
" ပိတောက်ပင်ပျို "
မိုးနံ့သင်းသင်း လေပြေညင်းတို့
ကလူကမာ ကျီစယ်လာသည်
ခြံထောင့်ဆီဝယ် ပိတောက်ငယ်လည်း
ယိမ်းကာနွဲ့ကာ ရှက်ရိပ်ဖြာရင်း
ရွှေမိုးညိုကိုတမိသည်။
ပင်ပျိုယံထက် ဖူးငုံခက်တို့
လှဂုဏ်ဝင့်ရန် စိတ်ရည်သန်သည်
အကြင်ရွှေမိုး သွန်းစွေဖြိုးက
အတာတန်ခူး ရွှေရောင်လူးကာ
နှစ်သစ်ကူးကိုကြိုမိမည်။
No comments:
Post a Comment