Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Monday 15 April 2013
“ဘာအရေးကြီးဆုံးလဲ”
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)
၂၀-၁၂-၂၀ဝ၈-နေ့တွင် ရွှေတိဂုံ စေတီတော်ရင်ပြင် ချမ်းသားကြီးတန်ဆောင်း၌ ကျဉ်းပသော စေတီယင်္ဂဏ စာလျှောက် မေးပွဲသို့ စာထောက် စာမ ဆောက်ရွက်ရန် သွားရ၏။
စာသင်းသားဘဝက အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်၌ ကျောင်းတစ် ဆောင် တည်းမှာ အတူနေစာသင်ဖက် ဦးပညာဓမ္မာဘိဝံသနှင့် တွေ့ပြီး စကား ပြောဖြစ်သည်။
ဦးပညာဓမ္မာဘိဝံသက “သူသည် လည်ပင်ကျီးပေါင်းတက်ရောဂါ ဖြစ်ပြီးကထဲက ယခု စာဝါလည်းမပို့ချ၊ တရားလည်း လိုက်ပါ ဟောပြောခြင်း မလုပ်တော့ဘဲ၊ ညစဉ် (၁)နာရီ၊(၁)နာရီခွဲ အိပ်ရာမှထပြီး နေကုန် တရားအားထုတ်ကြောင်း”ပြောပြ၏။ တဆက်တည်း-
“ မိုးကုတ်ဆရာတော်ကြီးရဲ့ တရားတော်များကို ဦးစွာနာယူ၊နောက် မူရင်း ပိဋကတ်တော်နဲ့ တိုက်ဆိုင်ကြည့်ရှု့ပြီး တရားအားထုတ်ပါက ရှင်းရှင်း လင်းလင်း အသိပါပါဖြင့် ပို၍အားထုတ်လို့ကောင်းကြောင်း”ကို ပြောပြသည်။
ထိုအကြောင်းအရာကို ဆွမ်းဝိုင်း၌ စာချဆရာတော်များကို နောက်တစ်နေ့မှာ ပြောပြဖြစ်၏။
စာချဆရာတော်များက“ဆရာတော်ကြီး၏တရားတော်များကို ပိဋကတ်တော်နှင့် တိုက်ဆိုင်ကြည့်ရှု့ အားထုတ်မည့်သူ များအတွက် လွယ်ကူစေရန် ပိဋကတ် ကျမ်းညွှန်း အပြင် အဓိကကျ၍ သတိမထားမိသော တရားတော်ကိုလည်း ယောဂီများ သတိပြုမိ စေရန် ရေးသားသင့်ကြောင်း” ကို အကြံပြုကြသည်။
သို့ပေမယ် ဆရာတော်ကြီး၏ တရားတော်ကို ဝေဘန်တာမျိုး မဖြစ်စေဘဲ “ဆရာတော်ကြီး၏ တရားတော်ကို နာယူ ခံစား ပူဇော်ခြင်း” မျိုး ဖြစ်ရန် အထူးလိုအပ် ကြောင်းကိုပါ ထပ်လောင်းသတိပေးကြသည်။
ထို့ကြောင့် ဤဆောင်းပါးများသည် ဆရာတော်ကြီး တရားတော်များကို ဝေဘန်ခြင်းမျိုးမဟုတ်၊ ကြည်ညိုစိတ်ဖြင့် တရားတော်ကို နာယူပြီး ခံစား ပူဇော်ခြင်း မျှသာ ဖြစ်ပါသည်။ အကယ်၍ ဆရာတော်ကြီး ဆိုလိုရင်း အာဘော်သို့ မချဉ်းကပ် မိကလည်း စာရေးသူ၏ ညံ့ဖြင်းမှု့သာ ဖြစ်ပါကြောင်း။
ဆရာတော်ကြီးသည် လိုရင်းကိုသာ အများနားလည်အောင် ပေါပေါ့ပါးပါးလေး ဟောထားပေမယ့် တရားအားထုတ် ကြမည့်ယောဂီများအတွက် အတော်ပြည့်စုံပြီး၊ ပိဋကတ် တတ်ကျွမ်းသူများကတော့ ဆရာတော်ကြီးသည် ပိဋကတ်ကို မည်သို့ထုတ်ယူ ဟောပြောထားသည်ကို အတုယူနိုင်ရန် ပိဋကတ်နှင့် တိုက်ဆိုင်ကြည့်ရှု့လေ့လာဖို့ အလွန်ကောင်း၏။
ဝိမုတ္တိသင်္ကန်းတိုက်မှ ဓမ္မဒါနပြုထားသော ဆရာတော်ကြီး၏ တရားတော် ပုဒ်ရေ(၄၇၀)ပါ ဒီဗွီဒီ၊ အမ်ပီသရီး စီဒီပြား ကလည်း အဆင့်သင့်ရှိသဖြင့် ၁၃၁၆-ခုနှစ်၊တပိုတွဲလဆန်း(၂)ရက်နေ့ ဟောကြားတော်မူသော တရားတော်ကို စတင် နာယူပြီး ခံစား ပူဇော်ရေးသားခြင်း ဖြစ်၏။ သမ္မာသတိ အကြောင်းကို ဟောကြား တော်မူထား၏။
မှန်ကန်စွာ အောင်းမေ့တာ၊မှန်ကန်စွာ အမှတ်ရတာကို သမ္မာသတိ-ဟု ခေါ်၏။ ထိုသတိ၏ ဆန့်ကျင်ဖက်ကို မသိခြင်းအဝိဇ္ဇာ-ဟု အလွယ်မိန့်ဆို၏။ ပိဋကတ်တော်တွင် သတိပဋ္ဌာန်လေးပါးကို သမ္မာသတိ၊မောဟပြဓာန်းသော အကုသိုလ်စိတ်ကို ပမာဒ-မေ့လျော့ခြင်းဟူ၍ ဖွင့်ဆို၏။
ယောဂီများအတွက် ဘာအရေးကြီးဆုံးလဲ?
