Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 2 May 2012

★•.☆မမေ့နိုင်သော ... DECEMBER...9...★•.☆

ဟိုးးးးးးးအနောက်နားက ကြားလိုက်ရတဲ့ခေါ်သံ
 ခန္ဒာတစ်ခုလုံး ပျောက်သွားမလား ထင်ရအောင်
 ငါ့ စိတ်တွေ ခြောက်ခြားခဲ့ရတယ်.......
 နင်တစ်ယောက်များ ပြန်လာခဲ့တာလားးးးးးးး
 ဒီရင်ခွင်မှာ နင် တစ်ထောက်နား
 ငါ့ နှလုံးသား ကို ကောက်စားပြီး တခြားကမ္ဘာ တစ်ခုကို နင် ပျောက်သွားခဲ့တာ ကြာပြီပဲ...........
 နင်ပေးခဲ့တဲ့ အ်ကျီလေး အမှတ်တရ နဲ့ ငါ ခေါက်ထားတယ်
 အတူတူ ဖောက်စားခဲ့တဲ့ ချောကလတ်
 ငါ တစ်ယောက်တည်း စားရတာ
 ခါးလိုက်တာ ချစ်သူရယ်.......
 အတူတူ လျှောက်ခဲ့တဲ့ မြေနီလမ်း
 နင် မရှိတော့ ဘယ်မှာ ခမ်းနားတော့ မှာလဲ
 ဆေးရောင် ပျက်ပြယ်သွားတဲ့ ပန်းချီကား တစ်ချပ်လိုပဲ အရောင်တွေ မှေးမှိန် အသက်မဲ့ သွားခဲ့ပြီပေါ့........
 နင် ပျောက်သွားတဲ့ နောက်ကမ္ဘာ ကို
 နောက်တစ်ခါ နင့် ရဲ့ နုတ်ခမ်း ကို နမ်းဖို့
 အရောက် ငါ လှမ်းခဲ့ မယ်ဆိုရင် ရော
 နောက်တစ်ခါ ပျောက်သွားအုံးမှာလား
  ချစ်သူ...............

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့