Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 7 April 2013

Microsoft Surface RT အား စင်ကာပူတွင် စတင်ရောင်းချ

Photo: Microsoft Surface RT အား စင်ကာပူတွင် ယနေ့ စတင်ရောင်းချ Microsoft ၏ Surface RT tablet အား စင်ကာပူနိုင်ငံရှိ Challenger စတိုးများတွင် ယနေ့ (ဧပရယ် ၅ ရက်) တွင် စတင်ရောင်းချ ပေးနေပြီဖြစ်သည်။ Windows 8 သုံး Surface RT tablet 32GB ၏ ဈေးနှုန်းမှာ စင်ကာပူဒေါ်လာ ၆၆၈ ကျသင့်မည်ဖြစ်ပြီး 64GB ၏ ဈေးနှုန်းမှာ စင်ကာပူဒေါ်လာ ၇၉၈ ဖြစ်သည်။ သတိပြုရန်မှာ ဤဈေးနှုန်းများမှာ tablet ဈေးနှုန်းသာဖြစ်ပြီး သီခြားတပ်ဆင်နိုင်သည့် keyboard ကာဗာ မပါရှိပေ။ Tablet နှင့် Touch Cover keyboard (ထိတွေ့မှုသုံး keyboard ကာဗာ) အား ပူးတွဲဝယ်ယူလျှင် စင်ကာပူဒေါ်လာ ၇၉၈ နှင် ၉၃၈ အသီးသီး ကျသင့်မည်ဖြစ်သည်။ သီးခြား ဝယ်ယူမည် ဆိုပါက Touch Cover keyboard မှာ စင်ကာပူဒေါ်လာ ၁၆၈ ဖြစ်ပြီး Type Cover keyboard မှာမူ စင်ကာပူဒေါ်လာ ၁၈၃ ဖြစ်သည်။ Microsoft အနေဖြင့် Windows 8 အား ချုံ့ထားသည့် Surface RT tablet နှင့် စွမ်းရည်မြင့် Intel Core-i ပရော်ဆက်ဆာသုံးပြီး Windows 8 ၏ features များအား အပြည့်အဝ အသုံးချနိုင်မည့် Surface Pro tablet ၂ မျိုးအား ထုတ်လုပ် ရောင်းချလျက်ရှိပြီး စင်ကာပူတွင်မူ လက်ရှိအချိန်၌ Surface RT ကိုသာ ရောင်းချသွားမည်ဖြစ်သည်။ Surface RT အား သုံးစွဲရာတွင် Windows 8 လုပ်ဆောင်ချက်များတွင် ကန့်သတ်ချက်များ ရှိနေမည်ဖြစ်ပြီး အထူးသဖြင့် Windows 8 app များ အားလုံးကို သုံးစွဲနိုင်မည် မဟုတ်ပေ။ သို့သော်လည်း Microsoft Office ၏ RT version ကိုမူ ထည့်သွင်းပေးထားမည် ဖြစ်သည်။ Microsoft ၏ app store သည် Surface tablet များ စတင်ထွက်ရှိလာသည့် ၂၀၁၂ အောက်တိုဘာလမှ နောက်ပိုင်းတွင် app များ ပိုမိုများပြားလာခဲ့ပြီး လက်ရှိအချိန်၌ စုစုပေါင်း ၅၀၀၀၀ ခန့် ရှိနေပြီဖြစ်သည်။ ဤ ပမာဏမှာ Apple နှင့် Android တို့၏ app store များနှင့် နှိုင်းယှဉ်လျှင်မူ သုညတစ်လုံးစာ နည်းပါးနေဆဲဖြစ်သည်။
Microsoft ၏ Surface RT tablet အား စင်ကာပူနိုင်ငံရှိ Challenger စတိုးများတွင် ဧပရယ် ၅ ရက်တွင် စတင်ရောင်းချ ပေးနေပြီဖြစ်သည်။

Windows 8 သုံး Surface RT tablet 32GB ၏ ဈေးနှုန်းမှာ စင်ကာပူဒေါ်လာ ၆၆၈ ကျသင့်မည်ဖြစ်ပြီး 64GB ၏ ဈေးနှုန်းမှာ စင်ကာပူဒေါ်လာ ၇၉၈ ဖြစ်သည်။ သတိပြုရန်မှာ ဤဈေးနှုန်းများမှာ tablet ဈေးနှုန်းသာဖြစ်ပြီး သီခြားတပ်ဆင်နိုင်သည့် keyboard ကာဗာ မပါရှိပေ။

Tablet နှင့် Touch Cover keyboard (ထိတွေ့မှုသုံး keyboard ကာဗာ) အား ပူးတွဲဝယ်ယူလျှင် စင်ကာပူဒေါ်လာ ၇၉၈ နှင် ၉၃၈ အသီးသီး ကျသင့်မည်ဖြစ်သည်။ သီးခြား ဝယ်ယူမည် ဆိုပါက Touch Cover keyboard မှာ စင်ကာပူဒေါ်လာ ၁၆၈ ဖြစ်ပြီး Type Cover keyboard မှာမူ စင်ကာပူဒေါ်လာ ၁၈၃ ဖြစ်သည်။

Microsoft အနေဖြင့် Windows 8 အား ချုံ့ထားသည့် Surface RT tablet နှင့် စွမ်းရည်မြင့် Intel Core-i ပရော်ဆက်ဆာသုံးပြီး Windows 8 ၏ features များအား အပြည့်အဝ အသုံးချနိုင်မည့် Surface Pro tablet ၂ မျိုးအား ထုတ်လုပ် ရောင်းချလျက်ရှိပြီး စင်ကာပူတွင်မူ လက်ရှိအချိန်၌ Surface RT ကိုသာ ရောင်းချသွားမည်ဖြစ်သည်။

Surface RT အား သုံးစွဲရာတွင် Windows 8 လုပ်ဆောင်ချက်များတွင် ကန့်သတ်ချက်များ ရှိနေမည်ဖြစ်ပြီး အထူးသဖြင့် Windows 8 app များ အားလုံးကို သုံးစွဲနိုင်မည် မဟုတ်ပေ။ သို့သော်လည်း Microsoft Office ၏ RT version ကိုမူ ထည့်သွင်းပေးထားမည် ဖြစ်သည်။

Microsoft ၏ app store သည် Surface tablet များ စတင်ထွက်ရှိလာသည့် ၂၀၁၂ အောက်တိုဘာလမှ နောက်ပိုင်းတွင် app များ ပိုမိုများပြားလာခဲ့ပြီး လက်ရှိအချိန်၌ စုစုပေါင်း ၅၀၀၀၀ ခန့် ရှိနေပြီဖြစ်သည်။ ဤ ပမာဏမှာ Apple နှင့် Android တို့၏ app store များနှင့် နှိုင်းယှဉ်လျှင်မူ သုညတစ်လုံးစာ နည်းပါးနေဆဲဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့