Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 30 May 2012

အာရုံ (၆)ပါး

http://www.nandathitsa.com/images/stories/6sense6.jpg
အမြဲသတိရှိ နေမယ် ဓမ္မပညာတွေလေ့လာကျင့်သုံးပြီး နှလုံးသွင်းမှန်နေမယ် ဆိုရင် အကုသိုလ်အလုပ်တွေကို ရှောင်နိုင်ပြီး ကုသိုလ်အလုပ်တွေပိုလုပ်မိလာလိမ့်မယ်၊

လောဘစိတ်၊ဒေါသစိတ်၊မောဟစိတ် ဆိုတဲ့ အကုသိုလ်စိတ်တွေ က ကိုယ်မှာရှိတဲ့ ဒွါရ ၆ ပါး ( မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ မနောဓာတ်) နဲ့  အပြင်ကဆိုင်ရာ အာရုံ ၆ ပါး ( အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အထိအတွေ့ ၊ ကြံစည်တွေးတောသောဓမ္မဓာတ်) အကြောင်းတိုက်ဆိုင်လိုက်လို့  ဖြစ်ပေါ်လာတဲ့  အသိဝိဥာဏ်စိတ်တွေ အပေါ်မှာ
(၁) သတိမရှိလို့ 
(၂) ဓမ္မ ပညာ မရှိလို့ 
နှလုံးသွင်း မမှန်လို့  အကုသိုလ်စိတ်တွေ  ဖြစ်ရတာ၊
ဥပမာ-လောကီ ကာမဂုဏ်ကို အားပေးတဲ့  ရုပ်ရှင်ဇာတ်လမ်းတွေကို ကြည့်ရှုရင် -
http://www.nandathitsa.com/images/stories/eyes.jpg
(၁)မျက်စိအကြည်ဓာတ် (စက္ခုပသာဒ) နဲ့ 
(၂)မြင်နိုင်တဲ့ ရုပ်ရှင်ဇာတ်ကား အဆင်း (ရူပါရုံ) ကို
(၃) မြင်နိုင်တဲ့ အလင်းရောင်ရယ်
(၄)မနသိကာရ ခေါ်တဲ့ အာရုံစိုက်နှလုံးသွင်းမှု ရယ်
ဆိုတဲ့ အကြောင်း ၄ ခု တိုက်ဆိုင် လိုက်လို့ ရုပ်ရှင်ကားကို မြင်ရတယ်ဆိုပါစို့ ၊
အဲဒီ့ ရုပ်ရှင်ကားကို စွဲလန်းနှစ်သက်မိရင် ဒါ လောဘစိတ်ဘဲ။
အဲဒီ့ရုပ်ရှင်ကားကို ကြည့်ပြီးဝမ်းနဲမိ ၊ ငိုမိရင် ဒါ ဒေါသစိတ်ဘဲ၊
လောဘစိတ်နဲ့ ကြိုက်လဲမကြိုက်၊ဒေါသစိတ်လဲ မဖြစ်ဘဲငိုလဲမငို၊ ဒါပေမဲ့ တရားအသိမရှိဘဲ ပျံ့ လွင့်တဲ့ စိတ်တွေဖြစ်နေရင် ဒါလဲ အကုသိုလ်မောဟစိတ်ဘဲ။
အဲဒီလိုဘဲ သီချင်းသံကို နားထောင်မိတဲ့အခါ
(၁) နားအကြည်ဓာတ် ( သောတပသာဒ) ရယ်
(၂) ကြားနိုင်တဲ့ သီချင်းသံ ( သဒ္ဒါရုံ) ရယ်
(၃) လေဖြတ်သန်းသွားနိုင်တဲ့ ဟင်းလင်းနယ် ( အာကာသဓာတ် ) ရယ်
(၄)မနသိကာရ ခေါ်တဲ့ အာရုံစိုက်နှလုံးသွင်းမှု ရယ်
ဆိုတဲ့ အကြောင်း ၄ ခု တိုက်ဆိုင် လိုက်လို့ သီချင်းသံကို ကြားရတယ်ဆိုပါစို့ ၊
အဲဒီ သီချင်းသံကို စွဲလန်းနှစ်သက်မိရင် ဒါ လောဘစိတ်ဘဲ။
အဲဒီ့သီချင်းသံကို ကြားပြီးဝမ်းနဲမိ ၊ ငိုမိရင် ဒါ ဒေါသစိတ်ဘဲ၊
လောဘစိတ်နဲ့ ကြိုက်လဲမကြိုက်၊ဒေါသစိတ်လဲ မဖြစ်ဘဲငိုလဲမငို၊ ဒါပေမဲ့ တရားအသိမရှိဘဲ ပျံ့ လွင့်တဲ့ စိတ်တွေဖြစ်နေရင် ဒါလဲ အကုသိုလ်မောဟစိတ်ဘဲ။
