ဓမ္မာရုံဘုရားပွဲနှင့် ဘုန်းကြီးပျံ၊ အလှူမင်္ဂလာဆောင်နှင့် ကလေးပုခက်တင်ပါမကျန် ဇာတ်ပွဲ၊ အငြိမ့်ပွဲများ အပြိုင်အဆိုင်ထည့်သွင်းကာ ၁၂ ရာသီပွဲလမ်းမပျက် လမ်းပိတ်အောင် စည်ကားခဲ့သောမြို့၊ နံနက်အရုဏ်တက် ဆွမ်းထချက် ကာ ထိုင်ကိုယ်တော်တစ်မျိုး၊ရပ် ကိုယ်တော်တစ်သွယ် ဆွမ်းခဲဖွယ်များ လောင်းလှူခဲ့သောမြို့၊ ထောင့်ကျကျလေးထောင့်ကွက် ၀င်းတွေမှာ နှစ်အိမ့်တစ်အိမ် ဆွေမျိုးတွေလို နေထိုင်ခဲ့ကြသော မြို့၊ မြန်မာဘုရင် နောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့ရာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရှိခဲ့သောမြို့၊ ရှည်လျားထည်ဝါသော သမိုင်းရှိပြီး ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် ၀ံ့ကြွားခဲ့သော ထိုမြို့မှာ ၂၁ ရာစုအရောက် တွင် အပြောင်းအလဲများ၊ အရွေ့ များစွာဖြစ်ပေါ်ခဲ့လေပြီ။
အရှေ့ဘက် ရှမ်းရိုးမတောင်တန်းများဘက်မှ နံနက်ခင်းနေရောင်ခြည်သန်းလာတော့ မန္တလေးမြို့က သံဃာတော်တွေ ဆွမ်းခံထွက်လာကြသည်။ သံဃာတော်များ၏ ကြွချီဦးတည်ရာမှာလည်း နေထွက်ရာမြို့အရှေ့ခြမ်း မန္တလေး မြို့သစ်ဘက်ဖြစ်သည်။ ယခင်လို မြို့တွင်းမဟုတ်တော့ဘဲ အနည်း ငယ်အလှမ်းဝေးသော မန္တလေးမြို့ သစ်ဘက်ခြမ်း ဖြစ်လာခဲ့သည်မှာ နှစ်အနည်းငယ်ကြာခဲ့လေပြီ။ တစ်နေကုန် ရုန်းကန်စီးပွားရှာပင်ပန်းခဲ့သော မန္တလေးမြို့ပေါ်လူထုအတွက် နေ့စဉ် နံနက်စောစောထကာ ဆွမ်းထချက်ရမည့် အလုပ်က မလွယ်ကူတော့ပေ။
ထို့ကြောင့် ဝေးလံလှသည့် မြို့သစ်သို့ သွားရောက်အလှူခံရမည့်အရေး အဆင်ပြေစေရန် ယာနဒါန ဆွမ်းခံကြိုပို့ယာဉ်များ ပေါ်ထွက်လာခဲ့သည်။ အလှူအတန်း ၀ါသနာပါသူများ စုစည်းကာ တစ်ပတ်တစ်ခါ စုပေါင်းဘုံဆွမ်းလောင်းအသင်းများ ဖွဲ့စည်းလာခဲ့ကြသည်။ လမ်း ၈၀ ယူနန်ဘုံကျောင်းမှလည်း ၀ါတွင်းဥပုသ်များတွင် ဆွမ်းခဲဖွယ်များ လောင်းလှူပေးခဲ့
ကြလေသည်။
