Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 27 May 2012

အိပ်မက်အကြောင်း ဗဟုသုတရစေရန်အလို့ငှာ ..

၁) အယူသီးနေလို့လား…
၂) အခါကောင်းစောင့်ပြီးလုပ်ရမှတော့ ဒီခေတ်ဒီကာလ သူတစ်ပါး နောက်…ကျန်ရစ်ရုံပေါ့…
၃) ကောင်းမှုကုသိုလ်လုပ်တာဘဲဗျာ…ဘာအခါရွေးစရာလိုလဲ ၊ ကောင်းတာ လုပ်နေတဲ့သူ တစ်ယောက်အတွက်…လုပ်သမျှအချိန်တိုင်း အခါကောင်းပေါ့…
၎) လုပ်စရာရှိ သွက်သွက်လုပ်…အချိန်တွေ…အခါတွေ…စောင့်မနေနဲ့… ဒီခေတ်မှာ ဒီအယူအဆ မရှိသင့်ဘူး…
   . . .    


လူသားအားလုံးသည် အိပ်မက် မက်မြင်နိုင်သော ဓာတ်တခုရှိသည်။ အချို့သောအခါတွင် ဗေဒင်၊ နက္ခတ် မင်္ဂလာအခါပေးခြင်း မကျရောက်လင့်ကစား အိပ်မက်ကောင်းမြင်မက်ခြင်း၊ နိမိတ်ကောင်း ရရှိခြင်း ကြုံလေသော်…ဤကား ဆောင်ရွက်ရန် အခါ ကျရောက်ပြီဟူ၍ ယူကာ မဆုတ်မနစ် ကျိုးပမ်း၍ အောင်မြင်ခြင်း သာဓကများစွာရှိပါသည်။

အရှင်ဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားလောင်းဘဝ သိဒ္ဓမင်းသားအနေမှ ဒုက္ကစရိယာကို ခြောက်နှစ်ကြာအောင် ကျင့်ကြံ တော်မူခဲ့သည်။ လူတို့၏ သက္ကရာဇ် ၁ဝ၃ခုနှစ် ကဆုန်လဆန်း တစ်ဆယ့်လေးရက် အင်္ဂါနေ့ညဥ့်တွင် အိပ်မက်ကြီးငါးပါးကို မြင်မက်တော်မူသည်။

၁) ယူဇနာ ၅ဝဝ ရှိသော ဟိမဝန္တာတောင်ကြီးကို ခေါင်းအုံးလျက် အရှေ့-အနောက် မဟာသမုဒ္ဓရာအပေါ်တွင် လက်တော်ကို ထားပြီသော်၊ ခြေတော်အစုံကို တောင်သမုဒ္ဓရာ၌ ဆန့်ထားပြီး စက်တော်ခေါ်ရသည်ဟု မြင်မက်၏။

၂) နီမြန်းသော အဆင်းရှိသည့် မြက်သည် ချက်တော်မှ ဖောက်၍၊ အဆုံးမရှိအောင် မြင့်လျှက် တက်သည်ဟု မြင်မက်၏။

၃) ဖြူသော အဆင်းရှိသည့် ပိုးမျိုးတို့သည် ခြေတော်မှ ပုဆစ်တိုင်အောင်လွှမ်း၍ တက်သည်ဟုမြင်မက်၏။

၎) အတူးတူးသော ငှက်အပေါင်းတို့သည်အရပ်လေးမျက်နှာမှ လာကုန်ပြီးလျှင် ခြေတော်ရင်း၌ သက်ဆင်းကျရောက်ကုန်သော် အလုံးစုံ အဖြူချည်းသာဖြစ်သည်ဟု မြင်မက်ခြင်း။

၅) ကြီးပြင်းလှစွာသော မစင်တောင်ထက်သို့ တက်၍ စင်္ကြန်ကြွသွားသော်လည်း မစင်ပေကျံကပ်ငြိခြင်းမရှိသည်ကို မြင်မက်ခြင်း။

ဤငါးပါးသော အိပ်မက်ကို့ကို မြင်မက်လေသောအခါ ဆင်ခြင်တော်မူသည်မှာ

''ငါသည် ယနေ့ပင်စတင် ဘုရားဖြစ်ပေအံ့''ဟု ဆုံးဖြတ်တော် မူလေသည်။

သက္ကရာဇ် ၁ဝ၃-ခုနှစ် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့သည် အချိန်အခါကောင်းဖြစ်ပေရာ ဘုရားမဖြစ်သမျှ ငါမထဟူသော စိတ်မာန်ဟုန်နှင့် ကြိုးပမ်းလေသော် ၄င်းနေ့အကုန် အရုဏ်တက်သည်နှင့် စန်း ဝိဿခါယှဉ်ချိန်တွင် ဘုရားအဖြစ်သို့ ရောက်တော်မူ၍ အောင်ခြင်းကို ရပေသည်။