အဲဒီလိုဘဲ မွှေးကြိုင် တဲ့ အနံ့ ကို ရှုမိတဲ့အခါ
http://www.nandathitsa.com/images/stories/nose_by_pophoneybee.jpg
(၁) နားခေါင်းအကြည်ဓာတ် ( ဃာနပသာဒ) ရယ်
(၂) မွှေးတဲ့အနံ့  (ဂန္ဓာရုံ) ရယ်
(၃) အနံ့ ကိုဆောင်သော လေ ( ဝါတ ) ရယ်
(၄)မနသိကာရ ခေါ်တဲ့ အာရုံစိုက်နှလုံးသွင်းမှု ရယ်
ဆိုတဲ့ အကြောင်း ၄ ခု တိုက်ဆိုင် လိုက်လို့ အမွှေးနံ့ ကို ရှုရတယ်ဆိုပါစို့ ၊
အဲဒီ အမွှေးနံ့ ကို စွဲလန်းနှစ်သက်မိရင် ဒါ လောဘစိတ်ဘဲ။
အဲဒီ့အမွှေးနံ့ ကို ရပြီးမကြိုက်ရင်   ဒါ ဒေါသစိတ်ဘဲ၊
လောဘစိတ်နဲ့ မစွဲလန်း၊ ဒေါသစိတ်လဲ မဖြစ်၊ ဒါပေမဲ့ တရားအသိမရှိဘဲ ပျံ့ လွင့်တဲ့ စိတ်တွေဖြစ်နေရင် ဒါလဲ အကုသိုလ်မောဟစိတ်ဘဲ။
http://www.nandathitsa.com/images/stories/tounge_by_happyandbleeding.jpg
အဲဒီလိုဘဲ အလွန်ကောင်းတယ်ဆို တဲ့ အစာတခုကို စားမိတဲ့အခါ
(၁)လျှာအကြည်ဓာတ် ( ဇိဝှာပသာဒ) ရယ်
(၂) အရသာရှိ    တဲ့ အစာ (ရသာရုံ) ရယ်
(၃) လျှာရည်ဆိုတဲ့ ( အာပ)ရယ်
(၄)မနသိကာရ ခေါ်တဲ့ အာရုံစိုက်နှလုံးသွင်းမှု ရယ်
ဆိုတဲ့ အကြောင်း ၄ ခု တိုက်ဆိုင် လိုက်လို့ အရသာကို သိရတယ်ဆိုပါစို့ ၊
အဲဒီ အရသာကို စွဲလန်းနှစ်သက်မိရင် ဒါ လောဘစိတ်ဘဲ။
အဲဒီ့အရသာကို မကြိုက်ရင်   ဒါ ဒေါသစိတ်ဘဲ၊
လောဘစိတ်နဲ့ မစွဲလန်း၊ ဒေါသစိတ်လဲ မဖြစ်၊ ဒါပေမဲ့ တရားအသိမရှိဘဲ ပျံ့ လွင့်တဲ့ စိတ်တွေဖြစ်နေရင် ဒါလဲ အကုသိုလ်မောဟစိတ်ဘဲ။
အဲဒီလိုဘဲ အလွန်နူးညံ့တယ်ဆို တဲ့ အရာတခုကို ထိမိတဲ့အခါ
http://www.nandathitsa.com/images/stories/touch.jpg
(၁)ကိုယ်အကြည်ဓာတ် ( ကာယပသာဒ) ရယ်
(၂) နူးညံ့တဲ့အထိအတွေ့  (ဖောဋ္ဌဗ္ဗာရုံ) ရယ်
(၃) ခက်မာတဲ့ ပထဝီ (ထဒ္ဓ ပထဝီ)ရယ်
(၄)မနသိကာရ ခေါ်တဲ့ အာရုံစိုက်နှလုံးသွင်းမှု ရယ်
ဆိုတဲ့ အကြောင်း ၄ ခု တိုက်ဆိုင် လိုက်လို့ အထိအတွေ့ ကို သိရတယ်ဆိုပါစို့ ၊
အဲဒီ အထိအတွေ့ ကို စွဲလန်းနှစ်သက်မိရင် ဒါ လောဘစိတ်ဘဲ။
http://www.nandathitsa.com/images/stories/heart.jpg
အဲဒီလိုဘဲ မြင်ဘူးကြားဘူးသိဘူးတာတွေကို ပြန်တွေးမိတဲ့အခါ
(၁)ဘဝင်စိတ် (အိပ်နေရင်ဖြစ်နေတဲ့စိတ်) ဆိုတဲ့ မနောဒွါရ ရယ်
(၂)မြင်ဘူးကြားဘူးသိဘူးတာတွေကို ပြန်တွေးတဲ့ ပဉ္စာရုံ (သို့ ) ဓမ္မာရုံ  ရယ်
(၃)စိတ်ရဲ့ မှီရာဝတ္ထု ဖြစ်တဲ့ ဟဒယဝတ္ထု ရယ်