“မန္တလေးဝန်းကျင် သံဃာတော်တွေအတွက် သူတို့ ဒကာ၊ ဒကာမတွေ ပြောင်းသွားတဲ့ မြို့သစ်ကိုပဲ ဦးတည်ပို့ပေးနေရပါ တယ်” ဟု မိုးထိအောင်စည်ယာနဓာန ဆွမ်းခံကြိုပို့ယာဉ် အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြို့သစ်ရောက် မန္တလေးသူ၊ မန္တလေးသားများက အလှူအတန်းအပြင် ဓလေ့ထုံးစံအတိုင်း သူတို့ရောက်ရှိသွားသည့် ရပ်ကွက်ဘုရားပွဲလေးများတွင် ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲတုန်း။ သူတို့ချန်ထားရစ်ခဲ့ရသည့် မန္တလေးမြို့အတွင်း ဓမ္မာရုံဘုရားပွဲများကတော့ ခြောက်ခြောက်ကပ်ကပ် အငြိမ့်ပွဲဇာတ်ပွဲ အသာထားခြင်းပွဲကလေးနှင့် ပြီးရတာများလာသည်။ ပွဲမကြိုက်သည့် မြို့နေလူထုအကြား၊ ပွဲတော်ရက်မှာ တိုက်တံခါးပိတ် အိပ်လာကြသည့် မြို့နေလူတန်းစားများအကြား အငြိမ့်တွေ၊ ဇာတ်တွေလည်း ခေါင်းမထောင်နိုင်ကြတော့။ “ခုတော့ ကျွန်တော်တို့ မြို့သစ်ဘက်တွေကို အားထားနေရတယ်။ မြို့ထဲဇာတ်ကလည်း ကြည့်မယ့်သူနည်းသွားပြီ” ဟု ဇာတ်သဘင်သက် နှစ် ၃၀ ကျော်ရှိသည့် ပိုးချစ်ဇာတ် အထွေထွေတာဝန်ခံ ဦးလေးဇင်က ပြောသည်။
မိုးမချုပ် အိပ်ရေးမပျက် အငြိမ့်ပွဲ၊ ဇာတ်ပွဲအစားထိုး ခြင်းလုံးသရုပ်ပြပွဲတွေကိုတော့ မြို့နေလူထုက အားပေးမှုရှိသည်။ “ဆုငွေတွေလည်း ချကြတယ်။ သူတို့လည်း လိုက်ခတ်လာကြတယ်။ ဘုရားကြီး ခြင်းအလှခတ်ပြိုင်ပွဲမှာတောင် သူတို့အဖွဲ့တွေ ပါလာကြပြီ။ တရုတ်ပြည်ကိုလည်း အလှပြလိုက်ခတ်ဖို့ ဖိတ်ခေါ်ခဲ့ဖူးတယ်” ဟု ခြင်းလုံးသရုပ်ဖော်ကစားသည့် အဖွဲ့တည်ထောင်ထားသော ဦးကျော်သန်းက ပြောသည်။
အားကစားကို စိတ်ပါဝင်စားမှုရှိသည့် မန္တလေးမြို့ပေါ် နေထိုင်သူများအတွက် အဆင့်မြင့်ကိရိယာများကို အသုံးပြုထားသည့် အားကစားခန်းမတွေ အလျှိုလျှို ပေါ်ထွက်လာသည်ကလည်း ခေတ်သစ်မန္တလေး၏ ပုံရိပ်တစ်ခု ဖြစ်သည်။ မြို့တွင်းရှိ လမ်းလျှောက် အားကစားပြုလုပ်ရန်ကောင်းသော မန္တလေးနန်းမြို့ကျုံးဝန်းကျင်က သူတို့အတွက် အဆင်ပြေ ဆုံးနေရာဖြစ်လာသည်။ ထိုက်ကျိနှင့် ၀ူရှူးကစားရင်း နံနက်ခင်းတိုင်း မြို့နေလူထုနှင့် မန္တလေးကျုံးကြီး ဆုံစည်းဖြစ်နေကြသည်။ ၀ူရှူးနှင့် ထိုက်ကျိကစားသူ မြို့နေလူထုနှင့် မန္တလေးကျုံးကြီးက ခွဲ၍မရတော့။ “နံနက်ခင်းတိုင်း ကျုံးဘေးမှာ ၀ူရှူးတွေ၊ ထိုက်ကျိတွေ အဖွဲ့လိုက် စုပေါင်းကစားနေကြတာ တွေ့ဖူးတယ်။ မြို့သစ် ၆၂ လမ်းမှာလည်း လုပ်လာကြပြီ” ဟု မန္တလေးမြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်ဆွေက ဆိုသည်။