ထိုအချင်းအရာကို ပမာထုံး ပြုလေသော် အိပ်မက်အလို့သည် တင်ကြို၍ ရှေ့ပြေးပြသော နိမိတ်ဖြစ်သည်ဟု ကောက်ချက်ချနိုင်ပေသည်။ ပုဗ္ဗနိမိတ်အားဖြင့် မြင်မက်သော အိပ်မက်သည် သေချာမုချအကျိုးပေးသည်။ အခါပေးအိပ်မက်မျိုးဟု ယူဆရမည်ဖြစ်သည်။

အခါပေးအိပ်မက်ဟူသည်မှာ
၁။ တစ်စုံတစ်ရာကိုမှ စွဲလန်းခြင်းမရှိဘဲ မြင်မက်ခြင်း
၂။ ထိတ်လန့်ခြင်းကို အကြောင်းပြု၍ မြင်မက်ခြင်း
၃။ မြင်ဘူး၊ ကြားဘူးသည်ကို စွဲလမ်း၍ မြင်မက်ခြင်း
၎။ ဝမ်းမြောက်ဝမ်းသာမှုကို အကြောင်းပြု၍ မြင်မက်ခြင်း
၅။ ဝမ်းနည်း ကြေကွဲခြင်းကို အကြောင်းပြု၍ မြင်မက်ခြင်း
၆။ ဥတုရာသီကြောင့် သော်လည်းကောင်း၊ ပူခြင်း၊ အေးခြင်းဖြင့်လည်းကောင်း၊ ဓာတ်ကြီးလေးပါး၏ ဖောက်ပြန်မှုကြောင့် မြင်မက်ခြင်းဟူ၍…


အိပ်မက် မြင်မက်ခြင်းအကြောင်း (၆) ပါးရှိကုန်၏။ 

၎င်းတို့အနက်မှ အမှတ်စဉ် (၁) ဖြစ်သော တစ်စုံတစ်ရာကိုမျှ စွဲလန်းခြင်းမရှိသောအိပ်မက်မျိုးသည် ပုပ္ပနိမိတ်ကို ဆောင်၍ ထူးခြားစွာ အခါကောင်းအချိန် ကောင်းအဖြစ် နိမိတ်ယူကာ အကျိုးရှိအောင် သုံးစွဲရမည်ဖြစ်သည်။


အိပ်မက်မှ သိသင့်သော အချိန်အခါ(၅) မျိုးရှိပါသည်။

၁။ ညဥ့်၏ ပထမယံတွင် မြင်မက်သောအိပ်မက်သည် လပိုင်း၊ နှစ်ပိုင်းအတွင်း အကျိုးဖြစ်၏။

၂။ ဒုတိယံတွင် မြင်မက်သောအိပ်မက်သည် (၆) လအတွင်း အကျိုး၊ အပြစ်ပေး၏။

၃။ တတိယညဥ့်ယံတွင် မြင်မက်သော အိပ်မက်သည် (၃) လအတွင်း အကျိုးဖြစ်၏။

၎။ စတုတ္ထညဥ့်ယံတွင် မြင်မက်သောအိပ် မက်သည် တစ်လအတွင်း အကျိုးပေး၏။

၅။ အရုဏ်တက်ဆဲဆဲ မြင်မက်သောအိပ်မက် သည်ကား နောက်နေ့မှစ၍ (၁ဝ) ရက်အတွင်း အကျိုးပေး၏။

ဤသို့ အိပ်မက် မြင်မက်သောအချိန်နှင့် ၄င်း၏ အကျိုးပေးမှု အချိန်ကာလ ကို ခွဲခြားပေးထားသည်ကို ''သုဝိနာဓျကျမ်း''တွင် ဖော်ပြထားသည်။ စာပေကျမ်းဂံ၏ အလိုအားဖြင့် .....

