Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 11 April 2013

ပိတောက်ပျိုသို့ (လေးချိုး)


ပိတောက်ပျိုသို့(လေးချိုး)

နွေဆီမှာ နေပြင်း
လေညှင်းက မဆင်။

ပိတောက်ကို မျှော်ကာလွမ်းပါလို့
သင်္ကြန်မိုးလည်း တမ်းလာမိ
နွမ်းချိသည့် ရင်။

ခင့်ကေသာ ပန်ပါလျှင်
မောင်လာဆင်မြန်းပေးချင်ပ။

သင်္ကြန်တေးဆို ရွှင်ကြည်လို့
ပိတောက်ပျို သည်နွေဦးမှာ
မေတ္တာရေစင် စိုကာလန်းရအောင်
ဖြန်းပေးချင်လှ။။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့