Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

ရွှေလီ-မန်စံ ဓာတ်အားလိုင်း ပြင်ဆင်မှု နောက်ဆုံးရ သတင်း-ဓါတ်ပုံ


(၁၈/၁၉-၅-၂၀၁၂)ရက် နေ့ များ တွင်၂၃၀ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်း 
တိုင်အမှတ် ၇၃၊၂၀၇၊၂၀၈ နှင့်၂၀၈ တာဝါတိုင် (၄)တိုင်အား မိုင်းခွဲ ဖျက်ဆီးခံရ
မှုမှ အပျက်အစီးများမှာ----

တာဝါတိုင်အမှတ်(၇၃)သည် တိုင်ခြေထောက်(၄)ချောင်း ပေါက်ထွက်ပျက်စီးသွားပါသည်။

တာဝါတိုင်အမှတ်(၂၀၆)သည် တိုင်အရင်းမှ(၄)ချောင်လုံး ပြတ်ထွက်သွားပြီး မူလနေရာမှ
(၁၀)ပေခန့် အကွာသို့ လဲပြိုကျသွားပါသည်။

တာဝါတိုင်အမှတ်(၂၀၇)သည် တိုင်အရင်းမှ(၄)ချောင်လုံး ပြတ်ထွက်သွားပြီး မူလနေရာမှ
(၁၅)ပေခန့် အကွာသို့ လဲပြိုကျသွားပါသည်။

တာဝါတိုင်အမှတ်(၂၀၈)သည် ကြွေသီးများ ပျက်စီးသွားပါသည်။

ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ (၀.၀၇၇) သန်းခန့် ဖြစ်ပါသည်။

၂၃၀ ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်းတိုင်(၄)တိုင်မိုင်းခွဲဖျက်ဆီးခံရသည့် ပျက်စီးမှုအား
 ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေ

ဒုတိယအင်ဂျင်နီယာချုပ် တစ်ဦး ဦးဆောင်၍ အဖွဲ့ဝင် (၂၈)ဦးပါသော အဖွဲ့အမှတ်(၁)
ဒုတိယအင်ဂျင်နီယာချုပ်တစ်ဦး ဦးဆောင်၍ အဖွဲ့ဝင် (၁၄၅)ဦးပါသော အဖွဲ့အမှတ်(၂)
စုစုပေါင်း အင်အား၁၇၀ ဦးပါဝင်သော အဖွဲ့သည် (၁၉-၅-၂၀၁၂) ရက်နေ့မှစတင်၍ 
တာဝါတိုင်များ အစားထိုး ပြုပြင်ခြင်း လုပ်ငန်းကို အမြန်ဆုံးကြိုးစားဆောင်ရွက်
လျက်ရှိပါသည်။
လိုအပ်သော တာဝါတိုင်များ၊ ဘိလပ်မြေ၊သဲ၊ကျောက်၊သံချောင်း နှင့် စက်ကိရိယာများကို
 ပြုပြင်ရမည့်ဒေသသို့ အားလုံးရောက်ရှိရန် ပို့ဆောင်ပြီးဖြစ်ပါကြောင်းသတင်းရရှိပါသည်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့