Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 1 April 2013

တချိန်ကဆည်းဆာ


ငါ့ဘ၀တိမ်တိုက်တွေကို
အရောင်တင်ပေးခဲ့တဲ့
ဆည်းဆာအချိန်လေးရယ်
မင်းပျောက်ကွယ်သွားပေမယ့်
မင်းကြောင့်လှပခဲ့ဖူးတဲ့
အချိန်လေးတွေကို နလုံးသားမှာ
တံဆိပ်ခတ်ထားသလို
အမြဲရှိနေတယ်။
မင်းကြောင့်ငါ့ဘ၀တစိတ်တဒေသဟာ
ပျော်ရွှင်မူတွေ ဖူးပွင့်ဝေဆာတဲ့
ဥယျာဉ်ငယ်လေးတခုဖြစ်ခဲ့ဖူးတယ်
ဆိုးကြောင်းဖက်လို့ ပျက်ပြယ်ခဲ့ပေမယ့်
အပျော်တွေဖူးဝေခဲ့ချိန်က
ခုထိ ရှင်သန်နေဆဲပါ။
အတိတ်ကအရိပ်တွေကို
ဆုပ်ကိုင်ထားတဲ့ငါ့နလုံးသားမှာ
မင်းကအမြဲတမ်းရှိနေပြီး
အလွမ်းတွေ ဖြန့် ကျဲပေးနေလေရဲ့ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့