Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 1 April 2013

တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် မိုဘိုင်းဖုန်းဆင်းကဒ် ၃သိန်းခွဲစီ ခွဲဝေရာင်းချပေးမည်


တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် မိုဘိုင်းဖုန်းဆင်းကဒ် ၃သိန်းခွဲစီ ခွဲဝေရာင်းချပေးမည်
....................................................................................................................










တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသတစ်ခုစီ၌ ဧပြီလအတွင်းရောင်းချပေးမည့်မိုဘိုင်းဖုန်းဆင်းကဒ် သုံးသိန်းငါးသောင်းခွဲ တမ်းအတွက် ရောင်းချမည့်ရက်နှင့်ဈေးနှုန်းအား မသတ်မှတ်ရသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကစုံစမ်းသိရှိရသည်။

“ကျွန်တော်တို့တန်ဖိုးနည်းဖုန်းတွေအတွက်ကတော့အစီစဉ်တွေကတော့လုပ်နေပါပြီ။အခုချိန်ထိတော့ ရက်တွေဘာတွေ သတ်မှတ်ရသေးခြင်းမရှိသေးပါဘူး။အားလုံးရက်တွေသတ်မှတ်ပေးပြီးသွားရင်တော့ကြေငြာပေးသွားမှာပါ။ ဈေးနှုန်း ကတော့ထောင်ဂဏန်း လည်းဖြစ်နိုင်သလို၊သောင်းဂဏန်းဖြစ်နိုင်ပါ တယ်။ကျွန်တော်တို့အနေနဲ့ကတော့ ဘယ်လိုမှခန့်မှန်းလို့မရသေးပါဘူး။”ဟုမြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မိုဘိုင်းဖုန်းဆင်းကဒ်များ၏ ဈေးနှုန်းနှင့် ရောင်းချမည့် ရက်ကိုဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာနက အချိန်မီသတင်းထုန်ပြန် ကြေညာပေးသွားမည်ဖြစ် ကြောင်း၊ ၄င်းမိုဘိုင်းဖုန်းများကိုဧပြီလအတွင်း ရောင်းချရန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နိုင်ငံတော် သမ္မတကြီးမှ မိုဘိုင်းဖုန်းဆင်းကဒ်များကို ပြည်သူလုထုအားကြိုတင်အသိပေးထားသည့် အတိုင်း ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးရန်တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကဒ် ရောင်းချရေးဆိုင် ရာညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဧပြီလအတွင်း ရောင်းချပေးမည့် မိုဘိုင်းဆင်းကတ်များအားငွေကျပ်နှစ်သောင်းနှုန်းထက် လျော့နည်းသည့် ဈေးဖြင့်ရောင်း ချပေးမည်ဖြစ်ကြောင်း ကျပ်ထောင်ဂဏန်းမျှသာဖြစ်နိုင်ဖွယ်ရှိ ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ အတည်ပြုဖြေ ကြားမှုကိုကိုးကား၍ ယခုလအတွင်းက မီဒီယာများသို့ သတင်းထုတ်ပြန်ထားသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်ခွဲဝေရရှိလာသော Sim Card များကို တယ်လီဖုန်း မရရှိသေးသည့် ပြည်သူများမျှမျှတတ ရရှိနိုင်အောင် စနစ်တကျ ဖြန့််ဖြူးခွဲဝေရောင်းချပေးသွားရန်ဖြစ်ပါကြောင်း၊ ပြင်ပတွင် ဈေးမကစားနိုင်ရေးအတွက် Sim Card များကိုတူညီသည့်ဈေးနှုန်းဖြင့် လစဉ် ရောင်းချပေးသွားရန် စီစဉ်ထားကြောင်းကိုလည်းသိရှိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ Sim Card များရောင်းချပေးသည့်နည်းတူHand Set  များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာတွင် ဈေးမကစားနိုင်အောင်အခွန်လျော့ ပေးသည့်နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေသည့် နည်းစသည့်နည်းလမ်းများ အပါအဝင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီးနည်းလမ်းရှာဖွေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်းယင်းညှိနှိုင်းအစည်းအဝေးပွဲ၌ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့သည်။

 တန်ဖိုးနည်းဖုန်းများ ဧပြီလပိုင်းတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းနိုင်ငံတော်ပိုင်ရုပ်သံ များတွင်ကြေငြာ ခဲ့ပြီးနောက်ဈေးနှုန်းနှင့် တန်ဖိုးများ မသိရှိရသေးသော်လည်းပြည်သူများအနေဖြင့်မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။

“အခုလိုထွက်လာမယ်ဆိုတော့ပိုပြီးတော့အဆင်ပြေတာပေါ့။တန်ဖိုးနည်းလေပြည်သူလူထုကပိုပြီး တော့ကြိုက်တယ်။တန်ဖိုးမသတ်မှတ်ရသေးဘူးဆိုပေမယ့် တစ်သောင်းအောက်ဖြစ်ပါစေလို့ဆုတောင်းပါတယ်။" ဟု တန်ဖိုးနည်းဖုန်းအားစောင့်မျှော်နေသူပြည်သူတစ်ဦးကပြောသည်။

ဈေးနှုန်းသက်သာသည့် မိုဘိုင်းဖုန်းများ ရောင်းချပေးသွားမည့်အစီအစဉ်များကြောင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့မှစတင်ကာဈေးကွက်အတွင်းရောင်းချရန်ကျန်ရှိနေသေးသော နှစ်သိန်းတန်ဖုန်းများအားပြန်လည်သိမ်းဆည်းရန် မြန်မာ့ဆက်သွယ်ရေးမှကြေငြာထားခဲ့သည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card  များ ရောင်းချရေးဆိုင်ရာညှိနှိုင်း အစည်းအဝေးကို မတ်လ (၂၉) ရက်နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးမြတ်ဟိန်း၊ ဒုတိယဝန်ကြီးများ၊တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့