နှောင်ကြိုးမဲ့ မျှော်လင့် ခြင်းများ
                                                           တစ်စတစ်စခဏခဏနဲ့ 
မလှပတော့ တဲ့ အကြောင်းပြချက်
ဇောင်းကထွက်တဲ့ မြင်း
နောက်ပြန်လှည့် ခြင်းမရှိသလို
ရှေ့ သို့ သာဦးတည်
သွေဖီကာတင်းမာနတွေနဲ့ 
ပြင်းထန်လှတဲ့ ရာဇမာန်
ဟီသံတွေအကြိမ်ကြိမ်ပေးရင်း
မင်းပြေးနိုင်သလောက်တော့ 
ပြေးပေဦးပေါ့ အကြင်နာမြင်း.......
                                                 ချစ်ခြင်းရဲ့ အခြားတစ်ဖက်
ထားရက်ခဲ့ တဲ့ သခင့် ထံ
အမြင်မှန်တရားနဲ့ 
သခင်ခံစားရတာကိုသိရင်း
ခြေကုန်ခြင်းများနဲ့ 
မင်းပြန်လာမဲ့ တစ်နေ့ 
တစ်ချိန်ကအငွေ့ အသက်များကို
ပွေ့ ဖက်နေကာမျှော်လင့် ရင်း
လာခြင်းမကောင်းခဲ့ ရင်သော်မှ
အစဉ်ထာဝရ အလျင်ကလို
အကြင်နာအလှတွေနဲ့ 
ရင်မှာခ၀ါချပြီးငါကတော့ 
ကြိုနေမှာပါအကြင်နာမြင်းရယ်.......
No comments:
Post a Comment