Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 1 April 2013

ချစ်သူ မင်းသိပါစေ


ဖြစ်ခဲ့တာတွေ စဉ်းစားပြီးတော့ စိတ်ညစ်တဲ့ခါ မငိုပါနဲ့.....
ဝင်္ကပါလို ဆန်းကြယ်လှတဲ့ လောကထဲမှာ အားငယ်စရာ  ကြုံလာတဲ့ခါ  နင်မငိုနဲ့.....
ဒီဘ၀မှာ...... နီးစပ်ဖို့အခွင့်အလမ်းမရှိခဲ့ဘူး ဆိုရင်တောင်...
ငါပြုသမျှကံ ငါထံပြန်လာ တာပဲလို့ ယူဆပါ့မယ်..
ဒါပေမယ့် အဝေးတစ်နေရာကနေ တော့ ငါ့ကိုချစ်နေခွင့်ပေးပါနော် ...
ငါမင်းကိုချစ်နေခွင့်မရှိရင် ရူးသွားနိုင်လို့ပါ...
စိတ်ချပါ မင်းမကြိုက်ဘူးဆိုရင် ငါဖုန်းမဆက်တော့ပါဘူး
လိုင်းပေါ်မှာတွေ့ရင်တောင် မင်းစကားပြောခွင့် မပေးရင် မပြောပါဘူးနော်...
ဒါပေမယ့် ငါ့အကောင့်ကိုတော့ Block လုပ်မပြစ်ဖို့ကြိုတင်တောင်းပန်ပါတယ်နော်...
မင်းအကောင့် မီးစိမ်းလာတာလေးကြည့်ပြီး ငါကြည်နူးနေချင်လို့ပါ...
မင်းအကူညီလို့တဲ့အချိန် အချိန်မရွေးငါကူညီဖို့ အသင့်ရှိပါတယ်..
မင်းစိတ်ဓါတ်မကျပါနဲ့ မင်းဘ၀ကို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်ပြီးလျှောက်ပါ....
မင်းလျှောက်တဲ့လမ်း ကမ်းပါးထဲကျမယ်ဆိုရင် စိတ်မပူပါနဲ့ ဘေးနားက ဖေးမမယ်သူ
ငါရှိနေတယ်ဆိုတာ မင်းသတိရပေးရင် ငါကျေနပ်နေပါ့မယ်နော်...
ဖြစ်ခဲ့တဲကိစ္စတိုင်းအတွက် မင်းဘာမှစိတ်မကောင်းမဖြစ်ပါနဲ့
ငါဟာမင်းအတွက် အဲဒီလောက်မထိုက်တန်ပါဘူး....
မင်းဘ၀ပျော်ရွှင်နေတဲ့အချိန်တိုင်း ငါ့ကိုမေ့ထားပါ စိတ်ညစ်အားငယ်တဲ့အချိန်တိုင်း
မင်းကို ကူညီပေးမယ့်သူ ငါရှိနေမယ်ဆိုတာသတိရပေးပါနော်.......
မင်းရဲ့တုံ့ပြန်မှုတိုင်းအတွက် ငါလက်ခံပါ့မယ်.....
ငါ့ကို ကတိတစ်ခုပေးပါ့လား မင်းရဲ့အခင်မင်ဆုံးသူငယ်ချင်းအဖြစ်နဲ့လက်ခံပေးပြီး
အကူညီပေးပိုင့်ခွင့် ဆုံးမပိုင်ခွင့် အင်းပြိးတော့ မင်းအားငယ်တဲ့အချိန်တိုင်း အားပေးခွင့်ပေါ့
စိတ်ချပါ အဲဒီအတွက် ငါ့ဘက်က အရိုးသားဆုံးနဲ့ အဖြူစင်ဆုံးဖြစ်စေရပါမယ့်...
တကယ်တော့ ကိစ္စတိုင်းက ငါ့အပြစ်တွေပါ မင်းကို ဘယ်တော့မှ မမုန်းပဲချစ်ချင်းက မိတ်ဆွေဆိုတာ
ငါသိလိုက်ပါပီ....   မင်းပေးခဲ့တဲ့ ကတိတိုင်းမတည်ခဲ့ရင်တောင် ဒီတစ်ခါငါတောင်းဆိုတဲ့ကတိကိုတော့
မင်းသေချာစဉ်းစားဆုံးဖြတ်ပြီး ငါ့ကို ကတိပေးဖို့ တောင်းဆိုချင်ပါတယ်နော် ...
မင်းသဘောတူရင် မေးပို့တာပဲဖြစ်ဖြစ် ဖုန်းဆက်တာပဲဖြစ်ဖြစ် ငါ့ဆီဆက်သွယ်ပေးပါ့လား...