ဝိပဿနာတရားကို အားထုတ်ကြသည့် ယောဂီများအတွက် သတိသည် အရေးကြီးဆုံး ဖြစ်၏။ သတိမပါက ဝိပဿနာအလုပ် အားထုတ်၍ မဖြစ်၊ မဂ်ဉာဏ်သို့လည်း မချဉ်းကပ်နိုင်။ အဘယ်ကြောင့်ဆိုသော် မဂ္ဂင်ရှစ်ပါးလုံး အကုန် ပျက်နိုင်သောကြောင့်ဖြစ်၏။ တရားရှု့ပွားကြသူများအဖို့ အာရုံကို သိဖို့ဆိုရာမှာ သတိသည် အခရာကျ၏။
မဂ္ဂင်ယာဉ်ကို သမ္မာဒိဋ္ဌိက ဦးဆောင်မောင်းနှင်၏။ သို့ပေမယ့် သမ္မာသတိခေါ် ထိန်းချုပ်မှု့ ဘရိတ်မရှိက မဂ္ဂင်ယာဉ်ကြီးသည် ပျက်စီးခြင်း၊ လိုရာခရီးသို့ မရောက်နိုင်ခြင်း၊ လမ်းလွဲခြင်းတို့ဖြင့် အဆုံးသတ်၏။ အရိယာမဂ်သို့ မချဉ်းကပ်သဖြင့် လိုလား အပ်သောကိစ္စမပြီး အချည်းနှီးဖြစ်၏။
အစားအသောက်ကို မည်သို့ပင် စီမံချက်ပြုတ် ထားပါစေ ဆားမပါက ပေါ့ပျက်ပျက်ဖြင့် အရသာမရှိသကဲ့သို့၊ သတိမပါက မည်သည့်တရားကိုမျှ အားထုတ်၍ မဖြစ်နိုင်။ တရားအားထုတ်ခြင်းဟူသည် အရှုခံအာရုံကို သတိမလွတ်စေဘဲ စူးစူးစိုက်စိုက်သိနေအောင် အားထုတ်ရ၏။ သတိမကပ်က အရှုခံတရားကို မသိနိုင်ပါ။
သတိလွန်တယ်၊ ပိုတာဆိုတာ မရှိ။သတိသည် လိုတယ်သာ ရှိ၏။သတိသည် တရားရှု့ပွားသူအတွက် အမြဲတမ်းလိုနေ၏။ ဝီရိယလွန်သွား တာမျိုး ဖြစ်တတ်၏။ ဝီရိယလွန်က စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စအဖို့သို့ ကပ်ရောက်တတ်၏။ အလွန်အမင်း အားထုတ်ခြင်း ဝီရိယနောက်သို့ သတိ သမာဓိ ပညာတို့ မလိုက်ပါနိုင်၍ အရှုခံအာရုံမှ စိတ်သည် လွတ်ထွက်ကြံတွေးနေတတ်၏။
အလားတူ ဝိပဿနာဘာဝနာ ပွားများ အားထုတ်သူများအဖို့ သမာဓိ လွန်ကလည်း မကောင်း၊ ထိနမိဒ္ဓခေါ် ငိုက်မည်း ခြင်းဖြစ်တတ်၏။ သမာဓိသည် အရှုခံအာရုံပေါ်၌ စွဲမြဲစွာကပ်တည်နေသဖြင့် ဝီရိယမစိုက်လျှင် အချိန်ကြာလာက ငိုက်တတ်၏။
ပညာလွန်လျှင်လည်း ကောက်ကျစ်သည့်အဖို့သို့ ကပ်ရောက်တတ်၏။ တရားတော်၌ စိတ်ချယုံကြည်ခြင်း သဒ္ဓါရှိမှဖြစ်၏။
သဒ္ဓါနည်းပြီး ပညာလွန်သူများသည် တရားတော်ပေါ်၌ အပေါက်အကြားရှာတတ်၏။ ဝေဘန်ခြင်း၊ လေကန်ခြင်း၊ တခြားယောဂီ တို့အား သူ့အမြင်၊ သူ့အထင်များကို အချိန်ပြည့် လိုက်ပြောနေတတ်၏။
အရှင်အာနန္ဒာ၊ အရှင်သောဏ မထေရ်တို့သည် ဝီရိယလွန်နေကြသဖြင့် တရားထူး မရနိုင်ဘဲ ဖြစ်ခဲ့ကြရ၏။ ဝီရိယ သတိ သမာဓိ ပညာ ဣနြေ္ဒတရားများကို ချိန်ညှိပြီး အားထုတ်ကြပါမှ အရဟတ္တမဂ်ခေါ် တရားထူးကို ရသွားကြ၏။
တရားအမြဲ အားထုတ်ကြသူများသည် သမထခေါ်သမာဓိကို မထူထောင် တော့ဘဲ ဝိပဿနာကို တိုက်ရိုက် အားထုတ်ကြ၏။ ထွက်သက်၊ ဝင်သက်နှင့် ဝမ်းဗိုက် ပိန်၊ ဖေါင်းကို တစ်ဆဲလေးငါးမီနစ်လောက် သမာဓိ ထူထောင်သည့်အနေဖြင့် သမထကို ဦးစွာရှု့ပွားပါက ဝိပဿနာကူးရာတွင် မရောက်နိုင်ဘဲ ပိန်းဖေါင်းကြီးဆီ စိတ်က သွားနေတတ်၍ အနှောက်အယှက်လို ဖြစ်နေတတ်၏။ ထို့ကြောင့် အမြဲအားထုတ်သည့် ယောဂီတို့သည် ဝိပဿနာကိုသာ တိုက်ရိုက် ပွားများအားထုတ်သင့်၏။
ဆရာတော်ကြီးက ဝိပဿနာကို တိုက်ရိုက် အားထုတ်ကြရမည်ကို ဤသို့ ဆုံးမတော်မူခဲ့သည်-
“ထင်ရာဝေဒနာကို သတိကပ်လျှက် ဖြစ်ပျက်ရှု့“ဟု တိတိကျကျ ဟောပြတော် မူခဲ့၏။ အဲလို ဝိပဿနာကို တိုက်ရိုက်အား ထုတ်ပါ-ဟု မပြောရုံသာ တမယ်သာ ရှိ၏။
တရားအားထုတ်သူများအဖို့ သတိသည် အလွန်အရေးကြီး၍ သတိပဋ္ဌာန် (သတိပဋ္ဌာန)ဟုသာ ဆိုသည်။ ဝီရိယပဋ္ဌာန်၊ သမာဓိပဋ္ဌာန်-ဟု ဘုရားရှင် မိန့်ဆိုတော်မမူ။