မန္တလေးကျုံးဝန်းကျင်တွင် စုပေါင်းအားကစားလုပ်နေကြသလို မန္တလေးမြို့တွင် နေထိုင်သည့် ဒေသခံများကလည်း နောင်ရှေ့ရေးမျှော်တွေးကာ တရုတ်ဘုံကျောင်းများသို့ အတူတကွ သွားရောက်ပညာသင်ကြားနေကြပြီ ဖြစ်သည်။ “တချို့က ဒီမှာ ဆရာတောင် ပြန်ဖြစ်ကုန်ပြီ” ဟု တရုတ်ဘုံကျောင်း ၀န်ထမ်းတစ်ဦးက ဆိုသည်။ ၂၀၁၂ ခုနှစ်အတွင်းမှာတော့ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ လူမြင်ကွင်းများတွင် တပ်ဆင်ထားသည့် ဆိုင်းဘုတ်များ၌ မြန်မာစာနှင့် နိုင်ငံတကာသုံး အင်္ဂလိပ်စာမှလွဲ၍ လူအများနားမလည်သည့် အခြားဘာသာစကားများ အသုံးမပြုရန် မေတ္တာရပ်ခံ ဖြုတ်သိမ်းစေခဲ့သည်။ ထို့အတွက်တော့ လုပ်ငန်းရှင်အချို့ အခက်အခဲဖြစ်စေခဲ့သည်။ အများဆုံး ဆက်ဆံနေရသူများ ဖတ်ရှုနားလည်စေရန် တရုတ်စာဖြင့် ရေးထိုးထားသော ဆိုင်းဘုတ်များ ဖြုတ်သိမ်းပေးခဲ့ရသည်။ ယခုအချိန်ထိ စည်ပင်သာယာက တားမြစ်ထားသော်လည်း တပ်ဆင်အသုံးပြုနေသူအချို့ ရှိနေဆဲပင်ဖြစ်သည်။ “တရုတ်စာမထည့်ထားတော့ အခက်အခဲရှိတယ်” ဟု လေယာဉ်လက်မှတ်အရောင်းဆိုင် ၀န်ထမ်းတစ်ဦးက ဆိုသည်။
ဆိုင်ပြင်ပက ဆိုင်းဘုတ်ကိစ္စအပြင် ဆိုင်အတွင်း ၀န်ဆောင်မှုကိစ္စများကလည်း ရှိနေသေးသည်။မန္တလေးမြို့ရှိ အင်တာနက်ဆိုင်များအတွက် ရပ်တည်ဖို့ လွယ်ကူ စေမည့် နည်းလမ်းတစ်ခုမှာ အင် တာနက်လိုင်းကောင်းရန်အပြင် ချက်တင်ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် Chinese QQ အက်ပလီကေးရှင်းနှင့် တရုတ်စာရိုက်စနစ်ဖြစ်သည့် Pyin Yin Keyboard နှင့် Sogo Font တို့ကို ကွန်ပျူတာများအတွင်း ထည့်သွင်းထားရန်ပင်ဖြစ်သည်။
ထိုသို့သာ ထည့်ထားပါက စီးပွားလာဘ်ရွှင်ဂါထာများပင် ရွတ်ရန်မလိုတော့ပါ။ “မန္တလေးက ဆိုင်တွေအတွက် အဲဒီဆော့ဖ်ဝဲနဲ့ အက်ပလီကေးရှင်းတွေက မရှိမဖြစ်ပဲ” ဟု အင်တာနက်ဆိုင်ဝန်ထမ်း တစ်ဦးဖြစ်သူ ကိုအောင်က ဆိုသည်။ မန္တလေးမြို့ယဉ်ကျေးမှုတစ်ခုဖြစ်လာသည့် KTV ကာရာအိုကေဆိုင်များတွင်လည်း တရုတ်သီချင်းများထည့်မထားသည့် ဆိုင်အတွက် ဈေးကွက်နေရာ ကျဉ်းသည်ဟု ဆိုင်တာဝန်ခံအချို့က ဆို သည်။
“ဆိုင်တော်တော်များများ မရှိမဖြစ် ထည့်ထားရတယ်” ဟုဆိုင်ဝန်ထမ်းတစ်ဦးက ပြောသည်။
