Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 8 May 2012

အချစ်ဆို ဘာလဲ????

ပင်လယ်ကို အရမ်းချစ်တဲ့ လူတစ်ယောက်က အားတိုင်း မကြာခဏဆိုသလိုပင်လယ်ပြင်ကို သွားကြည့်ခဲ့တယ်။
ပင်လယ်ပြင်ကို ကြည့်ပြီး စကားတွေပြောနေတတ်တယ်။ တစ်နေ့တော့ သူက ပင်လယ်ကို ကြည့်ပြီး "ပင်လယ်...
ငါမှာဖြင့်နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကိုအချစ်နည်းနည်းပေးပါ ပင်လယ်...


ငါလာတိုင်း ငြိမ်ပြီး နေမပြပါနဲ့"လို့ပြောတော့ ပင်လယ်က ခဏလောက် တွေဝေသွားပြီး.....

"ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား"


"ဟုတ်တယ်... နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ"



"ဒါပေမယ့်... နင်ခံနိုင်ရည် ရှိပါ့မလား"


"ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကိုငါစောင့်နေတယ်"



ပင်လယ်က အဝေးကနေ လှိုင်းထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်လာခဲ့တယ်။


လှိုင်းတွေ ကမ်းခြေကို မရောက်ခင်မှာဘဲ သူဟာလန့်ပြီး ထွက်ပြေးသွားခဲ့တယ်။


ပင်လယ်က စိတ်ထိခိုက်ပြီး ကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီး မျက်ရည်တွေကျနေခဲ့မိတယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က

မြင်လိုက်တယ်။


အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ ပင်လယ်ကို ချစ်တဲ့လူနောက်တစ်ယောက် ထပ်ရောက် လာခဲ့တယ်။

သူလည်း ပင်လယ်ကို အရမ်းချစ်ပြီးပင်လယ်ဘေးမှာပဲ သူ့အချိန်တွေကို ကုန်စေခဲ့တယ်။ တစ်နေ့မှာ သူလည်း
ဟိုအရင်ကတစ်ယောက်လိုပဲ ပင်လယ်ကို ပြောခဲ့တယ်။"ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ"


ပင်လယ်က တစ်ခါခံထားရဖူးတော့ အချစ်ကို သက်သေပြရမှာ ကြောက်နေခဲ့တယ်။


သူကလည်း ပင်လယ်ကို အချစ်တွေ ပေးပါ..ပေးပါလို့ မကြာခဏ တောင်းဆိုနေတော့
နောက်ဆုံးမှာ ပင်လယ်က
" ငါ့အချစ်တွေကို နင်တကယ်ယူမလား...ငါ့အချစ်ကပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား"


အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီးယုံကြည်မှုအပြည့်နဲ့ " လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ"

လို့ ပြောတယ်။

ပင်လယ်က အဝေးကနေ လှိုင်းတွေထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်သွားတယ်။လှိုင်းတွေ ကမ်းနားရောက်လာပြီ

ဆိုရင်ပဲ သူဟာ လှိုင်းတွေကို အားပါးတရပွေ့ဖက် လိုက်တော့တယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ " သူဟာ
အချစ်ကိုနားလည်တဲ့လူပဲ။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေလူကိုမထိခိုက် မနာကျင်စေဘူး
လေ" လို့ တစ်ကိုယ်တည်း ပြောနေတော့တယ်။


အဲဒီလိုနဲ့ ပင်လယ်ချစ်သူက ပင်လယ်နဲ့ အတူတူနေလာတာ ကြာတော့ တစ်နေ့မှာ သူက"ပင်လယ်.. နင့်ကိုငါ မချစ်တော့

ဘူး..... နင့်ရဲ့အချစ်က ငြိမ်လိုက်....လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တစ်ခြားအပြောင်းအလဲလေးတောင် မ
ရှိတော့ဘူးလား... ငါသွားတော့မယ်" ဆိုပြီး ပင်လယ်ကိုထားရစ်ခဲ့ပြန်တယ်။ ပင်လယ်က အရမ်း စိတ်ထိခိုက်ပေမယ့်လည်း
သူ့ကိုမတားဖြစ်ခဲ့ဘူး။ ဒါကို တိမ်က မြင်လိုက်တယ်။ သူလည်း ပင်လယ်ကိုချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား...


" မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့ မထိုက်တန်ပါဘူး...ငါသိတယ်" တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။


" နင့်သိတယ်..နင်ဘာကို သိတာလဲ" ပင်လယ်က တအံ့တသြ ပြန်မေးတယ်။



"သူတို့က နင့်ရဲ့ အပေါ်ယံကိုပဲ ကြည့်ပြီး ချစ်ခဲ့ကြတာ...နင့်ရဲ့အတွင်းစိတ်ကို ချစ်ဖို့ နားမလည်ခဲ့ကြဘူး။ တကယ်လို့ သူတို့

ကနင့်ကို နားလည်မယ်၊ တကယ်ချစ်တတ် ခဲ့မယ်ဆိုရင် ပင်လယ်အောက်မှာ ရှုမငြီးတဲ့အဖိုးတန်ရှုခင်း တွေဟာ သူတို့အ
တွက် နင်ဖန်တီးထားတယ် ဆိုတာကိုသူတို့ခံစားကြရမှာပေါ့"


တစ်ချိန်တုန်းက ကိုယ်ဟာ လူတွေ မချစ်တတ်ခဲ့တဲ့ ပင်လယ်လား...? ဒါမှမဟုတ်ပင်လယ်ကို မချစ်တတ်ခဲ့တဲ့ လူလား...

.?ပင်လယ်ဖြစ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်မှာ လူတွေ မခံစားခဲ့ရတဲ့လှပတဲ့ အတွင်းစိတ်တွေရှိမယ်။ ပင်လယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့