သတိအရေးကြီးပုံကို ဆရာတော်ကြီးက ဖေါ်ပြပါဥပမာတို့ဖြင့် မြင်သာထင်သာ ရှိစေရန်ဟောပြတော်မူခဲ့၏။
ကြက်သွန်လှီးကြသည့်အခါ သတိလက်လွတ်ဖြစ်က ဓားရှတတ်၏။ သတိမထားပါက သူများဖိနပ်မကိုပင် မှားစီးတတ် ၏။ကျောက်တုန်းကြီးကြီးကိုပင် သတိလွတ်က ခလုပ်တိုက်မိတတ်၏။ ထို့အတူ အများအမြင်၌ တရားထိုင် နေသည်ဟု ထင်ရသော်လည်း သတိ မစိုက်ပါက စိတ်သန္တာန်၌ အလွန် ထင်ရှားနေသော ဝေဒနာကို ပင် မရှု့ပွားမိဘဲ အလကားထိုင်နေတာမျိုး ဖြစ်နေ တတ်ကြောင်း သတိပေးတော်မူ၏။
ဝိပဿနာပညာဖြစ်ပေါ်ဖို့ရန် သတိသည် အဓိကအကြောင်းရင်း ဖြစ်၏။ ဝိပဿနာ ဉာဏ်အတွက် သမာဓိသည် အနည်းဆုံး ခဏိက(တစ်ခဏတည်) သမာဓိဆိုက ဖြစ်နိုင်၏။ သတိကား အမြဲတမ်း အရှုခံအာရုံ၌ တည်နေမှ ဖြစ်၏။ အာရုံကိုသိအောင် ဖေါ်ပေးနေတာ သတိ ဖြစ်၏။ သတိသည် ဝိပဿနာဉာဏ်ဖြစ်ကို ဖြစ်စေ၏။
တရားအားထုတ်ကြသည့် ယောဂီများအဖို့ သတိသည် မရှိမဖြစ် အရေးကြီးလိုအပ်၏။ ယောဂီများသည် သတိမကင်းသော စိတ်ဖြင့်သာ နေကြရ၏။ ဆရာတော်ကြီးက “သတိအရေးကြီးတယ်” ဟု မိန့်တော်မူခြင်းမှာ ပဓာနအကြောင်း အနေဖြင့် မိန့်တော်မူခြင်း ဖြစ်၏။ မကင်းနိုင်သောနည်းဖြင့် ဝီရိယ၊ သမာဓိ၊ ပညာတို့သည်လည်း ယောဂီများအဖို့ လိုအပ်၏။
သမ္မာသတိကို ကောင်းစွာအမှတ်ရခြင်း၊ မမေ့ခြင်း-ဟု အလွယ်ပြန်ဆိုတော်မူ၏။ မမေ့ခြင်းကို စာ၌ အပ္ပမာဒဟု ဆို၏။ ကမ္မဋ္ဌာန်းအာရုံကို မေ့မထား၊ လွတ်မထားပါမှ အရှု့ခံအာရုံကို သိနိုင်၏။ သတိကို အရှုခံကမ္မဋ္ဌာန်းအာရုံကို ဖေါ်ပေးသောတရားဟု မှတ်သားအပ်၏။ ရှု့သိစိတ်၌ အရှုခံဝေဒနာပေါ်ါ်နေခြင်းကို သိရခြင်းသည် သတိကြောင့် ဖြစ်၏။ သတိဖေါ်ပေးသော အရှုခံဝေဒနာကို သမ္မာဒိဋ္ဌိ(ပညာ)က ဖြစ်ပျက်မြင်အောင် ရှု့ပွားရမှာ ဖြစ်၏။ (စိတ်သန္တာန်၌ ထင်ရှာခြင်းသည် ဖြစ်၊ကွယ်ပျောက် ခြင်းသည် ပျက်-ဟု အလွယ်မှတ်ရှု့။) သတိခေါ်အပ္ပမာဒတရား၏ ဆန့်ကျင်ဖက် သတိလွတ်ခြင်း ၊မေ့လျော့ခြင်း ပမာဒကြောင့် မသိခြင်း အဝိဇ္ဇာဖြစ်၏။ထိုအဝိဇ္ဇာ အဘယ်မျှအပြစ်ကြီးသည်ကို ဓမ္မပဒ၊အပ္ပမာဒဝဂ်၊သမာဝတီဝတ္ထုလာ “အပ္ပမာဒေါ အမတံ ပဒံ” ဂါထာဖြင့် သတိ ပေးဆုံးမတော်မူခဲ့၏။ သတိ၏အန္တရာယ်သည် မေ့မှု့၊မသိမှု့ အဝိဇ္ဇာ ဖြစ်၏။
အဝိဇ္ဇာသည် သံသရာကျင်လယ်ရခြင်း၏ မူလ၊အဓိကအကြောင်းဖြစ်သည်ကို ယောဂီတိုင်း သိကြ၏။မသိလို့တွယ်၊ တွယ်လို့ နွယ်၊နွယ်လို့ သံသရာ၌ မလွတ်နိုင်ဘဲ လယ်နေကြရခြင်း ဖြစ်၏။
အပ္ပမာဒခေါ်သတိတရားသည် နိဗ္ဗာန်သို့ ရောက်ရန် အကြောင်းရင်း ဖြစ်၏။သတိ မကင်းသောစိတ်၊ကမ္မဋ္ဌာန်းအာရုံ၌ သတိ ကပ်လျှက် ဖြစ်ပျက်ကို ရှု့သိနေခြင်းသည် မအို မနာ မသေ နိဗ္ဗာန်သို့သာ ရောက်ဖို့ဖြစ်၏။
လောက၌ မွေးဖွားခဲ့သူမှန်သမျှ မသေသူဆိုတာ မရှိနိုင်၊ သို့ပေမယ့် သတိနှင့်ပြည့်စုံသူတို့သည် မကြာမြင့်မီ ဘဝများ၌ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ထိုးထွင်း သိမြင်လျှက် နိဗ္ဗာန်သို့ မျက်မှောက်ပြုကြသဖြင့် မသေသူများဟု ဆိုနိုင်၏။ မမေ့ကြသူတို့သည် ဒါနမှု့၊သီလမှု့၊ ဘာဝနာမှု့တို့ဖြင့် ကောင်းမှု့ကို မြတ်နိုးပြီး၊ ကုသိုလ်အလုပ်တို့ကို အားကြိုးဆောင်ရွက် ပြုလုပ်ကြသဖြင့် ဝဋ်ဘဝတို့၌ အလွန်ကြမြင့်စွာ ကျင်လည် မနေကြရတော့၍ မမေ့သူများကို မသေသူများ ဟု ဆိုခြင်းဖြစ်၏။
