Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 11 April 2013

လှပသောအိပ်မက်


လရိပ်ကလေးလည်း   ....  ဖွေးနေတုန်း

 လေနုအေးလေးလည်း....သွေးနေတုန်း

 ချစ်သူလေးရဲ့အလှကိုမောင်က .....ငေးနေတုန်းမှာပေါ့  ...

 “ မောင်  ဘာလို့ ဒီလောက်တောင် ကြည့်..နေရတာလည်း  ”

 “ချစ်လေး ကကော ဘာလို့ ဒီလောက်တောင်ချစ်စရာကောင်းနေရတာလည်း”

 “ ဟုတ်လို့ လားမောင် ရယ်  တကယ်ကောချစ်တာလား....”

 “ ချစ်တာထက် ကိုပိုချစ်မိနေတာပါကလေးရယ်..”

 “  မောင် ဘာပြောပြော ကျမက ယုံနေတာပါ ”

 “ ယုံအောင်ပြောနေတာမဟုတ် ပါဘူး မှန်တာကိုတင်ပြနေတာပါ ”

 “ ကဲပါ ဒါကြောင့်.လည်း ကျမကမောင့်.ကိုချစ်နေတာပါ ”

“ မောင်ကကော မချစ်တာကြနေတာဘဲ”

 “ အင်းပါစောစော အိပ် မနက်ဖြန်မောင့်.အတွက်အလုပ်တွေအများကြီး”
  
“ ဘာတွေများလည်း ဟင် မနက်ဖြန်မောင်ကနားမလားလို. ”

 “ အယ်..မောင်ကတော့.မေ့....ပြီ နက်ဖြန်သမီးလေး  သီရိ ကိုပန်းခြံတို့

 ကစားကွင်းတို့ပို့...မယ်ဆို..ပြီးတော့   ကျမကိုလည်း OG နဲ့...ပြပေးမယ်ဆို

 ကျမ မေမေအိမ်ကိုလည်းခဏသွားချင်သေးတယ်..မေမေတို့....ကသမီး

 ကိုကော မြေးလေးကိုကောအောင်း.မေ့...နေရှာပြီ..”

“ ဟုတ်ပါရဲ့ ချစ်လေးက   ဒီတစ်ခါမောင့်...ကိုဘာလေးမွေးပေးမှာလည်း”

 “ ဘုရားပေးတာဘဲယူရမှာပေါ့ .မောင်..ချစ်ဘယ်သိပါ့မလည်း“

 “ မောင်ကတော့. သမီးလေးသီရိအတွက်  မောင်လေး ဆိုကောင်းမလားလို့”

“ ဟုတ်ပါပြီ...အော်မောင်..မောင့်  .ဖေဖေအတွက် အားဆေးဝယ်ထားတာ

 နက်ဖြန်တစ်ခါထဲဝင်ပို့.ပေးလိုက်မယ်နော်..”

 “ ဟုတ်ပါပြီ နက်ဖြန်တစ်နေ့လုံး မောင်တော့. ချစ်လေးရဲ.ဒရိုင်ဘာဘဲပေါ့ ”

 “ ဟင်း ..မောင်ကစိတ်မပါသလိုဘဲ..ကဲပြော နက်ဖြန်ဘယ်ကောင်မလေးနဲ့

ချိန်းထားလို့ လည်း...တော်ပြီနက်ဖြန်ဘယ်မှမသွားတော့ .ဘူး ”

“ မဟုတ်ရပါဘူးကွာ....တကယ်ပါ ” 

 “ ဟင်.အင်း  မယုံဘူးမယုံဘူး....”

 “ ယုံပါကွာ..တကယ်ပြောတာပါ...တကယ်ပါ ”

“ ဟေ့ .ကောင်.....ကွန်ပြူတာရှေ့မှာငိုက်ပြီး  ဘာတွေရောင်နေတာလည်း”

 ကျနော်လန့်.နိုးသွားပါသည်။အော်..အိပ်မက်ကိုး......အိပ်မက်..

 တကယ်သာဆို...ဘယ်လောက်ကောင်းမလည်း....ကျနော်ကွန်ပြူတာ

 ပေါ်မှ ကျနော.ကိုကြည်.နေသောချစ်လေးပုံကိုလှမ်းကြည်.လိုက်တော့

 ချစ်လေးကကျနော.ကို  လှောင်နေသလိုပင်.......

 လရိပ်ကလေးလည်း   ....  ဖွေးနေတုန်း

 လေနုအေးလေးလည်း....သွေးနေတုန်း

 ချစ်သူလေးရဲ့အလှကိုမောင်က .....ငေးနေတုန်းမှာပေါ.  .....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့