ချစ်သူရယ်..
မနီးဝေးကွာ
ချစ်နေရတာ..သိပ်အားနာပါတယ်...
မောင့်ကိုချစ်နေရလို့ လေ
အချစ်ရယ်......ချစ်ရတာပင်ပန်းနေလား
ချစ်ရတာ.....မောနေလား........
ချစ်ရတာ.........ခက်ခဲနေလား...
ချစ်ရတာ.......စိတ်ရှုပ်နေလား...
ချစ်ရတာ.....ဒေါသဖြစ်နေလား...
ချစ်ရတာ.........သိမ်ငယ်နေလား..
ချစ်ရတာ............ငြီးငွေ.နေလား...
ချစ်ရတာ.................ရှက်နေလား...
ဘာဘဲဖြစ်ဖြစ်ပေါ့ နော်
သည်းခံပြီးတော့
ဆက်လက်ပြီးတော့ ချစ်နေပေးပါ..
အချစ်ရဲ့ ချစ်ပါတယ် ဆိုတဲ့ စကားတခွန်းနဲ့
ဘ၀တစ်ခုရှင်သန်နေရတယ်ဆ်ုတာသိရင်ပေါ့
ချစ်သူရယ်..ပြီးပြည့် စုံတဲ့ နေ့ လေးတစ်နေ့မှာတော့
မောင်ကိုယ်တိုင်လေ....
ချစ်သူရဲ့ ကေသာမှာ..ပန်းတစ်ပွင့်ပန်ပေးမယ်..
နဖူးလေးပေါ်မှာ..အနမ်းတစ်ပွင့် ခြွေပေးမယ်....
ချစ်ရဲ့လက်ကိုဆွဲပြီး..
ကျနော်ဟာသူ့ ချစ်သူပါလို့ ကြွားပေးမယ်....
ချစ်မိဖတွေရှေ့ မှာ...ခွင့် ပြုပါလို့ တောင်းပန်မယ်
ချစ်သူရဲ့ ပုခုံးလေးနှစ်ဘက်ကို..ကိုင်ပြီး
နဖူးချင်းလေးထိလို့
`ဘယ်တော့ မှ မခွဲတော့ ဘူး ´ လို့
တိုးတိုးလေးပြောပေးမယ်နော်....ချစ်
အခုနေများမှာတော့ လေ
`သိပ်ချစ်တယ်´ ဆိုတဲ့ စကားလေးတစ်ခုဘဲ
ပြန်ပေးနိုင်တာ...
ပြောပေးနိုင်တာကို
အားနာပါတယ်..ချစ်သူရေ..
နေကောင်းအောင်နေပေးပါနော်...
မမြင်ရလည်း..ကြင်နေရတာကျေနပ်တယ်
မဆုံရလည်း ကြုံနေရတာကျေနပ်တယ်
မနမ်းရလည်း လွမ်းနေရတာကျေနပ်တယ်
မပျော်ရလည်း မျှော်နေရတာကျေနပ်တယ်
အားမငယ်နဲ့ မစိုးရိမ်နဲ့ တွေးပူမနေနဲ့အချစ်ရယ်
ချစ်သူကဘာဘဲဖြစ်ခဲ့ ဖြစ်ခဲ့
ချစ်သူကဘာဘဲဖြစ်နေဖြစ်နေ
ချစ်သူကဘာဘဲဖြစ်လာဖြစ်လာ
ထာဝရချစ်နေမှာကမောင်ပါနော်..
မောင်ကချစ်တယ်ဆိုတာယုံရင်ပေါ့
မောင်ကလေ..
ချစ်ကို..သိပ်ချစ်ပါတယ်..
.ချစ်သူရယ်..
မနီးဝေးကွာ
ချစ်နေရတာ..သိပ်အားနာပါတယ်...နော်
ဆက်လက်ကြိုးစားပါဦးမည်..
No comments:
Post a Comment