သတိကင်းပျောက် မေ့လျော့၍ နေခြင်းသည် သေခြင်း၏အကြောင်းရင်း ဖြစ်၏။ မေ့လျော့ပေါဆ နေကြသူများသည် သေသူများနှင့်မခြား။ မေ့လျော့သူတို့သည် ဖြစ်အိုနာသေ သံသရာဘဝတွေမှ မလွတ်မြောက်နိုင်ကြဘဲ သံသရာထဲ အိုလို့ချည်း၊ နာလို့ချည်း၊ သေလို့ချည်းဖြစ်နေကြရသဖြင့် သေသူများနှင့်တူ၏။ အသေမှ မလွတ်မြောက်နိုင်၍ ဖြစ်၏။ သံသရာအဆုံး မသတ်နိုင်သောကြောင့် ဟူ၏။
“မသာ ပို့ပေးနေရတာ သတိလွတ်သော ပုဂ္ဂိုလ်ဖြစ်တွေ ဖြစ်နေကြလို့၊ အကယ်၍ သတိသာ အမြဲရှိနေကြမယ်ဆိုရင် မသေရာ နိဗ္ဗာန်ရောက်ကြပြီး လူသေပင် မရှိနိုင်တော့၍ မသာပင် ပို့စရာမလို” ဟု ဆုံးမတော်မူခဲ့၏။
သားရေးသမီးရေး စီးပွားရေးသက်သက်သာ လုပ်နေကြခြင်းသည် အဖန်ဖန် သေချင်နေကြသေး၍ ဖြစ်၏။ “နင်မိုက်ပုံ ငါမြင်၊ နင် အဖန်ဖန်သေချင်လို့။ အိုပွဲ နာပွဲ သေပွဲ ငိုပွဲတွေ အမြဲ နင် နွဲရချည်းသေးရဲ့” ဟု အားမရဟန်ဖြင့် ဆုံးမတော်မူခဲ့၏။
ဒါနမှု့၊ သီလမှု့၊ ဘာဝနာမှု့တွေကို ပြုရကောင်းမှန်မသိကြ၊ သစ်တုံးကြီးကဲ့သို့ ဖြစ်နေကြ သဖြင့် သေသူနှင့်ဘာမှမထူး ။ မေ့လျော့စွာ သေပြီးနောက်တွင် အပါယ်ဘဝ တို့သို့ ရောက်ကြမည်ဖြစ်၍ “အသေဆိုးနဲ့သေသူများ” ဟု ထိထိမိမိ ဆုံးမတော် မူတော်မူခဲ့၏။ “မေ့မေ့လျော့လျော့နဲ့သေရင် အသေဆိုးမယ်” တဲ့။ ပြောတတ်လိုက်တာ။ အဝိဇ္ဇာမသိခြင်းနှင့် နောက်ဘဝ အပါယ် ရောက်ကြ မည်ဖြစ်၍ သေချင်း ဆိုးနှင့် သေသူဟု ဆိုခြင်း ဖြစ်၏။
မမေ့မှု့သတိ လွတ်သွားလိုက်သည်နှင့် မေ့မှု့၊ မသိမှု့အဝိဇ္ဇာ ဝင်တော့၏။ အဝိဇ္ဇာဝင်ရင် အားလုံး အမှားချည်းသာ ဖြစ်တော့၏။ “အမှားဟူသရွှေ့နှင့် ကြုံ၊ အမှန်ဟူသရွှေ့နှင့် လွှဲရခြင်းသည်” မေ့မှု့၊မသိမှု့ အဝိဇ္ဇာကြောင့် ဖြစ်၏။
အိုနာသေရေးနှင့်တွဲပြီး ဆင်းရဲပွဲကြီး နွဲနေခြင်းသည် ဘာလိုနေလို့လဲ? သတိလေး လိုနေလို့။ အိုပွဲ နာပွဲ သေပွဲတွေ၊ ငိုပွဲကြီးတွေ၊ ဆင်းရဲပွဲကြီးတွေ ဆင်နွဲနေရခြင်းသည် သတိမရှိသောကြောင့် ဖြစ်၏-ဟု ကောက် ချက်ချပြတော်မူခဲ့၏။
မအိုချင်ဘဲနှင့်အို၊ မနာချင်ဘဲနှင့်နာ၊ မသေချင်ဘဲနှင့်သေဖြစ်နေရခြင်းသည် သတိလွတ်၍ဖြစ်၏။ အပါယ်ဘေးကြီးတွေ မကျရောက်ချင်ဘဲနှင့် ကျရောက် နေရခြင်းသည်လည်း မေ့လို့ ဖြစ်သည်။
ဖြစ်ပျက်ပေါ်ခိုက် မသိလိုက်တာနှင့် အဝိဇ္ဇာကြီးဝင်၊ ထိုမသိမှု့ အဝိဇ္ဇာကြီးဖြင့် သေက အပါယ်ရောက်ကြမည်။ သုဗြဟ္မနတ်သား၏ အြွေခအရံ နတ်သမီးငါးရာတို့သည် နန္ဒဝန်ဥယျာဉ် ပင်လယ်ကသစ်ပင်ပေါ် တက်၍ သီချင်းတကြော်ကြော်ဖြင့် ပန်းများ ဆွတ်ခူး နေကြစဉ် သေဆုံးကြပြီး အဝီစိငရဲ၌ ကျရောက်သွား ကြ၏။ သတိလွတ်ချိန်၌ သေကြသောကြောင့် ဖြစ်၏။ ထိုအကြောင်းအရာကိုလည်း သာဓကဆောင် ဟောပြတော်မူခဲ့၏။
ခိုတွေ ငှက်တွေ ကြောင်တွေ မြွေတွေ အဖမ်းခံထိကြခြင်းသည် သတိလွတ်ချိန်၌ ဖြစ်၏။ သေမင်းကလည်း သတိလွတ် ချိန်ဖမ်းတတ်၏။ သတိလွတ်ရင် အသေဆိုးနှင့် သေတတ်၏။ ဘေးအတန်တန် ရန်အသွယ်နှင့် တွေ့နေခြင်းသည် သတိလွတ်၍ဖြစ်၏။ ကျောင်းအောက်မှာ ရှိနေသောေ ခွးတွေ၊ ရေထဲငါးတွေ၊ ခြတွင်းထဲက ခြတွေ သတိလွတ်ခဲ့လို့ ဖြစ်ကြ၏။ မေ့လျော့ခြင်းဖြင့် သေကြ၍ တိရစ္ဆာန်ဖြစ်ရသည်ကို ရည်ညွှန်းပြော ဆိုခြင်း ဖြစ်၏ ။ တိရစ္ဆာန်တွေ များသလောက် သတိလွတ်သူ၊ သတိချွတ်သူတွေ များကြောင်းကို ထင်ရှားစေရန် ညွှန်ပြခဲ့၏။
“မေ့ပြီးနေသူတို့အတွက် အပါယ်လေးပါသည် သူတို့အမြဲနေရာ အိမ်နှင့်တူ၏” ဟု ဗုဒ္ဓမိန့်တော်မူခဲ့၏။