မျက်ရစ်မပါသော မန္တလေးမြို့က ပျိုဖြူချောများအတွက် အိုင်းလိုင်နာက အသုံးဝင်ဆုံးဖြစ်လာသည်။ ပါးနီကြိုက်သည့် သူမတို့အတွက် နဂိုရဲပြီးသား မျက်နှာကြောင့် အရောင်မပါသည့် ပါးနီကို ပိုမိုသုံးစွဲလာသည်။ မန္တလေးမြို့၏ ပူပြင်းလှသည့် နေရောင်ကို အန်တုပြီး စီးပွားရှာနေသူတို့အတွက် ရည်ရွယ်ကာ Skin Care လုပ်ရန် ဗြူတီစလွန်းတွေက မှိုလိုပေါက်ကာ ပေါ်ထွက်လာသည်။ မျက်နှာတစ်ခါ ပေါင်းတင် ကျပ်နှစ်သောင်း၊ သုံးသောင်း၊ Skin Care တစ်စုံ ကျပ်ခုနစ်သိန်း၊ ရှစ်သိန်းသည် ၎င်းတို့အတွက် မပြောပလောက်ဟု ဗြူတီစလွန်း ဆိုင်ရှင်အချို့နှင့် အလှအပပစ္စည်း ရောင်းချနေသူ အချို့က ဆိုသည်။ အသားအရေစိုပြည်လှပအောင် သစ်သီးသီးနှံတွေ စားသုံးလေ့ရှိ ကြသည့် မန္တလေးမြို့နေ လူတန်းစားများအတွက် အသီးအနှံဆိုင်လေးတွေက အပြိုင်အဆိုင် ပေါ်ထွက်လာသည်။ သစ်သီးမျိုးစုံ ကြိုက်တတ်ကြသည့်အတွက် အဖိုးတန်သစ်သီးတွေက ဆိုင်တွေမှာ နေရာဝင်ယူလာသည်။ တစ်ပိဿာလျှင် ကျပ် တစ်သောင်းငါးထောင်ခန့်ရှိသည့် ယိုးဒယား စပျစ်သီးများ၊ တစ်လုံးလျှင် ကျပ် ၁၈၀၀ ၀န်းကျင်ရှိသည့် နဂါးမောက်သီးများ၊ တစ်လုံး ကျပ် ၂၅၀၀ ခန့်ရှိသည့် ကျွဲကောသီးများကို သစ်သီးဆိုင်တွေက ရဲရဲဝင့်ဝင့် တင်နိုင်လာကြသည်။ “မြန်မာတွေကတော့ အခါကြီးရက်ကြီး သစ်သီးကိုးမျိုးတင်တဲ့ အခါမျိုးဆိုရင် ရောင်းရတယ်။ ပုံမှန်ရက်မျိုးကတော့ ဈေးအရမ်းကြီးတဲ့ အသီးတွေ သိပ်မ၀ယ်ကြဘူး””ဟု လမ်း ၈၀ တွင် သစ်သီးရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
သစ်သီးတင်မဟုတ်၊ အခြားစားသောက်မှုများလည်း မသိမသာပြောင်းလဲလာသည်မှာ မန္တလေး၏ ပုံရိပ်သစ်များဖြစ်သည်။ မုန့်တီ၊ မုန့်ဟင်းခါး၊ ထမင်းသုပ်၊ မုန့်သိုင်းခြုံအစရှိသည့် မြန်မာမုန့်မျိုးစုံ ရောင်းချနေသည့် ဈေးချိုတော်ညဈေးတန်းထက် ရှမ်းခေါက်ဆွဲ၊ အကင်စုံ၊ မာလာဟင်းနှင့် တရုတ်အစားအစာတွဲဖက်ပြီး မျိုးစုံရောင်းချနေသည့် ၇၆ လမ်း ညဈေးတန်းက ပိုမိုအရောင်းအ၀ယ် ဖြစ်လာသည်။ မုန့်မျိုးစုံတွဲဖက်ရောင်းချသည့် မန္တလေးလက်ဖက်ရည်ဆိုင်များတွင် မန္တလေးမုန့်တီနှင့် အကြော်စုံထက် ရှမ်းခေါက်ဆွဲနှင့် ၀က်ခေါက်ကြော်က မရောင်းမဖြစ်ရောင်းချနေရသည့် မန္တလေး အစားအသောက်ဖြစ်လာသည်ဟု ဆိုင်ရှင်အချို့က ဆိုသည်။
