Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 7 April 2013

“ကိုးခြောက်ကိုး တရားတော်များ ပိတ်ပင်ခံရပြီ” ( အရေးပေါ်သတင်း



ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တားမြစ်ချက်အရ ၉၆၉ တရားခွေများ၊ ယင်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းစသည်များကို ဖြန့်ဝေခွင့်၊ နာယူခွင့် မရှိတော့ကြောင်း သိရပါသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်တိုင် မြို့နယ်၏ ညွှန်ကြားချက်ကို လာရောက်ပြသခြင်း ဖြစ်ပါသည်။ ယင်းညွှန်ကြားချက်ကို ကူးယူထားလိုသော်လည်း အုပ်ချုပ်ရေးရုံးနှင့်ဆိုင်ရာ စာရွက်စာတမ်းဖြစ်သဖြင့် မကူးယူနိုင်ခဲ့ပါ။

၉၆၉ တရားတော်များသည် အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုပ်ဆော်ပေးသော တရားတော်များ မဟုတ်ပါ။ ကိုယ့်ခြံစည်းရိုးကိုယ် လုံခြုံအောင် ကာကွယ်ဖို့ တိုက်တွန်းထားသော တရားတော်များသာ ဖြစ်ပါသည်။ ၉၆၉ ကြောင့် ဗုဒ္ဓဘာသာဝင် အတော်များများ၌ ကိုယ့်စည်းရိုးကိုယ် လုံအောင် ကာဖို့ အရေးတကြီး လိုအပ်နေပြီး ဖြစ်ကြောင်း သိရှိသဘောပေါက်လာကြပါသည်။
၉၆၉ ကို ပိတ်ပင်လိုက်ခြင်းသည် ကိုယ့်အစိုးရကိုယ်တိုင် ကိုယ့်စည်းရိုးကိုယ် ရိုက်ချိုးပစ်လိုက်ခြင်းသာ ဖြစ်ပါသည်။

အွန်လိုင်းကြည့်နေကြသော ဗုဒ္ဓဘာသာဝင်များ၏ အမြင်နှင့် ဝေဖန် အကြံပြုချက်များကို သိလိုပါသည်..။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့