သစ်တုံးကို ဓားဖြင့်ခုတ်တာတောင် သတိက ဒီနားလေး ခုတ်မယ်ဟု သတိထားပြီးမှ ဝီရိယက အားစိုက်ခုတ်ခြင်း ဖြစ်၏။ သတိမထားဘဲ ခုတ်ချင်သည့်နေရာ လျှောက်ခုတ်နေရင် ပြတ်ချင်သလို ပြတ်မည်ဖြစ်၏။ အစားအသောက် အနေအထိုင် သတိမထား၊ မဆင်မချင် စားသောက် ရင် ခေါင်းကိုက် ဇက်ထိုး အော့အန် စသည်ဖြစ်ခြင်းသည် စားသတိမရှိ၍ ဖြစ်၏။ ထို့ကြောင့် အရာရာတိုင်း သတိလက်ကိုင်မထားရင် ပစ္စုပ္ပန်မှာ လည်း ကောင်းကျိုးမရ။ သံသရာ၌လည်း အပါယ်ကျ။ တရားအားထုတ် သူပင် တရားထူးမရ၊ထင်ရှားရာ ဝေဒနာကို သတိမကပ်၍ ဖြစ်ပျက်ကို မသိနိုင်သောကြောင့်ဖြစ်၏။
ဓမ္မကထိက ဆရာတော်တစ်ပါး ဟောကြားသော တရားတစ်ပုဒ်၌ တရားထူးဆိုတာ မရှိကြောင်း သစ္စာလေးပါးတရားသာ ရှိကြောင်း ကို ဟောထားသည်ကို ကြားရ၏။ ပိဋတ်တော်၌ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို (ဝိသေသံ-တရားထူးကို)ဟု ရံဖန် မိန့်ဆိုခြင်းကို မဖတ်မိ၍ ဖြစ်ဟန်တူ၏။ မဂ်ဖိုလ်တရားကို တရားထူး-ဟု ပိဋကတ်တော်၌ သုံးနှုံးလေ့ရှိ၏။
“ဖြစ်တိုင်းပျက်တိုင်း သတိမလွတ်စေနဲ့၊ စားချင်တာ၊ ရေသောက်ချင်တာ၊ ဆာလောင်မွတ်သိပ်တာ ဒုက္ခဝေဒနာ ပေါ်တာကို ဖြစ်ပျက် မရှု့ဘူး ။ ရေသာသောက်လိုက်တာ၊ လက်ဖက်သုပ်လေးကို စားလိုက်တာ။ သတိမပါဘူး။ သတိလွတ်နေတယ်၊ ရေမသောက်ခင်လေး၊ လက်ဖက်သုပ် မစားခင်လေး စားချင်သောက်ချင်တဲ့ ဝေဒနာလေးကို ဖြစ်ပျက်ရှု့လိုက်” ဟု အသေးစိပ် ဟောပြ၏။ ဆရာတော်ကြီးခေတ် ယောဂီများလည်း ယနေ့ ခေတ် ယောဂီ တို့နှယ် တရားစခန်းသို့ လက်ဖက် ဆီစိမ်ကလေးများ ဆောက်ယူလာကြဟန်တူ၏။
“ ငါစားတယ်၊ ငါးသောက်တယ်ဆိုတဲ့ ဒိဋ္ဌိ၊ စားချင်းတယ်၊ သောက်ချင်တယ်ဆိုတဲ့ တဏှာ၊ ဆာနေတာကို မစားရ၊ မသောက်ရလို့ တင်းမာနေတဲ့ ဒေါသတွေဟာ သတိကပ်လျှက် ဖြစ်ပျက်ရှု့မိရင် မဖြစ်တော့ဘူး။ သတိကင်းနေရင်တော့ လောဘ၊ ဒေါသ၊ ဒိဋ္ဌိပေါ်တာကို မသိလိုက်ဘူး” ဟု အကျိုးအပြစ်ကိုပါ မိန့်တော်မူခဲ့၏။
အပ္ပမာဒတရား လက်ကိုင်ထားသဖြင့် အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်သွားသည့် ရဟန္တာတစ်ပါး အကြောင်းကိုလည်း အားကြအတုယူနိုင်ရန် ဤသို့ ဟောပြတော်မူခဲ့၏။
အမျိုးအမည် မထင်ရှားသော ရဟန်းတစ်ပါးသည် ဘုရားရှင်ထံတော်မှ အရဟတ္တဖိုလ်ပေါက် ကမ္မဋ္ဌာန်းကို နာယူပြီး တောရဆောက်တည် အားထုတ်၏။ မည်သို့ပင် ဝါယမစိုက် အားထုတ်ပါသော်လည်း အရဟတ္တဖိုလ်ပေါက် မရောက်နိုင်ခဲ့။
“ကမ္မဋ္ဌာန်းတရား ဘုရားထံမှ အထူးပြု ထပ်၍ နာယူအံ့” ဟု ကြံတွေးပြီး တောအရပ်ကို စွန့်ခွါလျှက် ဘုရားရှင်သီတင်း သုံးတော်မူရာ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်သို့ ပြန်လာခဲ့၏။
လမ်းခရီးတွင် ကြီးစွာလောင်မြှိုက်နေသော တောမီးကြီးကို တွေ့ရ၏။နွေရာသီ၌ ခြောက်သွေ့သောသစ်ကိုင်းတို့ အချင်း ချင်းပွတ်ဖန်များ၍ လည်းကောင်း၊ မြက်ခြောက်၊ သစ်ရွက်ခြောက်တို့၌ လူ့ ပယောဂကြောင့်လည်းကောင်း မီးလောင်ခြင်းမျိုး ဖြစ်တတ်၏။
ထိုသို့ တောမီးလောင်နေသည်ကို တွေ့မြင်လိုက်ရသည်နှင့် ရဟန်းတော်သည် တောင်ပေါ်သို့ ပြေးတက်ခါ ရှုသိစိတ်ကို ကမ္မဋ္ဌာန်း အာရုံပေါ်တင် လျှက်” တောမီးကြီးသည် လောင်စာ ကြီးကြီးငယ်ငယ် အသွယ်သွယ်ကို ဝါးမျှိုလောင်မြှိုက် သကဲ့သို့၊ အလားတူ အရဟတ္တမဂ် ဉာဏ် တောမီးသည် လည်း သံယောဇဉ် အထူအပါး မှန်သမျှ အားလုံးကို လောင်မြှိုက်နိုင်၏” ဟူ၍ မရှု့ပွားမီ ဤသို့ ဆင်ချင်စဉ်းစား မိပါသတဲ့။