ညဥ့်ယံ၏ ပထမယံနှင့် မဇ္ဈိမယံများတွင် မြင်မက်သော အိပ်မက်သည် ကောင်းကျိုး ဆိုးကျိုးမပေး။ လင်းအားကြီး အရုဏ်တက်ဆဲဆဲကာလတွင် မက်မြင်သောအိပ်မက်မျိုးသည်သာ နိမိတ်ကောက်ယူပေ၊ အကျိုးအပြစ် ဝေဖန်ခြင်း ပြုအပ်သည်ဟူ၍ ဆို၏။ 

ထို့ကြောင့် လင်းအားကြီးတွင် စတင်မက်မြင်သော အိပ်မက်ကို နိမိတ်ယူ၍ (၁ဝ) ရက်အတွင်း ဆောင်ရွက်က အခါကောင်းမိသည်
ဟု ဆိုရပါအုံးမည်။ ထို့ အပြင် နေ့အလိုက်မြင်မက်သော အိပ်မက်အလိုက် မည်သူ့အတွက်ဆိုသော အယူအဆရှိကလည်း ရှိပါသေးသည်။

၁) တနင်္ဂနွေတွင် မြင်မက်မူ ဇနီးမယားအတွက်
၂) တနင်္လာနေ့တွင်မြင်မက်သော် ဆွေမျိုးအတွက်
၃) အင်္ဂါနေ့တွင်မြင်မက်မူ မိမိအတွက်
၎) ဗုဒ္ဓဟူးနေ့တွင်မြင်မက်မူ အဆွေခင်ပွန်းအတွက်
၅) ကြာသပတေးနေ့တွင် မြင်မက်မူ ဆရာသမားနှင့် အဆွေခင်ပွန်းအတွက်
၆) သောကြာနေ့တွင်မြင်မက်မူ သားသမီးတပည့် လက်အောက်ငယ်သားအတွက်
၇) စနေနေ့တွင်မြင်မက်မူ ကိုယ့်အတွက်

ဟူ၍ မှတ်ယူရရန် ''အကုံရ-ရသေ့'' စီရင်အပ်သော ကျမ်းတွင် ဆိုရေးထား၏။

ထို့ကြောင့် အိပ်မက်မြင်မက်သောနေ့အလိုက် မည်သူ့အတွက်ဖြစ်သည်ကို သိအပ်ပေသည်။ အင်္ဂါနေ့နှင့် စနေနေ့တွင် လင်းအားကြီး၌ မြင်မက်သော အိပ်မက်နိမိတ်ကို ယူ၍ တစ်စုံတစ်ရာ ဆောင်ရွက်ရန်အခါမလင့်သင့်ပါ။ ပိုးလောက်ကောင်၊ မစင်၊ ရေလှိုင်း၊ မီးတောက်၊ မြွေ စသည့် နိမိတ်ပုံမျိုး ထိုနေ့များတွင် မက်မြင်လေသော် ချက်ခြင်းနေ့မဆိုင်းဘဲ ထီထိုး၍ ထီပေါက်သောအခကို အသုံးပြုပြီး ဆုကြီးရသူများလှပေပြီ။

အခါပေးခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဝါဒအမျိုးမျိုးရှိပါသည်။ အချို့သော နေရာများတွင် ကျမ်းတစ်မျိုးနှင့် နောက်တစ်မျိုး တူသလို အချို့သော အခါပေးမှု အယူအဆတွင် ဆန့်ကျင်ဘက်များပင် ဖြစ်ပေရာ အခါပေး ဆရာများ အနေဖြင့် ကျမ်းအစောင်စောင်နှင့် ညှိနှိုင်းပြီးမှ အခြေခံခိုင်လုံသော ကျမ်းကို မူတည်၍ အချိန်အခါကို သတ်မှတ်အခါပေးခြင်းသည် နည်းလမ်းမှန်ဖြစ်ပေမည်။

၁) အယူသီးနေလို့လား…
၂) အခါကောင်းစောင့်ပြီးလုပ်ရမှတော့ ဒီခေတ်ဒီကာလ သူတစ်ပါး နောက်…ကျန်ရစ်ရုံပေါ့…
၃) ကောင်းမှုကုသိုလ်လုပ်တာဘဲဗျာ…ဘာအခါရွေးစရာလိုလဲ ၊ ကောင်းတာ လုပ်နေတဲ့သူ တစ်ယောက်အတွက်…လုပ်သမျှအချိန်တိုင်း အခါကောင်းပေါ့…
၎) လုပ်စရာရှိ သွက်သွက်လုပ်…အချိန်တွေ…အခါတွေ…စောင့်မနေနဲ့… ဒီခေတ်မှာ…ဒီအယူအဆမရှိသင့်ဘူး…
ဟူ၍ ပြောဆိုကြသော သူများ အနေဖြင့်ကား ကမ္ဘာကျော်သိပ္ပံပညာရှင်များ အသီးသီး၏ ဖြစ်ရပ်များထဲမှ အချို့ သော ပုစ္ဆာများအား အိပ်မက်နိမိတ်ဖြင့် အဖြေရှာနိုင်ခဲ့သော အဖြစ်အပျက်များစွာတို့ ကို မျက်ကွယ်ပြုနေကြသူများ သာဖြစ်ပါကြောင်း .....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့