(၄)မနသိကာရ ခေါ်တဲ့ အာရုံစိုက်နှလုံးသွင်းမှု ရယ်
ဆိုတဲ့ အကြောင်း ၄ ခု တိုက်ဆိုင် လိုက်လို့ တွေးမှု ကြံ မှု တွေဖြစ်ရတယ်ဆိုပါစို့ ၊
အဲဒီ တွေးမှု ကြံမှုတွေကို စွဲလန်းနှစ်သက်မိရင် ဒါ လောဘစိတ်ဘဲ။
အဲဒီ့တွေးမှု ကြံမှုတွေကို မကြိုက်ပြန်ရင်   ဒါ ဒေါသစိတ်ဘဲ၊
လောဘစိတ်နဲ့ မစွဲလန်း၊ ဒေါသစိတ်လဲ မဖြစ်၊ ဒါပေမဲ့ တရားအသိမရှိဘဲ ပျံ့ လွင့်တဲ့ စိတ်တွေဖြစ်နေရင် ဒါလဲ အကုသိုလ်မောဟစိတ်ဘဲ။
သိပ္ပံပညာမှာ ပထမ  ၃ ချက်ကို ဖော်ပြနိုင်ပေမဲ့  ၄ အချက်ဖြစ်တဲ့ မနသိကာရ ခေါ်တဲ့ အာရုံစိုက်နှလုံးသွင်းမှု ကို သိပ္ပံပညာမှာမဖော်ပြနိုင်ဘူး။ အဘိဓမ္မာပညာမှာသာ ဖော်မြနိုင်တာ အဘိဓမ္မာရဲ့ ထူးခြားချက်ပါဘဲ။
သတိမမူ ဂူမမြင်ဆိုတာ နှလုံးသွင်းမှု မရှိလို့ ပါဘဲ။
အဲဒါကြောင့်
(၁) သတိရှိမယ်
(၂) ဓမ္မ ပညာ ရှိမယ်
(၃) နှလုံးသွင်း မှန်မယ် ဆိုရင် အကုသိုလ်စိတ်တွေ မဖြစ်အောင် လုပ်နိုင်ပြီပေါ့၊
ဘယ်လို လုပ်နိုင် မလဲ ဆို တာ သတိပဋ္ဌာန် အပိုင်း ကျရင် အသေးစိတ် ရှင်းပြပေးမယ်၊
အကုသိုလ်စိတ်တွေ နဲနိုင်သမျှ နဲပြီး ကုသိုလ်စိတ်တွေနဲ့  အမြဲ နေနိုင်ကြပါစေ၊
http://www.nandathitsa.com/images/stories/buddha04.jpg
ဒွါရ-၆(အခံဓာတ်) အာရုံ -၆(အတိုက်ဓာတ်) ဝိညာဏ်-၆(အပွင့်ဓာတ်)
စက္ခု ဓာတ်     ရူပဓာတ်     စက္ခု ဝိညာဏဓာတ်
သောတဓာတ်         သဒ္ဒဓာတ်   သောတ ဝိညာဏဓာတ်
ဃာနဓာတ်    ဂန္ဓဓာတ်    ဃာန ဝိညာဏဓာတ်
ဇိဝှာ ဓာတ်          ရသဓာတ်   ဇိဝှာ ဝိညာဏဓာတ်
ကာယ ဓာတ်    ဖောဋ္ဌဗ္ဗဓာတ်    ကာယ ဝိညာဏဓာတ်
မနောဓာတ်         ဓမ္မဓာတ်     မနော ဝိညာဏဓာတ်
ဤဓမ္မစာမျက်နှာမှ အဘိဓမ္မာဆိုင်ရာမေးခွန်းများအတွက်လေ့လာထားရန်၊
ဒီအပိုင်းက နောက်သတိပဋ္ဌာန်ကျင့်ရင် အရမ်းအကျိုးရလိမ့်မယ်၊
(၁) သတိမမူဂူမမြင်ဆိုတဲ့ စကားကို ရှင်းပြပါ၊
(၂) မြင်သိစိတ်ဖြစ်ရန်လိုအပ်ချက် ၄ ချက်ဖော်ပြပါ၊
(၃)ကြားသိစိတ် ဖြစ်ရန်လိုအပ်ချက် ၄ ချက်ဖော်ပြပါ၊
(၄) ရသာသိစိတ်ဖြစ်ရန်လိုအပ်ချက် ၄ ချက်ဖော်ပြပါ၊
(၅)အနံ့ သိစိတ် ဖြစ်ရန်လိုအပ်ချက် ၄ ချက်ဖော်ပြပါ၊
(၆)ထိသိစိတ်ဖြစ်ရန်လိုအပ်ချက် ၄ ချက်ဖော်ပြပါ၊
(၇)တွေးကြံစိတ်ကူးစိတ်ဖြစ်ရန်လိုအပ်ချက် ၄ ချက်ဖော်ပြပါ၊
(၈)လောဘ၊ဒေါသစိတ်များ နဲနိုင်သမျှနည်းအောင် ဘာလုပ်ကြရမလဲ၊

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့