Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 6 May 2012

ကြည့် ကြမလား ဂျပန်က ဆင်ဖြူတော်

ဒီနေ့  ကျမကို အိမ်ရှင်ဂျပန်ကြီးက ဆင်ဖြူတော် သွားကြည့်မယ်ပြောတော့ အံ့သြသွားတယ်။
 
ဂျပန်မှာ ဆင်ဖြူတော်ပေါ်တယ်လည်းမကြားပါဘူး လို့ တွေးမိပါတယ်။
 
ဇဝေဇ၀ါ နဲ့ ပဲ  ဆင်ဖြူတော်ရှိတယ်ဆိုတဲ့  Yoshihamaမြို့ ကို လိုက်လာရတယ်။
 
ဟော --တွေ့ ပါပြီ။ သူ့ ဆင်ဖြူတော်က ဒီလိုလား--
 
 
ဒီဆင်ဖြူတော်ရုပ်ပေါ်မှာ ဘုရားကျောင်းဆောင်တင်ပြီး မူလတန်း ကလေးတွေက
 
လှည်းကိုဆွဲပြီး အတီးအမှုတ်တွေနဲ့  မြို့ကို လှည့် လည် ကြတာပါ။
 
 
 ဒီလို လုပ်တာ အန္တာရယ် ကင်းတယ် လို့ သူတို့ ယူဆကြပါတယ်။ေ
 
နာက်ပြီး သူတို့ အရပ်ဒေသမှာရှိတဲ့ ရိုးရာဓလေ့ တွေကို ဧည့်သည်တွေ ပိုသိအောင်ရည်ရွယ်တာပါ။
 
Yoshihama မြို့ က တကယ်ကို အေးချမ်းသပ်ယပ်တဲ့မြို့ လေးပါ။
 
သန့် ရှင်းတာကတော့ ဂျပန်မြို့ တွေထုံးစံအတိုင်း ပဲပေါ့။
 
သူတို့ လုပ်တဲ့ပွဲလေးက မကြီးကျယ်ပေမယ့်  မှတ်တမ်းရိုက်တဲ့  သူတွေလည်းလာကြတယ်လေ။
 
ကလေးတွေကလည်း ငယ်ပေမယ့်  တူရိယာတွေကိုတောင်မှုတ်နိုင်ကြတယ်။
 
ကြည့်ရတာ ပျော်စရာကောင်းတဲ့  ပွဲတော်ငယ်လေးရဲ့  ပုံလေးတွေကြည့် ရအောင်နော် --
 
 ရပ်မိရပ်ဖတွေကလည်း  ဖွင့်ပွဲလေးမှာ မိန့် ခွန်းပြောကြတယ်။
 
 
 
စောင့် ဆိုင်းနေကြတဲ့ ဆင်ရုပ် ၀တ်စုံလေးတွေနဲ့ ကလေးတွေ
 
 
ပွဲကြည့်ပရိသတ်တွေလည်း လာကြတယ်
 
 
အတီးအမှုတ်တွေနဲ့  စတင် လှည့် လည်ပါပြီ
 
ဆင်ရုပ်ကို ကြိုးဆွဲလာကြတဲ့ ကလေးတွေ
 
ကလေးတွေနောက်ကမှ လူကြီးတွေက ထိန်းပြီး လိုက်လာကြတယ်
 
 
သူတို့ မြို့တပတ်ပတ်နေတုန်း ဘုရားဝင်ဖူးမယ်
 
 
မြတ်စွာဘုရား ရုပ်ထုတော်
 
 
ပန်း၊ရေ၊ဆီမီး ပူဇော်ကြမယ်။
 
 
ဘုရားရှင် ဒုက္ကထစရိယ ကျင့်နေပုံ
 
 
သူတို့ ဆီက ရုပ်သေးရုပ် သရုပ်ဖော်တွေ
 
 
ဘုရားကျောင်းရှေ့ ကဈေးတန်းလေးပါ။
 
 
ကြည့်ရတာစုံသွားပြီဆိုတော့  Yoshihamaမြို့ရဲ့ နာမည်ကျော် Torimeshi စားပြီးပြန်တော့မယ်--
 

                                                                          
မေတ္တာမွန်ဖြင့် 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့