Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 6 May 2012

ရယ်လေရယ်လေ အသက်ရှည်

သတိပေးချက်
သင့်ထမင်းပွဲကို
စောင့်ကြည့်ပေးရန်
ဘယ်တော့မှ မခိုင်းပါနဲ့  ။    ။

မထိုက်တန်ပါ
တပည့်။ ။ ကျွန်တော်အဖြေလွာကို
သုညတော့ မပေးသင့်ဘူးထင်ပါတယ် ။
ဆရာ။  ။ဆရာလဲ သဘောတူတယ်  ။
ဒါပေမဲ့ ကိုယ်ပေးလို့ 
ရသမျှအနည်းဆုံး အမှတ်ကိုပဲ ပေးထားတာပဲ။

မနောက်ပါနဲ့ 

တော့ တီး တော့ တလမ်း
လျှောက်ခါစ ကလေးမလေးတစ်ယောက်
သူဟာသူ ဖိနပ်စီးနေတယ်
သူမေမေက သမီးလေးဖိနပ်စီးပုံ ကို ကြည့်တော့
ဘယ်ညာမှားနေတာ သတိထားမိတယ်
"သမီးလေး သမီးဖိနပ်စီးတာ
ခြေထောက်မှားနေတယ် "
"မနောက်ပါနဲ့ မေမေရယ်
သမီးစီးနေတာ သမီးခြေထောက်မှန်းတော့ သိပါသေးတယ် "
ကြည့်ရင်သိတယ်
သုံးနှစ်သားကောင်းလေတစ်ယောက်
တိရစ္ဆာန် ပြပွဲက အိမ်ပြန်လာတယ်
အိမ်ပြန်ရောက်တာနဲ့  အသက်တောင် မရှူအားပဲ
သူ့အမေ ကို ပြပွဲမှာ ကြောင်ပေါက်စ
အထီး ကလေးနှစ်ကောင်နဲ့  အမလေးနှစ်ကောင်မြင်ခဲ့ တာ
အားရပါးရ ပြောပြတာပေါ့ ။

"သားက အထီးအမ ဘယ်လို ခွဲပြီး သိလာလဲ"လို့  သူ့ မေမေက မေးတယ် ။
ဖေဖေက ကြောင်တစ်ကောင်ခြင်းကို
သေချာကိုင်ပြီး အမြီးအောက်ကို ကြည့်တာ
  အဲဒီမှာစာရေးထားတယ် ထင်တာပဲ "
လို့ သားက ပြန်ဖြေတယ် ။
ရှေ့ နေခ

"အမှူသည်တစ်ယောက်က
ရှေ့ နေကို အမှူလိုက်ခ ဘယ်နှုန်းယူသလဲမေးတယ်"
"ရှေ့ နေက အမှုသွား အမှုလာ ကို လေ့လာကြည့်ပီး နောက်
"အခြေအနေ အရ "ယူမယ် လို့  ပြန်ဖြေတယ် "
အမှူသည်က အခြေအနေအရဘယ်လိုနှုန်းလဲထပ်မေးပါတယ် ။
"အခြေအနေရ ဆိုတာ" တကယ်လို့  ကျွန်တော်လိုက်လို့ 
ခင်ဗျား အမှုရှုံးသွားရင် ကျွန်တော်ရှေ့ နေခ မရဘူး
တကယ်လို့  အမှုနိင်ရင် ခင်ဗျားဘာမျှ၇မှာမဟုတ်ဘူး
ရှေ့ နေနဲ့ သုတ်ပိုး

ရှေ့နေနဲ့ သုတ်ပိုးရဲ့ ကွာခြားချက်က ဘာလဲ
သုတ်ပိုးက ကောင်ရေတစ်သန်းမှာ
တစ်ကောင်တော့ လူဖြစ်ဖို့  အခွင့်အလမ်းရှိတယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့