Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 17 May 2012

" အရမ်းချစ်တယ် ♥မေမေ ♥"

တူတူကစားခဲ့ဘူးတယ် ဒါပေမယ့် သူငယ်ချင်းတော့မဟုတ်ပါဘူး
ပညာတွေလည်းသင်ပေးတယ်ကျောင်းဆရာလည်းမဟုတ်ပြန်ဘူး
လှပအောင်လည်းပြင်ဆင်ပေးဘူးတယ် အလှဖန်တီးရှင်လည်းမဟုတ်ပါဘူး
တရား ဓမ္မတွေလည်းသင်ပေးတယ်တရားဟောဆရာလည်းမဟုတ်ပါဘူး
ဝေဒနာတွေလည်း ကုသပေးခဲ့တယ်
ဆရာဝန်တစ်ယောက်လည်းမဟုတ်ပါဘူး
လိုချင်တာမှန်သမျှဖြည့်ဆည်းပေးတယ်မှော်ဆရာတော့လည်းမဟုတ်ပါဘူး
အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းပေးခဲ့တယ် နာမည်ကျော်သူရဲကောင်းတစ်ယောက်လည်းမဟုတ်ခဲ့ပါဘူး
ဒီလိုကြီးမားတဲ့စွမ်းအားတွေကိုပိုင်ဆိုင်တဲ့သူကို“ မေမေ”
လို့ ခေါ်ပါတယ်
ကိုယ်ပြန်ပေးခဲ့တာတွေက ပြန်ပြော နားမထောင်

မှန်တယ်ထင် ဇွတ်လုပ်
ဒီအကျင့်ဆိုးတွေပါ ၊
ဒါပေမယ့် မေမေ
သေချာခိုင်မာတဲ့စကားလေးတစ်ခွန်းတော့ပြောပါရစေ

“ အရမ်းချစ်တယ် ♥မေမေ♥”
မိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ

သမီးရဲ့အသဲထဲမှာ

အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်

 ♥♥

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့