Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 17 May 2012

ကျပ်နှစ်သိန်းတန် GSM ဖုန်းများ သတ်မှတ်တန်ဖိုးထက်တိုးမြှင့်ရောင်းချနေ

ရန်ကုန်မြို့မှာ ၂ သိန်းတန် GSM Sim Card များကို ဧပြီလ ၇ ရက်နေ့ ၀န်းကျင်က ရန်ကုန်မြို့မှာ စတင် ရောင်းချမှု ရှိခဲ့ပြီး လက်ရှိ မှာလည်း ရောင်းအားကောင်းလျက် ရှိနေတယ်လို့ အီလိုက်တက် အိုင်တီဆားဗစ် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိမှာ အဆိုပါ တန်ဖိုးနည်း GSM ဖုန်းများရဲ့ Sim Card ရောင်းချမှုကို ငွေကျပ် ၂ သိန်း သတ်မှတ် ထားပေမယ့်လည်း ၀ယ်ယူသူ တွေဟာ Sim Card မရမှာ စိုးတာကြောင့်  ဈေးနှုန်းများပိုမိုပေးကာ ၀ယ်ယူနေကြရတယ်လို့ သိရပါတယ်။ အခုလို ၀ယ်ယူမှု များနေတဲ့အတွက် ဖုန်းအရောင်းဆိုင်တစ်ချို့ဟာ သတ်မှတ် ထားတဲ့ ငွေကျပ် ၂ သိန်းထက် ပိုမိုကာ ကျပ် ၂ သောင်း ကနေ ၃ သောင်းအထိ ဈေးနှုန်း မြင့်တက် ရောင်းချ လျက်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် နံပါတ် ရွေးချယ် ၀ယ်ယူလို ပါကလည်း ကျပ် ၂ သိန်းထက် အပိုဆောင်း ထပ်ပေး ရတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် လက်ရှိ မှာတော့ တစ်ချို့သော ဖုန်းအရောင်းဆိုင်များ အနေနဲ့ ရန်ကုန် အတွက် ချထားပေး ထားတဲ့ GSM Sim Card တွေကို သာမကဘဲ နယ်မှ Sim Card များကိုပါ ထည့်သွင်း ရောင်းချနေတယ်လို့သိရပါတယ်။ ဧပြီလ ၉ ရက်နေ့ မှာတော့ ရန်ကုန်မှာရောင်းချတဲ့ ကျပ် နှစ်သိန်းဖုန်းလိုင်းများ စတင်ဖွင့် ပေးရာမှာ ရန်ကုန် အတွက် ချထား ရောင်းချပေးတဲ့ GSM တန်ဖိုးနည်း ဖုန်းများဟာ အဆိုပါ နေ့မှစတင်ပြီး ဖုန်းများ စတင်ပြောဆို နိုင်ပြီး ဖြစ်ပါတယ်။
ဒါပေမယ့် နယ်ဒေသတွေက ယူပြီး ရောင်းချတဲ့ GSM Sim Card များကို မသိရှိဘဲ ၀ယ်ယူထားသူ တွေကတော့ မေလ အတွင်းမှသာ ဖုန်းများစတင်ပြောဆိုနိုင်မှာဖြစ်ပါတယ်။ လက်ရှိ ရန်ကုန် အတွက် ချထားပေးတဲ့ (၂)သိန်းတန် GSM ဖုန်းနံပါတ်တွေ ကတော့ ၀၉၄၂၀၀ ၊ ၀၉၄၂၁၀ နဲ့ စတာဖြစ်ပြီး  ၀၉၄၂ နဲ့စတဲ့ တခြား ကုတ်နံပါတ်တွေ ကတော့ နယ်တွေမှာသာ အသုံးပြုနိုင် သေးပြီး ရန်ကုန်မှာ လက်ရှိ အသုံးမပြု နိုင်သေး ဘူးလို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့