ဘုရားရှင်သည် ကျောင်းတော်မှနေလျှက် ထိုတောနေရဟန်း၏ စိတ်ဖြစ်အင်ကို ကြားတော်မူပြီး “ရဟန်း၊အဲလိုပါဘဲ တောမီးကြီးသည် ကြီးကြီး ငယ်ငယ် လောင်စာဟူသမျှ လောင်မြှိုက်သကဲ့သို့နှယ် သတ္တဝါတို့၏စိတ်သန္တာန်၌ဖြစ်သော သံယော ဇဉ်အထူအပါး ကိလေသာများကို ဉာဏ်မီးဖြင့် လောက်မြှိုက်စေလျှက် နောက်ထပ်တစ်ဖန် ဖြစ်ခြင်းမရှိအောင် အားထုတ်သင့် တယ်” ဟု ဉာဏ်ဖွင့် အလုပ်ပေးကမ္မဋ္ဌာန်းကို မိန့်တော်မူ၏။ ဗုဒ္ဓကိုယ်တော်တိုင် ရောင်ခြည်တော် ခြောက်သွယ် ထွန်းလင်းစေ၍ ထိုတောနေရဟန်း၏ ရှေ့၌ ထိုင်တော်မူပြီး ဟောပြနေသကဲ့သို့ တရားတော်ကို ဤသို့ မိန့်တော်မူသည်။
“အပ္ပမာဒခေါ်ငြား သတိတရား၌ မွေ့ပျော်သောရဟန်းသည် ပမာဒခေါ် သတိပျောက်ကင်း မေ့လျော့ခြင်းကို ကြောက်ဖွယ်အလား ဘေးအားဖြင့်ရှု့မြင်၏။ သံယောဇဉ်ငယ်ကြီး အသီးသီးကို သတိဖေးကူ ဉာဏ်မီးပူဖြင့် လောင်မြှိုက်စေ၏။ ကြီးစွာ တောမီး အရှိန်ကြီးက သီးသီးလောင်စာ အဖြာဖြာ ကို လောင်မြှိုက်ရာ သကဲ့သို့ ဖြစ်၏”
ဒေသနာတော်၏ အဆုံး၌ တောနေရဟန်းသည် ထိုင်နေလျှက်ပင် သံယောဇဉ်အားလုံး ပြုတ်ပြုတ်ပြုန်း လောက်မြှိက်ပြီး ပဋိသမ္ဘိဒါလေးပါးနှင့်အတူ အရဟတ္တဖိုလ်ပေါက်ရောက်ရှိပြီး ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလျှက် ဘုရားရှင် ရွှေကိုယ်တော်ကို မတ်ရပ် လက်အုပ်ချီ ရှိခိုး၍ ချီးမွမ်းတော်မူကာ ဖဲခွါကြွသွား၏။
သေပြီးနောက် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဟူသော အပါယ်လေးဘုံသို့ ရောက်ကြရခြင်းသည် ထိုမေ့ခြင်း ပမာဒလျှင် အရင်ခံ၏။ ထို့ကြောင့် သတိကင်းခြင်း၊ မေ့လျော့ခြင်းကို ကြောက်ဖွယ်ဘေးအလား သတိထားကြရမည်။ ဤစာပိုဒ် အစား သစိတ္တံ မနုယုဉ္ဇေထ-စာပိုဒ်အစားသွင်းလျှက် မိမိစိတ်၌ ဖြစ်ပေါ်ခိုက် ဝေဒနာကို အဖန်ဖန်ရှု့ရမည်ကို ဟောပြ၏။
သတ္တဝါအများ ဝဋ်ဘဝထိုထို၌ နစ်မွန်းကြသည် တွယ်ငြိတတ်သော သံယောဇဉ်ကြောင့် ဖြစ်၏။ ထိုသံယောဇဉ်အတွယ် အငြိလောင်စာကို အပ္ပမာဒ၌ မွေ့ပျော်သော ယောဂီသည် အပ္ပမာဒခေါ် သတိကြောင့် ရအပ်သောဉာဏ်မီးဖြင့် ပယ်သတ် လောင်ကျွမ်းပစ်ပါမှ သံယောဇဥ်အမျှင်တန်းကို ရှင်ခန်းဖြတ်ပစ်နိုင်မည် ဖြစ်၏။
တရားတော်၌ ဆရာတော်ဘုရားကြီးက ရဟန်းတော်ကလေးကို ဘုရားရှင် ပြောပြနေသလိုမျိုး ယောဂီများအား ရှု့ကွက် ဤသို့ ဟောပြခဲ့ ၏။ တောမီးက လောင်စားမှန်သမျှ အကုန်လောင်းသကဲ့သို့ ဒုက္ခဝေဒနာ အနုအငယ် လေးတွေ၊ ဒုက္ခဝေဒနာအလတ်၊ အကြီးတွေ ပျက်နေခြင်းသည် မီးလောင်သကဲ့သို့ လောင်နေခြင်းမျိုးဖြစ်နေ၏။ ထိုကဲ့သို့ ထင်ခိုက်ဝေဒနာကို ဖြစ်ပျက်ရှု့ခြင်း မဂ္ဂသစ္စာ ဉာဏ်မီးဖြင့် ကိလေသာငယ်ကြီး အသီးသီး ကို လောင်မြိုက်စေရန် ဖိဖိစီးစီး ကြပ်ကြပ်ရှု့ပေး၊ မမေ့လျော့နှင့် သတိလေး ကပ်ပြီးရှု့ပေး၊ ရှု့ပေး-ဟု အနီးကပ် တိုက်ရိုက်ပြောနေ သလိုမျိုး ပေါ်ခိုက်ဝေဒနာကို သတိကပ် ဖြစ်ပျက်မြင်အောင်ရှု့ခိုင်း၏။
ဤတရားတော်တွင် သတိအရေးကြီးကြောင်း၊ သတိသည်သာ ကိစ္စအာလုံး ပြီးနိုင်ကြောင်းကို သတိဉ္စ ခွါဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ-(သတိသည် ကိစ္စအားလုံး ပြီးစေနိုင်၏-ဟု ငါဘုရား ဟောတော်မူ၏။) ဒေသနာတော်အကိုးဖြင့် သွားရပ် ထိုင်လျောင်း စားသောက်နေထိုင် ပြုမူ ကိစ္စဟူသမျှ သတိမလွတ်စေဘဲ ရှု့ပွားထုတ်နိုင်က (၇)ရက်၊ သို့မဟုတ်၊ (၇)လ၊သို့မဟုတ် (၇)နှစ်ဖြင့် တရားထူး ရနိုင်ကြောင်း အားမထုတ်ချင်စရာအချက် တစ်ကွက်ကလေးမျှ မရှိအောင် ဆုံးမတော်မူခဲ့ပါသည်။
