထမင်းတစ်လုပ် တုတ်တစ်ချက်ဆိုသလို စောင့်ရှောက်တာတော့ရှိပါတယ်။ ပြောတာဆိုတာတွေ များနေရင်
စောင့်ရှောက်တာတွေလည်း အရာမထင်ဖြစ်မှာပါ။ ကိုယ်ကောင်းခဲ့တာတွေကို ကိုယ့်ရဲ့ရင့်သီးတဲ့အပြောအဆိုတွေက
အားလုံးကိုဖုံးလွှမ်း သွားပါလိမ့်မယ် xx


ပါးစပ်တစ်ပေါက်နဲ့ တော်တော်ဒုက္ခရောက်နေသူတွေ ၇ှိပါတယ်။ ပါးစပ်တစ်ပေါက်ကို အရသာခံပြီး ပြောလိုက်ရတာ
ဘာများအကျိုးရှိသလဲ စဉ်းစာကြည့်သင့်ပါတယ်။ ဒါကို အရသာလေးခံတဲ့ အကျင့်ရှိရင်လည်း ဖျောက်ဖျက်သင့်ပါတယ်။
အားလုံးကောင်းပါလျှက်နဲ့  ဒီပါးစပ်တစ်ပေါက်နဲ့  ဒုက္ခရောက်နေသူများကို သိစေလိုတာကြောင့် ရေးပြခြင်းဖြစ်ပါတယ်။


တစ်ကယ်မှာဒီလူတေါဟာ စိတ်ထားကောင်းရင်ကောင်းမယ်။ ဒါပေမဲ့ သူတို့ ရဲ့ကောင်းချက်တွေဟာ သူတိုရဲ့ မဆင်မခြင်
ပြောဆိုမှု့ တွေကြောင့် ပေါ်လွင်မှာမဟုပ်ပါ။ ဒါကြောင့် စကားကိုလက်လွတ်စပယ်မပြောခင်မှာ စဉ်းစားသင့်ပါကြောင်း..
နည်းနည်းဖြစ်ဖြစ် ကျန်မယ်ဆိုရင် ??????????????

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့