ယခင်နှစ်ပိုင်းက မဟာမြတ်မုနိဘုရားဝန်းကျင်ရှိ ကျောက်ဆစ်တန်းတွင် ကွမ်ရင်မယ်တော် ရုပ်ပွားတော်များ၊ ဦးတီပွားရုပ်ပွားတော်များ သူ့ဆိုင်ကိုယ့်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် ထုလုပ်ပေးခဲ့ရသည်ဟု မဟာမြတ်မုနိဘုရားကြီးမှ အမှတ်တရအရောင်းဆိုင်ရှင်တစ်ဦးက ဆိုသည်။ အခုတော့ အချိန်ယူ ထုလုပ်ရသည့် ကျောက်ဆစ်ရုပ်ပွားတော်ကို စောင့်ရန်မလိုတော့။ တရုတ်နိုင်ငံမှ ၀င်ရောက်လာသည့် ဈေးနှုန်း ကျပ်တစ်ဆယ့်ငါးသိန်းဝန်းကျင်အထိရှိသော ဗုဒ္ဓရုပ်ပွားတော်များ၊ ကွမ်ရင်မယ်တော် ရုပ်ပွားတော်များ၊ တရုတ်နိုင်ငံလုပ် ကြွေပန်းအိုးကြီးများ၊ တရုတ်စစ်သူကြီးအရုပ်များ၊ တရုတ်နတ်ရုပ်များ ရောင်းချပေးနေသည့်ဆိုင်များ ပေါ်ထွက်လာပြီဖြစ်သည်။
မန္တလေးသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲလာပြီဟု မန္တလေးမြို့ခံ အချို့က သုံးသပ်သည်။ မနည်းကြံ့ကြံ့ခံနေရတယ်ဟုလည်း မန္တလေးသား စာရေးဆရာဆူးငှက်က ပြောသည်။ မန္တလေးသည် တကယ်တော့ မန္တလေးပင် ဖြစ်ပါသည်။
ရေးသားသူ-ညီညီဇော် --- 7Day News Journal
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Friday, 12 April 2013
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
April
(585)
- Sky Queen ကိုမုဒိမ်းကျင့်လူသတ်ခဲ့သည့်နတ်သားအား ထို...
- Sonny Erission Xperia 8 Android 2.1 Root လုပ်နည်း
- Huawei U8825D Android Version 4.04 Root လုပ်နည်း
- Sony Xperia Miro
- iOS 6 Jailbreak ပြုလုပ်ခြင်း (A4Base)
- ဆက်သွယ်ရေး ကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန...
- iPhone 5 ကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူ အသုံြး...
- နိုင်ငံတကာသို့ ဈေးနှုန်း သက်သာစွာဖြင့် ဖုန်းခေါ်ဆို...
- Samsung Galaxy S III Mini မိတ်ဆက်ပြသ
- Padfone မျိုးဆက် Asus Padfone 2 ထပ်မံ ထုတ်လုပ်
- ထုတ်ကုန်သစ်အချို့နှင့် Android OS အသစ်ကို Google မ...