မှတ်ချက်။ ။ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်းမှာ မိမိနေစဉ်က စာချတန်းစာဝါတက်ခဲ့ဘူး၊ ပရိယတ္တိကျွမ်းကျင် တက်မြောက်ပြီး- တရားဟော တရားပြ ကျမ်းပြု စာရေးဆရာ ဓမ္မကထိကဖြစ်တဲ့ ဆရာတော် အရှင်ပညာသီဟာဘိဝံသရဲ့ စာပေ ဆောင်းပါးများကို အလျှင်းသင့် သလို ဖေါ်ပြပေး သွားပါမည်။
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)
မေတ္တာများဖြင့်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
April
(585)
- Sky Queen ကိုမုဒိမ်းကျင့်လူသတ်ခဲ့သည့်နတ်သားအား ထို...
- Sonny Erission Xperia 8 Android 2.1 Root လုပ်နည်း
- Huawei U8825D Android Version 4.04 Root လုပ်နည်း
- Sony Xperia Miro
- iOS 6 Jailbreak ပြုလုပ်ခြင်း (A4Base)
- ဆက်သွယ်ရေး ကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန...
- iPhone 5 ကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူ အသုံြး...
- နိုင်ငံတကာသို့ ဈေးနှုန်း သက်သာစွာဖြင့် ဖုန်းခေါ်ဆို...
- Samsung Galaxy S III Mini မိတ်ဆက်ပြသ
- Padfone မျိုးဆက် Asus Padfone 2 ထပ်မံ ထုတ်လုပ်
- ထုတ်ကုန်သစ်အချို့နှင့် Android OS အသစ်ကို Google မ...
- မျက်စိဖြင့် ထိန်းချုပ်အသုံးပြုနိုင်သည့် စမတ်ဖုန်းန...
- မိုဘိုင်းလ်ဖုန်းများဖြင့် အင်တာနက် အသုံးပြုသူ များ...
- Huawei U8818 Version 2.3.6 Root လုပ်နည်း
- Windows 8 တွင် Zawgyi font သုံးနိုင်အောင်လုပ်နည်း
- Android ဖုန်းတွေမှာ Connected ဖြစ်ပြီးသား Wifi Pas...
- မိုဘိုင်းဖုန်း Driver များစုစည်းမှု
- External Hard Disk ကို Mac မှာရော Windows PC တွေမှ...
- စစ်တွေ ဆူပူသူများကို ဥပဒေနှင့် အညီ အရေးယူမည်
- UNOCHA ကိုယ်စားလှယ် EUမှာ မြန်မာအကြောင်း ရှင်းပြ
- ၁၅၀၀ကျပ်တန် တယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့်...
- ရသေ့တောင် လယ်သမားတွေကို သီးစား ပြန်မချ
- အကောင်းဆုံးဘောလုံးသမားဆု ဂါရတ် ဘေးလ် ရ
- စစ်တပ်လိုင်စင်တပ် ကားတွေကို တရုတ်မှာ တားမြစ်
- မိုက်ကယ်ဂျက်ဆင် သေဆုံးရမှု ကုမ္ပဏီကို တရားစွဲ
- ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ...
- မြန်မာလူမှုဘ၀ တိုးတက်ကောင်းမွန်ဖို့ အလှမ်းဝေးစဲ ဒေါ်...
- ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် ကင်တားနားနဲ့...
- ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲကြောင့် ဒေသခံပြည်...
- နှစ် ၅၀ အတွင်း ပထမဆုံး အလုပ်သမားညီလာခံ ရန်ကုန်မှာ ...
- ရခိုင်အရေး စုံစမ်းရေးကော်မရှင် အစီရင်ခံစာအကြောင်း ...
- အကျင့်ပျက်ခြစားမှုကြောင့် ဒီမိုကရေစီစနစ် ပျက်ပြားေ...
- မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း မေ ၈ ရက် ဖွင့်မည်
- မဒေးကျွန်း ဒေသခံများ၏ တောင်းဆိုမှု လိုက်လျောမည်ဟု သ...
- သုံးလကျော်အတွင်း ကားခိုးမှု ယခင်နှစ်ထက် နှစ်ဆတက်
- ခိုးဝင်ဘင်္ဂါလီ ၁၆ ဦး မင်္ဂလာဒုံတွင် ဖမ်းမိ၊ နှစ်ဦး လွ...
