Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

“ ချစ်စစ်မေတ္တာ ”

လောကတွင် လူသားတို့သည် မိုးလင်းတာနဲ့အမျှ ဘာကိုစပြီး လုပ်ကိုင်ကျပါသလဲ တနေ့တာ နေ့ရက်တွေဟာ
အိပ်ခြင်း စားခြင်းတွေနဲ့အချိန်တွေကို ကုန်လွန်စေမှာလား ဘ၀ဆိုတာ ခဏလေးပါ။


ပထမအရွယ် ပညာရှာရပေသည်။ ဒုတိယအရွယ်မှာ ဥစ္စာရှာရပေမည် တတိယအရွယ်မှာတော့ သံသရာနောင်ရေး
ရင်အေးရအောင် ဒါန သီလ ဘာဝနာကိုရှာရမယ်မဟုတ်လား ... ပုထုဇဉ် လူသားမို့ အချစ်ဆိုတာလဲရှိဖို့လိုအပ်
လာပြန်တယ်။ အချစ်ဆိုတဲ့ နေရာမှာ ဘ၀လက်တွဲဖေါ် လို့ပြောရင် ပိုအဆင်ပြေပါမည်။


ချစ်တယ်ဆိုတာ တကယ်တော့ရယူလိုမှူရယ်ပါ....ဘ၀လက်တွဲဖေါ်လို့ပြောလိုက်တာနဲ့ သူနောက်ကသင်္ကေတ
တွေ များစွာရှိပေသည်။ လောကတွင် တွေ့ရင် ချစ်မယ် ချစ်ပြီးရယူမယ် လိုတာရပြီး ရတာမလိုမလိုတဲ့အချိန်မျိုးမှာ
အချစ်ဆိုတဲ့အပ်ပရိတ် မကုန်သင့်ပါ။ ဘ၀လက်တွဲဖေါ်ဆို တာတကယ်တော့ နားလည်မှုအပြည့်ရှိကျမယ်ဆိုရင်
ပါရမီဖြည့်ဘက်တွေပါဘဲ ...



တဦး အလိုကို တဦးကအလိုက်သိစွာ ဆောင်ရွက်ပေးချင်းမျိုးသည် ဘ၀တွင် အေးတူပူမျှဆိုတဲ့စကားရပ်လေးနဲ့
လိုက်ဖက်ပါသည်။ လူသားဖြစ်လို့အချစ်ဆိုတာမကင်းနိုင်သေးသော်လဲ ဘ၀ဆိုတဲ့ ဇာတ်ခုံပေါ်မှာ အနှစ်မပါသော
အချစ်မျိုးတော့မဖြစ်သင့်ပါ။



လောကတွင် အေးလျင် အတူခံစားနိုင်ပေမယ့် ပူလျင် လက်တွဲ ပြုတ်သွားသူတွေလဲ မနည်းလှပါ ။ လူတခု ပူမှုရယ်
တဲ့ဆယ်ကုဋေ အသက် တရာမနေရ အမှုတရာတွေ့ဆိုသလိုပေါ့ အချစ်စစ် သို့မဟုတ်မေတ္တာစစ်လို့ဆိုရာ ၀ယ်
ကောင်း - ဆိုးနှစ်တန် လောကဓံကို တူပြိုင် ကျော်လွှားရဲရမည်မဟုတ်ပါလား .... ရယူလိုချင်းသည် အချစ်မဟုတ်ပါ။
လောဘသာဖြစ်သည်။ လောဘ၏ စေစားချက်အရ လိုချင်တာကိုရအောင်ယူတတ်သည် ရပြန်တော့လဲ ရောင့်ရဲမှု
မရှိနိုင် သောအချစ်သည် အချစ်စစ်မဟုတ်နိုင်ပေ ။