- မျက်စိဖြင့် ထိန်းချုပ်အသုံးပြုနိုင်သည့် စမတ်ဖုန်းန...
- မိုဘိုင်းလ်ဖုန်းများဖြင့် အင်တာနက် အသုံးပြုသူ များ...
- Huawei U8818 Version 2.3.6 Root လုပ်နည်း
- Windows 8 တွင် Zawgyi font သုံးနိုင်အောင်လုပ်နည်း
- Android ဖုန်းတွေမှာ Connected ဖြစ်ပြီးသား Wifi Pas...
- မိုဘိုင်းဖုန်း Driver များစုစည်းမှု
- External Hard Disk ကို Mac မှာရော Windows PC တွေမှ...
- စစ်တွေ ဆူပူသူများကို ဥပဒေနှင့် အညီ အရေးယူမည်
- UNOCHA ကိုယ်စားလှယ် EUမှာ မြန်မာအကြောင်း ရှင်းပြ
- ၁၅၀၀ကျပ်တန် တယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့်...
- ရသေ့တောင် လယ်သမားတွေကို သီးစား ပြန်မချ
- အကောင်းဆုံးဘောလုံးသမားဆု ဂါရတ် ဘေးလ် ရ
- စစ်တပ်လိုင်စင်တပ် ကားတွေကို တရုတ်မှာ တားမြစ်
- မိုက်ကယ်ဂျက်ဆင် သေဆုံးရမှု ကုမ္ပဏီကို တရားစွဲ
- ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ...
- မြန်မာလူမှုဘ၀ တိုးတက်ကောင်းမွန်ဖို့ အလှမ်းဝေးစဲ ဒေါ်...
- ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် ကင်တားနားနဲ့...
- ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲကြောင့် ဒေသခံပြည်...
- နှစ် ၅၀ အတွင်း ပထမဆုံး အလုပ်သမားညီလာခံ ရန်ကုန်မှာ ...
- ရခိုင်အရေး စုံစမ်းရေးကော်မရှင် အစီရင်ခံစာအကြောင်း ...
- အကျင့်ပျက်ခြစားမှုကြောင့် ဒီမိုကရေစီစနစ် ပျက်ပြားေ...
- မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း မေ ၈ ရက် ဖွင့်မည်
- မဒေးကျွန်း ဒေသခံများ၏ တောင်းဆိုမှု လိုက်လျောမည်ဟု သ...
- သုံးလကျော်အတွင်း ကားခိုးမှု ယခင်နှစ်ထက် နှစ်ဆတက်
- ခိုးဝင်ဘင်္ဂါလီ ၁၆ ဦး မင်္ဂလာဒုံတွင် ဖမ်းမိ၊ နှစ်ဦး လွ...
- ကေအိုင်အေ တပ်သားသစ် ဆက်တိုက်စုဆောင်း
- တိုက်ပွဲကြောင့် မြိုင်ကြီးငူ ဒေသခံ ထွက်ပြေးတိမ်းရေ...
- ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ထပ်မံဆန္ဒဖော်ထုတ်
- မန္တလေးမြို့  မြေဈေး အိမ်ဈေးတွေ ပိုမို မြင့်တက်လာ...
- မော်တော်ယာဉ်များအား အကောက်ခွန် ရှင်းလင်းမှုမှ နိုင်...
- ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အတွက် ငွေကျ...
- တတိယမြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု တိ...
- အလုံးစုံ မော်တော်ယာဉ် အာမခံ အတွက် ငွေကျပ်သန်း ၁၆၀ ...
- ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးမှုဖြင့် ရဲသုံးဦးကို ရာထူး...
- ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယားသမ္မတ ပူးတွဲဟေ...
- ရခိုင်စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနှင့်ပတ်သက်ပြီး ရ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Smart Por ဂျာနယ် အတွဲ(၁) ၊ အ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Mobile Guide Issue 100
- ဧပြီလ (၂၇)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်း ဂျာန...
- ဧပြီလ (၂၅)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမှတ်...