- ကေအိုင်အေ တပ်သားသစ် ဆက်တိုက်စုဆောင်း
- တိုက်ပွဲကြောင့် မြိုင်ကြီးငူ ဒေသခံ ထွက်ပြေးတိမ်းရေ...
- ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ထပ်မံဆန္ဒဖော်ထုတ်
- မန္တလေးမြို့  မြေဈေး အိမ်ဈေးတွေ ပိုမို မြင့်တက်လာ...
- မော်တော်ယာဉ်များအား အကောက်ခွန် ရှင်းလင်းမှုမှ နိုင်...
- ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အတွက် ငွေကျ...
- တတိယမြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု တိ...
- အလုံးစုံ မော်တော်ယာဉ် အာမခံ အတွက် ငွေကျပ်သန်း ၁၆၀ ...
- ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးမှုဖြင့် ရဲသုံးဦးကို ရာထူး...
- ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယားသမ္မတ ပူးတွဲဟေ...
- ရခိုင်စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနှင့်ပတ်သက်ပြီး ရ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Smart Por ဂျာနယ် အတွဲ(၁) ၊ အ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Mobile Guide Issue 100
- ဧပြီလ (၂၇)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်း ဂျာန...
- ဧပြီလ (၂၅)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမှတ်...
- ဧပြီလ (၂၄)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် ...
- ရခိုင်ပင်လယ်ပြင် ငါးဖမ်းခွင့် ခေတ္တပိတ်မည်
- တံတားသံပေါင်တိုက်မိပြီး ယာဉ်တိမ်းမှောက် ရာမှ ခရီးသ...
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတ...
- လက်ကိုင်ဖုန်းများ တွင်ကျယ်လာမှု နှင့် အတူ ကျန်းမာေ...
- သမ္မတ စာကြောင့် မီဒီယာများကို ဧရာဝတီတိုင်း လွှတ်တော်...
- ဇတ်သဘင်တင်ဆက်ကပြမှုကြောင့် ပရိတ်သတ် နှင့် ပြဿနာဖြစ...
- စာတင်တိုင်းမထူးခြားခဲ့တဲ့ သုံးခွမြို့က လယ်သိမ်းခံ ...
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတ...
- ဟဲဟိုးမြို့ရေရှားပါးသည့် ရပ်ကွက်များတွင် စည်ပင်မှ ...
- မိုးအဝင် နောက် ကျမယ်
- ဆေးဝန်ထမ်းများပါသည့် တရုတ်စစ်သင်္ဘော မြန်မာပြည်လာမည်
- Facebook နိုင်ငံသား
- အငြင်းပွားနေဆဲ PR စနစ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ
- ညှိနှိုင်းအဖြေရှာသင့်ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှ...
- NLD ပါတီ လူငယ်ညီလာခံကျင်းပရန် စီစဉ်
- ဘင်္ဂလားဒေ့ရှ် ပြိုကျ အဆောက် အဦး ပိုင်ရှင်ကို ဖမ်းမိ
- ပါကစ္စတန်မှာ ဗုံးခွဲမှုတွေ ဆက်ဖြစ်
- ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ
- မဂ္ဂါဝပ် ၁၂ဝထုတ်မယ့် ဂတ်စ်တာဘိုင်သုံး ဓာတ်အားပေးစက်...
- လက်ပံတောင်းတောင်က လူ(၈)ယောက်ကို သွေးထိုးလှုံ့ဆော်သူ...
- MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို...
- ထိုင်းနိုင်ငံရှိ ATM များမှတစ်ဆင့် မြန်မာသို့ ငွေလ...
- ကချင်ဒုက္ခသည်စခန်းသစ်သို့ တိမ်းရှောင်လာသူ တစ်ထောင်ေ...
- ပုသိမ်မြို့တွင် လူ့အခွင့်အရေးသင်တန်း ပထမဆုံးအကြိမ်...
- မိခင်ပျောက်ရှာသူ မြန်မာအမျိုးသမီးငယ် ဘန်ကောက်တွင် ...
- ဒီကောင်လေးက bluetooth ထက် တစ်ကယ်ကို ၁၀-လောက်မြန်တယ...
- Galaxy SIII အတွက် Android 4.1.2 update ဖြန့်ချိ
- Android ဖုန်းများ Super Brick ဖြစ်ပါက Manipulated ...
- ဈေးနှုန်းသက်သာပြီး အိမ်အရောက်ဝန်ဆောင်မှုဖြင့် ၀ယ်ယူ...
- Tablet ဖုန်းကို ဈေးနှုန်းသက်သာစွာ အသုံးပြုလိုသူမျာ...
- တန်ဖိုးနည်း GMG တံဆိပ် ဖုန်းများ ဈေးကွက်ဝင်ရောက်လာ
- ရွှေမိုဘိုင်းမှ ၎င်း၏ Website Application တစ်ခုဖြန့်ချ...
- iOS 6 Jailbreak ရရှိပြီးသော်လည်း အခက်အခဲအနည်းငယ်ရှိ
- သက်သာသောဈေးနှုန်းဖြင့် မိုဘိုင်းဖုန်းများကို ဧပြီလ...
- CDMA 800MHz နှင့် GSM စနစ်နှစ်မျိုးအသုံးပြုနိုင်မည...
- Call Center မှလိုင်းခွဲအသစ်အချို့တိုးချဲ့ထား
- LG Optimus L7 P700
- My Trip Tracker
- CDMA 800MHz ဖုန်း အသုံးပြုသူ နှစ်သောင်းဝန်းကျင်သာရှိ
- ဈေးနှုန်းသက်သာသော Quad-core CPU ဖုန်းအမျိုးအစား စေ...
- မြန်မာစာ အပြည့်အ၀အသုံးပြုနိုင်မည့် JAS မိုဘိုင်းဖု...
- Battery Doctor ဆိုတဲ့ Android Application လေးကိုမြ...
- ရခိုင်ပြည်က စစ်တပ်သိမ်းထားတဲ့ လယ်ယာမြေအမှုတွေကို ထ...
- ပဲခူးတိုင်းအတွင်း အကြမ်းဖက်မှုကိစ္စ ဖမ်းဆီးရုံးတင်
- ဧပြီလ ၂၆ ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၃၈
- ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းညီလာခံ ...
- ဧပြီလ ၂၆ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် ၁၉၀
-
▼
April
(585)
No comments:
Post a Comment