Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 14 April 2013

ည...နဲ့...လ



သည်...ည

လ..ကလေးမလာ

ည...လေးခမြာ..ငိုမဲ့မဲ့

သဲ့သဲ့ကလေး...ရှိုက်နေတယ်။

ဟိုးတစ်ည....က

လ..ကလေးသာ

ညကလေးမှာ..ပျော်နေရှာ ပေါ့

လ..ကလေးကြောင့်....ညလည်းပိုလှ

ည...လေးကြောင့်လည်း...လ..ကလေးပိုလှ

ဟိုက..သည်ကလိုက်လို့ခေါ်

ကြယ်စင်အဖေါ်တွေတောင်...ပြုံးတုံ့တုံ့

ရှက်ပြုံးကလေးနဲ့..လကလေးရယ်

ည..ရင်ခွင်မှာမှေးစက်ပုန်းလှည့်။

တိမ်တိုက်တွေကလည်းကြည်စယ်တာ

လ..ကိုကွယ်ကာ..ဟို သည်လိုက်ဝှက်

မမြင်ရက်တဲ့..ညှင်းလေပြေ

တိမ်တွေကိုလေ..တွန်းထုတ်တိုက်သွား

တိမ်တိုက်ကြားက..လကလေးသာ

လှလိုက်တာ...ည..ကမ္ဘာဟာပီတိတွေပြည့်လို့။

ည...ကို..လကလေးကပိုချစ်လား

လ..ကလေးကို...ညကပိုချစ်လား

ဘယ်လိုဖြစ်ဖြစ်

သူတှိုချစ်နေရင်ပျော်စရာကောင်းတယ်လို့

ကြယ်စင်မမတွေကပြောကြတယ်...။

သည်...ည

လ..ကလေးမလာ

ည..လေးခမြာ...ငိုမဲ့မဲ့

သဲ့သဲ့ကလေး....ရှိုက်နေတယ်...လေ။

လကလေး...ရှိရှိ...မရှိရှိ

ည...ကတော့ရှိနေ..မှာပါ။

ပြန်လာ..ပါတော့...လကလေးရယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့