- ဧပြီလ (၂၄)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် ...
- ရခိုင်ပင်လယ်ပြင် ငါးဖမ်းခွင့် ခေတ္တပိတ်မည်
- တံတားသံပေါင်တိုက်မိပြီး ယာဉ်တိမ်းမှောက် ရာမှ ခရီးသ...
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတ...
- လက်ကိုင်ဖုန်းများ တွင်ကျယ်လာမှု နှင့် အတူ ကျန်းမာေ...
- သမ္မတ စာကြောင့် မီဒီယာများကို ဧရာဝတီတိုင်း လွှတ်တော်...
- ဇတ်သဘင်တင်ဆက်ကပြမှုကြောင့် ပရိတ်သတ် နှင့် ပြဿနာဖြစ...
- စာတင်တိုင်းမထူးခြားခဲ့တဲ့ သုံးခွမြို့က လယ်သိမ်းခံ ...
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတ...
- ဟဲဟိုးမြို့ရေရှားပါးသည့် ရပ်ကွက်များတွင် စည်ပင်မှ ...
- မိုးအဝင် နောက် ကျမယ်
- ဆေးဝန်ထမ်းများပါသည့် တရုတ်စစ်သင်္ဘော မြန်မာပြည်လာမည်
- Facebook နိုင်ငံသား
- အငြင်းပွားနေဆဲ PR စနစ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ
- ညှိနှိုင်းအဖြေရှာသင့်ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှ...
- NLD ပါတီ လူငယ်ညီလာခံကျင်းပရန် စီစဉ်
- ဘင်္ဂလားဒေ့ရှ် ပြိုကျ အဆောက် အဦး ပိုင်ရှင်ကို ဖမ်းမိ
- ပါကစ္စတန်မှာ ဗုံးခွဲမှုတွေ ဆက်ဖြစ်
- ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ
- မဂ္ဂါဝပ် ၁၂ဝထုတ်မယ့် ဂတ်စ်တာဘိုင်သုံး ဓာတ်အားပေးစက်...
- လက်ပံတောင်းတောင်က လူ(၈)ယောက်ကို သွေးထိုးလှုံ့ဆော်သူ...
- MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို...
- ထိုင်းနိုင်ငံရှိ ATM များမှတစ်ဆင့် မြန်မာသို့ ငွေလ...
- ကချင်ဒုက္ခသည်စခန်းသစ်သို့ တိမ်းရှောင်လာသူ တစ်ထောင်ေ...
- ပုသိမ်မြို့တွင် လူ့အခွင့်အရေးသင်တန်း ပထမဆုံးအကြိမ်...
- မိခင်ပျောက်ရှာသူ မြန်မာအမျိုးသမီးငယ် ဘန်ကောက်တွင် ...
- ဒီကောင်လေးက bluetooth ထက် တစ်ကယ်ကို ၁၀-လောက်မြန်တယ...
- Galaxy SIII အတွက် Android 4.1.2 update ဖြန့်ချိ
- Android ဖုန်းများ Super Brick ဖြစ်ပါက Manipulated ...
- ဈေးနှုန်းသက်သာပြီး အိမ်အရောက်ဝန်ဆောင်မှုဖြင့် ၀ယ်ယူ...
- Tablet ဖုန်းကို ဈေးနှုန်းသက်သာစွာ အသုံးပြုလိုသူမျာ...
- တန်ဖိုးနည်း GMG တံဆိပ် ဖုန်းများ ဈေးကွက်ဝင်ရောက်လာ
- ရွှေမိုဘိုင်းမှ ၎င်း၏ Website Application တစ်ခုဖြန့်ချ...
- iOS 6 Jailbreak ရရှိပြီးသော်လည်း အခက်အခဲအနည်းငယ်ရှိ
- သက်သာသောဈေးနှုန်းဖြင့် မိုဘိုင်းဖုန်းများကို ဧပြီလ...
- CDMA 800MHz နှင့် GSM စနစ်နှစ်မျိုးအသုံးပြုနိုင်မည...