မင်းအဆင်ပြေခဲ့မယ်ဆိုရင်ပေါ့ မင်းရဲ့....က မကြိုက်လို့ မပတ်သတ်ပါနဲ့ဆိုရင်တော့
ငါနားလည်ပေးပါမယ်........မင်းရဲ့သာယာမှုကို ငါဘယ်တော့မှ မဖြတ်ဆီးပါဘူး
ဒါပေမယ့် မင်းရဲ့သာယာမှုကိုဖြတ်ဆီးမယ့်သူဟာ ငါ့ရဲ့ရန်သူပဲဆိုတာ ကြိုပြောပြထားပါ
မင်းလဲနားလည်ထားပါ အဲဒီအတွက်လဲ ငါပြင်ဆင်နေတယ်ဆိုတာ မမေ့ပါနဲ့....
ငါမလုပ်ရဲဘူးဆိုတာ ဘာမှမရှိဘူး အသိစိတ်ကြောင့်မလုပ်ရက်လို့ လုပ်ခဲ့တာပဲရှိတယ်
ပြီးတော့ မဖြစ်နိုင်ဘူးဆိုတာကိုလဲ မရှိစေရဘူး...မင်းယုံတာမယုံတာတော့ ငါမတက်နိုင်ဘူးပေါ့....
လွယ်လွယ်နဲ့ငါဘာကိုမှ ကတိမပေးချင်ဘူး ဘာဖစ်လို့လဲဆိုတော့ ငါအားလုံးအပေါ်တာဝန်ကျေချင်တယ်
ငါပြောသမျှကိစ္စတိုင်းကိုလဲ ငါတာဝန်ယူချင်လို့ပဲ လူတစ်ဖက်သားကို ခဏတာပျော်ရွင်စေဖို့
အလွယ်တကူကတိပေးပြီး မျှော်လင့်ချက်တွေ ငါမပေးချင်တော့ဘူး.....
မင်းဆီက အဖြေကိုငါစောင့်နေဆဲ ဒီစာအတွက် မင်းဘာမှ မခံစားပါနဲ့
ငါဖြစ်ချင်တာကိုပြောပြတာပါ မင်းဆန္ဒမပါပဲ ငါဘာကိုမှ အတင်းအကျပ်မလုပ်ဘူးဆိုတာ  မင်းသိထားပါ.....
(ဒါပေမယ့် ငါမင်းဆီကိုလာတန်းက ခွင့်ယူခိုင်းတာကလဲ ငါ့ကိုချစ်နေသေးတယ်ထင်လို့ပါကွာ....
ငါမင်းနဲ့တွေ့ဖို့ ဘယ်လောက်တောင်အခက်အခဲတွေရင်ဆိုင်လာခဲ့ရတယ်ဆိုတာ မင်းသိမှာမဟုတ်ပါဘူး
မင်းဆီကိုလာဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ် မင်းကိုနားလည်ဖို့တောင်းဆိုခဲ့ရတာလဲ မင်းငါ့ကို နားလည်ပေးနိုင်တယ်ထင်လို့ပါ
မင်းနဲ့အတူအလုပ်လုပ်ဖို့ခေါ်တုန်းက ငါမလာတာကလဲ မင်းငါ့အပေါ်နားလည်မယ်ထင်လို့ပါ )
မင်းဘ၀မှာ ယောက်ျားတွေအများကြီးနဲ့တွေ့ဖူးပေမယ့် ငါသူထက်ပိုပြီးချစ်နိုင်အောင်ကြိုးစားမယ်..
ပိုက်ဆံရှိတဲ့ယောက်ျားတွေ မင်းကိုပျော်ရွှင်အောင်ထားနိုင်တာထက် ...ငါမင်းကိုပိုပြီးပျော်ရွင်စေချင်တယ်ဟာ..
ငါမင်းအပေါ်ဘယ်လောက်ထိချစ်ခဲ့တယ်ဆိုတယ်ဆိုတာ...မင်းမသိရင်တောင် ဗိုလ်တစ်ထောင်ဆိပ်ကမ်းကြီးသိမယ်ထင်ပါတယ်....
ငါမင်းအပေါ်မှာ ဘယ်လောက်ထိသစ္စာရှိခဲ့တယ်ဆိုတာ ငါနှလုံးသားလေး အသိဆုံးပါ......
ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူးဆိုတာကိုလဲ မင်းမသိရင်တောင်  ငါ့ကိုငါသိတယ်...