လူသားတို့သည် စား ရေး နေရေး ၀တ် ရေးတို့အတွက် ဘ၀စသည်မှ ဆုံးသည်အထိ ကျိုးစားကြရသည်။ သို့သော်
စိုပြည်သွားပြီဟုမဆိုသာ ဘ၀ဆိုတဲ့အမောတွေကြားမှာ အချစ် စံအိမ်လေးထုဆစ်ကျသည်။ အဆင်ပြေချိန်မှာ ပြုံးရယ်
နိုင်ပေမယ့် လောကဓံလှိုင်းတွေရိုက်ပုတ်လာတဲ့အခါ ချစ်ပါတယ် ကြင်နာပါတယ်ဆိုတဲ့သူကစပြီးမေးခွန်းထုပ်တတ်
သည်။ အချစ်ဆိုတာဘာလဲ အချစ်ကိုယုံလို့ဘ၀အမောတွေနဲ့နစ်မြုပ်ရတယ်ဆိုတဲ့ စောဒကတွေ က သောကတွေ
နောက် မှာမေးခွန်းတွေစဖြစ်လာခဲ့တယ်။ အချစ် နဲ့ မကင်းတဲ့အော်လူသားဘ၀မှာ အချစ်စစ်ဆိုတာဘာလဲလို့
ကိုယ့်ကိုပြန်မေးမိတဲ့အခါ ပြုံး တခါ ငိုတလှည့်နဲ့ အမုန်းတွေမပါတဲ့ အချစ်စံအိမ်လေးလို့ထင်မှတ်ခါ ထုဆစ်မိလေမှ
မမြင်ရတဲ့သုညကိုချစ်မ၀ရှိကောင်းပေမယ့် လက်တွေ့ဘ၀ဆိုတာ အချစ်စံအိမ်လေးရဲ့နောက်ကွယ်မှာ အပြုံးတွေပါနေ
သလို အမုန်းတွေလဲရောယှက်လို့နေတယ်။



အမုန်းတွေကို ဖယ် အပြုးတွေ ကမ္ဘာမခြားစေဖို့ဆိုရင် အချစ်စစ်ရဲ့ အာမခံချက် ဟာ နားလည်မှုနဲ့သံယောဇဉ်လို့ဆို
လိုက်ချင်ပါတယ်။ နားလည်မှုရှိမှ အချစ်ဆိုတာ သာယာမည် သံယောဇဉ်နဲ့ချီးနှောင်ထားမှ ခိုင်းမြဲနိုင်မည်မဟုတ်ပါလား
မည်သို့ဆိုစေ ပုထုဇဉ် လူသားမို့ အချစ်ကိုတော့ ဥပေက္ခာမပြုနိုင်ပါ။  ဥပေက္ခာမပြုနိုင်တဲ့ အချစ်ကိုဘယ်လိုကြိုးတွေ
နဲ့ ခိုင်မြဲအော်တုတ်နှောင်ချည်ကြမလဲ မယိုင်မလဲခိုင်မြဲတဲ့ သံယောဇဉ်နဲ့ ချီးနှောင်မှသာ ဘ၀ဆိုတဲ့ တခဏတာဟာ
အဓိပ္ပါယ်ရှိစွာ အသက်ရှင်နိုင်မည်မဟုတ်ပါလား....



ဒီလိုနားလည်မှုချစ်ခြင်း မေတ္တာ အကြင်နာတွေ နဲ့ နှစ်ဦးနှစ်ဖက် ရိုးမြေကျနေထိုင်ပေါင်းသင်းခြင်းကိုပင် ပါရမီဖြည့်
ဖက် “ချစ်စစ်မေတ္တာ” လို့ တင်စားပြောဆို ကြလေသည်။


နားလည်ချစ်ခြင်း နှစ်ဦးမေတ္တာ ၊ယုံစွာနှင့်။
သစ္စာတည်ခြင်း ခိုင်မြဲခြင်းနှင့်- အချစ်စံအိမ် တည်ပါစေ။။။။။။။ ခ


ချစ်သူတိုင်း ထာဝရပျော်ရွှင်းချမ်းမြေ့နိုင်ပါစေ.......

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့