- Call Center မှလိုင်းခွဲအသစ်အချို့တိုးချဲ့ထား
- LG Optimus L7 P700
- My Trip Tracker
- CDMA 800MHz ဖုန်း အသုံးပြုသူ နှစ်သောင်းဝန်းကျင်သာရှိ
- ဈေးနှုန်းသက်သာသော Quad-core CPU ဖုန်းအမျိုးအစား စေ...
- မြန်မာစာ အပြည့်အ၀အသုံးပြုနိုင်မည့် JAS မိုဘိုင်းဖု...
- Battery Doctor ဆိုတဲ့ Android Application လေးကိုမြ...
- ရခိုင်ပြည်က စစ်တပ်သိမ်းထားတဲ့ လယ်ယာမြေအမှုတွေကို ထ...
- ပဲခူးတိုင်းအတွင်း အကြမ်းဖက်မှုကိစ္စ ဖမ်းဆီးရုံးတင်
- ဧပြီလ ၂၆ ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၃၈
- ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းညီလာခံ ...
- ဧပြီလ ၂၆ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် ၁၉၀
- ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဝင်ပြိုင်နိုင်ရန် ဖွဲ့စည်း...
- လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို နိုင်ငံသား ဟုတ်၊ မဟ...
- အလွမ်းခိုး
- ကောင်မလေးအတွက်...........
- ယောက်ျားလေး / မိန်းကလေးတွေသိထားသင့်သော အချက်(၃၀)
- ဒါနတစ်ခုတည်းနဲ့လား...
- ရင်နှင့်ရင်း၍ ချစ်ခဲ့သော'
- မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက...
- 1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း
- အလားအလာကောင်းနဲ့ စိန်ခေါ်မှုပြည့်နေတဲ့ မြန်မာ့စီးပွာ...
- မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး USAID တိုးမြှင့်...
- မြို့တွင်းလုံခြုံရေး ကင်မရာများ
- အမေရိကန် ကုန်သွယ်ရေးအရာရှိ မြန်မာနိုင်ငံရောက်
- မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု အမေရိကန်ကြိ...
- ဧရာဝတီတိုင်း တောင်သူ လယ်သမား ညီလာခံ တရပ်ကို
- အီးယူ ဆန်ရှင်အဖွင့် မြန်မာလုပ်ငန်းရှင်တွေ ရင်ဆိုင်...
- မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ
- တောင်ဒဂုံရှိ တပ်ပိုင်မြေပေါ် အငှားချ နေထိုင်သူနှင့်...
- ပီအာရ်စနစ်ကို ဘယ်သူတွေက ဘာကြောင့် ကျင့်သုံးချင်ကြတာလဲ
- မုံရွာခရိုင်အတွင်း ရဲနဲ့ ဒေသခံတွေ တိုက်ခိုက်မှု ဖြစ...
- သံဃာတပါး အသတ်ခံရမှုအတွက် ဆက်လက်စစ်ဆေး (ရုပ်/သံ)
- ပြည်မြို့ က စစ်သားသုံးဦး လုယက်သတ်ဖြတ်ခံရသူ ဇာပန လု...
- သံလျင်ရေနံချက်စက်ရုံက သိမ်းထားတဲ့ လယ်မြေတွေ ပြန်ရ...
- အင်းလေးဟိုတယ်ဇုန် မြေယာသိမ်းခံတောင်သူများ ကလောမြို...
- စောင်ရေအများဆုံး 7 Day နေ့စဉ်သတင်းစာ ထုတ်ဝေ
- တာချီလိတ်တွင် အသိမ်းခံထားရသည့်မြေများ အစားပြန်ပေးမည်
- မှော်ဘီ စိုက်ဘဏ်သို့ မိုးစပါးချေးငွေ ပေးဆပ်ရာတွင် ...
- လိင်ခရီးသွားလုပ်ငန်းကျိန်စာ မြန်မာရှောင်ရှားနိုင်မ...
-
▼
April
(585)

No comments:
Post a Comment