ဘယ်လောက်ထိနားလည်ပေးခဲ့တယ်ဆိုတာကိုလဲ မင်းသိချင်သိမယ် မင်းမသိရင် မင်းနဲ့ပတ်သတ်ခဲ့တဲ့လူအားလုံးသိမယ်ထင်တယ်..
မင်းအပေါ်ဘယ်လောက်ယုံကြည်ခဲ့တယ်ဆိုတာကိုလဲ လူအများငါ့ကိုအတန်တန်မှာကြားပါလျှက်..ငါမင်းစကာတစ်ခွန်းထဲကိုပဲ ယုံကြည်ခဲ့တယ်
ဘေးစကားကိုဘေးနားကပဲထွက်စေခဲ့တယ်...ငါအကြောင်းကိုမင်းအသိဆုံးနေမှာပါ...ငါအဲဒီလောက် မအလောက်ဘူးဆိုတာကိုပေါ့...
ဒါပေမယ့် ငါမင်းကိုပဲ အကြွင်းမဲ့ယုံကြည်ခဲ့ချင်တာလေ...ဘာပဲဖြစ်ဖြစ် ငါ့ရင်ခွင်မှာ မနွေးထွေးလို့ မခိုလှုံချင်တာကို ၀မ်းမနည်းပါဘူး....
ဒါပေမယ့် ငါမဟုတ်တဲ့ တစ်ခြားတစ်ယောက်ရင်ခွင်မှာ မင်းနွေးထွေးမယ်ဆိုရင် ငါကျေနပ်ပါတယ်......
(မင်းသိထားဖို့က မင်းဟာမိန်းကလေးတစ်ယောက်ဖြစ်တာရယ် မင်းဟာအရမ်းလှနေတယ်ဆိုတာကိုပဲ)
မင်းရဲ့အလှကိုယောက်ျားတိုင်းသဘောကျပေမယ့် မင်းကိုတကယ်ချစ်တဲ့သူရှားမယ်ဆိုတာ မင်းသတိထားပါ...
ငါနဲ့ရရင် သူပြင်မယ်ပြောတယ် သူငါ့ကိုတကယ်ချစ်တယ်ပြောတယ်...ဆိုတာတွေကို မင်းမယုံပါနဲ့
ခွေးအမှီးကောက်ကျည်တောက်စွပ်လဲ ခဏလေးပဲဖြောင့်မယ်ဆိုတာမင်းသတိထားပါ...
အကျင့်တစ်ခုဟာ ဘယ်တော့မှ ဖျောက်လို့ရမယ်မဟုတ်ဘူးဆိုတာ မင်းမြဲမြဲမှတ်ထားပါ....
ဥပမာ - မင်းငယ်ငယ်ကတည်းက အကျင့်တစ်ခုပါလာတယ်ထားပါတော့ အိပ်ရာက နိုးနိုင်းချင်းဘယ်တော့မှ တန်းမထဘူး
ခဏလောက် 5မိနစ် 10မိနစ်လောက် မှေးပြီးမှထ တယ်ဆိုပါဆို့ အဲဒီအကျင့်က ဘယ်တော့မှ ပျောက်မသွားဘူးဆိုတာ မင်းစဉ်းစားပါ..
ငါဆိုလိုချင်တာက လူတစ်ယောက်ရဲ့ အကျင့်စရိုက်ဆိုတာ ကုရာနတ္ထိဆေးမရှိတဲ့ရောဂါတစ်မျိုးပဲဆိုတာကိုပါ...
ငါမင်းဆီကို ဖုန်းဆက်တိုင်း မေးပို့တိုင်း မင်းအကြောင်းပြောတိုင်း ငါ့ပတ်ဝန်းကျင်မှာ ငါဘာတွေအပြောခံနေရမယ်လို့ မင်းထင်လဲ...
ငါကတော့သူတို့ကိုပြန်ပြောပါတယ် ကျုပ်သူ့ကို တကယ်ချစ်တာပါလို့....
ပြီးတော့ ကျုပ်ဘယ်တော့မှ သူ့ကိုလျစ်လျီလျှူမှာမဟုတ်ပါဘူးလို့....ပြန်ပြောခဲ့တယ် သူတို့ ငါ့ကို ဘယ်လိုထင်ထင် ငါဂရုမစိုက်ဘူး
မင်းသာယာပျော်ရွှင်စေဖို့ကိုပဲ ဂရုစိုက်တယ်....
လူတိုင်းမှားတက်ပါတယ်ကွာ..ဒါပေမယ့် အမှားကို မှားမှန်းသိလျက်နဲ့ ဆက်လျှောက်တဲ့သူဟာ လူမိုက်...
အမှားကို အမှားမှန်းသိလို့ ပြင်တဲ့သူကမှ တကယ့်လူတော်လေ....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့