Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 5 April 2013

ငါ့ကို....သတိရနေပေးပါ


ခရီးမိုင်တိုင်အမှတ်...1500
ရပ်နားမိတဲ့ဒီဘူတာရုံလေးက
ပျော်ရွှင်ခြင်းလည်းလက်ဆောင်ပေးခဲ့
ဆန္ဒနှင့်ဘ၀ equation ချမရသမျှ
အားငယ်စိတ်တို့ကြီးစိုးလေတိုင်း
ဖြစ်၊တည်၊ပျက်လောကအလယ်မှာ
ဝင့်ထည်စွာရပ်တည်နိုင်ဖို့
စိတ်ဓါတ်ခွန်အားတို့လည်းပေးဆောင်ခဲ့ပေါ့။
ကမ်းပြိုမှာကိုကြိုသိနေလည်း
တားဆီးဖို့စွမ်းအားမရှိခဲ့သလိုမျိုး
အလွမ်းတွေဒီရေလှိုင်းလိုတက်လာသမျှ
ရင်ခွင်နန်းတော်တစ်ခုလုံးမီးလောင်နေရ
အဆိပ်တက်အိပ်ပျက်ညများမောပန်းတာတောင်
ပုံရိပ်လေးကိုဖျောက်ပစ်နိုင်စွမ်းမရှိခဲ့ဘူး။
ညတစ်ညမှာသူဆိုဖူးသောဂီတ
"အမြဲတမ်း သတိတရ ၇ှိနေတော့မှာပါ"
romanticဆန်ဆန်တီးခတ်လိုက်တဲ့သံစဉ်လေးကို
မေ့မရခြင်းဖတ်စာအုပ်ထဲက
မာတိကာတွေနှင့်ယောင်ယောင်နေတဲ့
တေလေငှက်တစ်ကောင်မှာတော့
အမြတ်တနိုးတန်ဘိုးထားရင်း
မိုးလင်းမှာတောင်ကြောက်နေမိတယ်။
တွေ့ဆုံပြီးနောက် ခွဲခွာခြင်းနိမိတ်ပုံတွေ
ကြေးမုံတစ်ချပ်လိုပီပြင်လာတိုင်း
ရင်ခွင်ရိုင်းမှာ လှိုင်းထန်နေခဲ့
အလံပြလို့ ရထားထွက်ဖို့ အသင့်ဖြစ်နေပြီ...
နေရစ်ပါတော့ ဘူတာရုံလေးရေ.....
ငါထွက်ခွာရာလမ်းတစ်လျှောက်မှာ
သတိရခြင်းပန်းခြောက်လေးကိုသိုဝှက်ထားသလို
ရာသီတွေပြောင်း သက္ကရာဇ်ဟောင်းလည်း
မင်းနှလုံးသားမှာ  ငါ့ကိုသတိရနေပေးပါ။    ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့