Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 15 May 2012

ချစ်သူများ၏ ဆုံတွေ့ ရာ ကမ္ဘာတစ်ခု

ချစ်သူ နှစ်ဦးရဲ့ ဆုံနေကျနေရာ
အလွမ်းဒဏ်ရာတွေရဲ့
ဒိုင်ယာရီ မှတ်တမ်းနေရာ..
လူအတော်များများက.မသိကြပါဘူး.
ကောင်မလေးက..
လွမ်းတာတွေ ကဗျာရေးတယ်။
ကောင်ကလေးက..
ခံစားပြီး.ရုပ်ပုံဖော်တယ်။
အမှတ်မထင်.လာရောက်ဖြစ်သူ..
ခံစားကြည့်ပါ.. ဘယ်သူက ပိုချစ်တာ..
ရေးချင်ရေးခဲ့ပါ။ ထင်မြင်တဲ့ အချက်..
သူတို့ တတွေမှာ.ရှိတာက.
မျှော်လင့်ချက်လေးတစ်ချက်
တနေ့ တူတူ နေချင်ကြတယ်။
ဘယ်တော့ ဘယ်အချိန်..
ဘယ်နေရာ..နှစ်ဦးစလုံး မသိကြပါဘူး..
ကံကောင်းထောက်မ နေနိုင်မယ်.
မနေနိုင်မယ်..ဘယ်သူမှမပြောနိုင်ကြပါဘူး..
တကယ်လို့ ..ကဗျာလေးတွေဘဲ တွေ့ ပြီး.
ပုံကလေးတွေ မဲ့နေရင်..
ကောင်လေး ဒီလောကထဲက ပျောက်သွားတာပါ။
ပုံလေးတွေဘဲတွေ့ ပြီး ကဗျာမဲ့နေရင်..
ကောင်မလေး ဒီလောကထဲက ပျောက်သွားတာပါ။
မျှော်လင့်ပါတယ်..
မသေခင်..တူတူနေနိုင်ဖို့ ပါ။
မသိနိုင်တဲ့ ကံကြမ္မာအတွက်..
သူတို့ နှစ်ယောက်မှာ
ခုခံဖို့ သစ္စာ လက်နက်ဘဲရှိပါတယ်။
ချစ်တတ်သူများ အားလုံး..
ဝိုင်းပြီးများ..ဆုများတောင်းပေးနိုင်မလား။
ကောင်မလေးက..မျှော်နေပါတယ်။
ကောင်လေးက..အလုပ်လုပ်ငွေစုနေပါတယ်။
တနေ့ နေ့ မှာတော့..
သူတို့ တတွေ နှစ်ယောက်….
အပြာရောင် မိုးသားကြီးအောက်မှာ ?
အချစ်ခံစားချက်
လူတိုင်းအမှားလုပ်တတ်ကြတယ်
တကယ်လို့ လူတစ်ယောက်ကို သင်လေးလေးနက်နက်ချစ်ရင်
သူ ဘယ်လိုပဲ သင့်ကိုဆက်ဆံဆက်ဆံ
သူ ဘာအမှားပဲ လုပ်လုပ်
အကြောင်းပြချက်အမျိုးမျိုးနဲ့
သူ့ကို သင်ခွင့်လွှတ်တတ်တယ်။
တကယ်လို့ လူတစ်ယောက်ကို သင်မချစ်တော့တဲ့အခါ
သူပြောတဲ့စကား တစ်ခွန်းလေးမှားရုံနဲ့
လမ်းခွဲပြတ်စဲဖို့ သင်ချက်ချင်းဆိုတတ်တယ်။
ဒါကြောင့်
သင့်ရဲ့အမှားလေးတစ်ခုကို လက်ညိုးထိုးပြီး လမ်းခွဲပြတ်စဲတဲ့လူတစ်ယောက်ဟာ
သင့်အမှားကြောင့် သင့်ကိုခွဲသွားတာ မဟုတ်ဘူး
သင့်ကို မချစ်တော့လို့ ခွဲသွားတာဖြစ်တယ်။
ဒီလိုကိစ္စမျိုးနဲ့ကြုံတဲ့အခါ
တစ်ဘက်သားကို ခွင့်လွှတ်နားလည်ပေးလိုက်ပါ
မချစ်တော့လို့ အချစ်ကို အပြစ်ရှာတယ်
ချစ်လို့ အပြစ်ကို အချစ်လို့မြင်တယ်
ဒါဟာ အချစ်ရဲ့အတိမ်အနက်နဲ့ပဲ ဆိုင်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့