Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 April 2013

သင်္ကြန်တွင်းမလုံခြူံဝတ်သူများ face book


မြန်မာနှစ်ကူး..တန်ခူးအတာ..ခါချိန်ကျရောက်..ပိတောက်တွေ့တိုင်း..လွမ်းစရာမရှိတိုင်းလွမ်းတတ်သူ
ဘိုးတော် ဆြာအောင်ထက် စီစဉ်အပ်သော.. အင်တာနက် သင်္ကြန်စာ။

၁။ ဘာနုရာဇာမည်သော တနင်္ဂနွေ ဂြိုဟ်မင်းသည် လိပ်နှင့်တူသော ကွန်နက်ရှင်ကိုစီးလျက်
လက်တစ်ဖက်တွင်..Google.com.mm ကိုကိုင်လျက်..လက်တစ်ဖက်တွင် အင်တာနက်ကို ဖြတ်တောက်ရန် ဓါးကိုကိုင်လျက် မြန်မာပြည်သို့ဆင်းအံ့။
ထိုအချိန်တွင်..မဟာရကာ နတ်သမီးသည် “ အာသီ “ မည်သော ဗြဟ္မာမင်း၏ ဦးခေါင်းကို
ပြောက္ကာဒေ၀ီနတ်သမီးလက်သို့လှမ်းလင့်၏။ အင်တာနက်ဆိုင်ပိုင်ရှင်များနှလုံးပူဆွေးစွာဖြင့်
ကြိုဆိုကြကုန်၏။ အချိန်အခါကား မဟာသင်္ကြန်အကျနေ့တည်း။
မဟာသင်္ကြန်အကျနေ့ အဟောကား..ပြည်သူအပေါင်း ထိတ်ထိတ်လန့်လန့်ဖြစ်အံ့။ မြန်ပြည်တစ်နံတစ်လျား..ဘာသာပေါင်းစုံ ခေါင်းချင်းဆိုင်ဆွေးနွေးအံ့။ အမှိုက်ကစပြသာဒ်မီးလောင်အံ့..။
မြန်မာ့မြေပေါ်မြေအောက် သယံဇာတများကျိန်စာသင့်အံ့.လူကြီးလူကောင်းများ မျက်နှာပူအံ့..။

(၂) မဟာသင်္ကြန်သုံးပါးတွင် သမန္တသင်္ကြန်ကျပီး၂၄မိနစ်အခါ..
ပြည်သူအပေါင်းခေါင်းဆေးမင်္ဂလာပြုအပ်သည်။
ခေါင်းဆေးခြင်းအကျိုးကား ကြေးညော်ကင်းအံ့၊သန်း ဘောက်ကင်းအံ့၊ လက်းသည်းရှည် သင်္ကြန်မယ်များနှင့်တွေ့လျှင် အဖိုး အဖွားများ အနာတရဖြစ်အံ့။

(၃) အတာနှစ်သစ်သက္ကရာဇ် ၁၃၇၄ မှ ၁၃၇၅ သို့အတာတက်ချိန်မှာ တန်ခူးလဆုပ် ၆ ၇က်ဖြစ်အံ့။
အတာစားခြင်းအကျိုးကား..အတာဆန်းထူး နှစ်ဟောင်းကူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဇေဌနှစ်တည်း။
နှစ်ကို..ပြက္ခဒိန်ထုတ်ဝေသူစောင့်၏၊ လ ကိုဝန်ထမ်းစောင့်၏ ၊ ရက်ကို ဟင်းဘိုး ပိုက်ဆံစောင့်၏ ။
အင်တာနက်ကို..ကွန်နက်ရှင်စောင့်၏။ အမှိုက်ပုံကို..ပလပ်စတစ်ကောက်သူစောင့်၏ ။
လမ်းတံတားကို..ဂိတ်ကြေးကောက်သူစောင့်၏။ နှစ်လုံး သုံးလုံးကို..ရဲစောင့်၏ ။
ဆိုက်မန်ဘာများကိုအက်မင်များစောင့်၏။ အက်မင်များကို..ဆိုက်ပိုင်စောင့်၏။ သင်္ကြန်တွင်းမလုံခြူံဝတ်သူများ face book(ဖွဘုပ်/ဖွတ်ဘုပ်/ အဖေ့ဘုပ်) စောင့်အံ့။ယခုနှစ်တွင်ဟောက်စား ငေါက်စားပေါအံ့။ ကိုယ်ပိုင်သတင်းစာများရောင်းကောင်းအံ့ မောင့်ကြက်သရေ ခေါင်းပေါင်းများရောင်းကောင်းအံ့။ လွှတ်တော်တက်မည့်အမတ်များ သွားတိုက်ဆေးများများဝယ်အံ့။
နိုင်ငံရေးဆိုက်များလူကြည့်များအံ့။ အခန့်မသင့်လျှင် အပိတ်ခံရအံ့ ။
ဆန်ရေ စပါး ပေါချင်ပေါမည်..မပေါချင်က ရှားအံ့။
ဤကား အတာစားခြင်းအကျိုးတည်း။

(၄) ဆြာအောင်ထက် အဟောကား..
ဝန်ထမ်းများ မဖြစ်စလောက်လစာတိုးအံ့။ ရောသမမွေတတ်သူများ ချမ်းသာအံ့။ဆွေမျိုးသားချင်း မစခံရတတ်သူများ ကြိကြိတက် ချမ်းသာအံ့။လယ်ယာမြေ အပိုင်ကြံသူများ နာမယ်ပျက်အံ့..။ လူထုအတွင်း ၁၅၀၀ကျပ်တန်ဖုန်းရောဂါထူပြောအံ့။
အင်တာနက် ကွန်နက်ရှင်များ ခေါက်လျှာငှက်ကဲ့သို့ပျံအံ့။လိပ်ကဲ့သို့ပြေးအံ့။
gtalkတွင်ပွားသူများ..ကြူသူများမြောက်မှိုင်မှိုင်အံ့။ဆိုက်ဗာ ကဖေးများ ၀င်ငွေကျအံ့။အင်တာနက် y-talk တွက်ခြေမကိုက်ဖြစ်အံ့..။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့