Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 1 April 2013

မြန်မာစာစနစ်ဖြင့် OpenOffice 3.0 ကိုအသုံးပြုချင်သူများအတွက်


ကျွန်တော်တို့ မြန်မာ ပညာရှင်တွေ ရဲ့ကြိုးစား မှုတွေကြောင့် အခုနောက်ပိုင်းမှာ Myanmar Version Project
တွေ တစ်ခုပြီး တစ်ခုထွက်ပေါ်လာနေတာ ဟာကျွန်တော်တို့လို အသုံးပြုသူများ အတွက်တော့ ၀မ်းသာစရာနဲ့ပြီးတော့ ဂုဏ်ယူစရာပါပဲ .. အခုလည်း ညီလေးတစ်ယောက် စီဘောက်မှာ မေးထားလို့ ရှာကြည့်လိုက်ရင်းနဲ့
OpenOffice.org ရဲ့ Project တစ်ခုဖြစ်တဲ့ Microsoft Office ကဲ့သို့ မြန်မာစာ စနစ်ဖြင့် အသုံးပြု နိုင်တဲ့
OpenOffice 3.0 ကို အသုံးပြုချင်သူတွေ အတွက် OpenOffice 3.0 ကိုမိတ်ဆက် ပေးချင်ပါတယ် .. ကျွန်တော်
အခုနောက်ထပ် စမ်းသပ် ဗားရှင်းအဖြစ် ထုတ်ထားတဲ့ OOo_3.0.0_081115_Win32 ကို အသုံးပြု ချင်သူတွေ
အတွက် ဘယ်လို ဒေါင်းလော့ ချပြီး အသုံးပြုလို့ ရမယ်ဆိုတာကို ရေးပေးသွား ပါမယ် ..
Microsoft Office လောက် ပြည့်စုံမှုမရှိသေး ပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုး တွေ အတွက်တော့ မြန်မာစာ
စနစ်ဖြင့် အသုံးပြုလို့ ရမှာ ဖြစ်တဲ့ အတွက် စိတ်ဝင်စား လိမ့် မယ်လို့ ထင်ပါတယ် . ဒါပေမယ့် Unicode 5.1 နှင့်
လိုက်လျောညီထွေသော ( Padauk, Myanmar3, Parabaik ) တို့ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် မိမိတို့
ကွန်ပျူတာမှာ Unicode Font ကို Install လုပ်ထားဖို့ လိုပါလိမ့်မယ် .. Unicode Font ကိုမိမိတို့ ကွန်ပျူတာမှာ
အင်စတောလုပ်ဖို့ မရှိသေးရင် အရင်ဆုံးအင်စတောလုပ်ဖို့  ဒီမှာပါခင်ဗျာ
ရလာတဲ့ဖောင့်ကိုကော်ပီဆွဲပြီး ကွန်ထရိုးပန်နယ်က ဖောင့်ဆိုတဲ့အထဲကို ပေ့စ်ချလိုက်ရင်
အင်စတောပြီးပါပြီ။
 ရေးမယ်ဆိုရင် ဇော်ဂျီကီးဘုတ်နဲ့ရေးမရတာကြောင့် burmese keyboard က   ဒီမှာပါခင်ဗျာ
အဲဒါကိုတော့ နှစ်ချက်နှိပ်လိုက်ရင် အင်စတောပြီးပါပြီ။
ပြီးရင် OpenOffice ကိုဒေါင်းဖို့(ဖိုင်ဆိုက်ကတော့နည်းနည်းကြီးပါတယ်) ဒီမှာပါခင်ဗျာ
Unicode Font ကိုအရင် အင်စတောလုပ်ပြီးမှ မြန်မာလိုမြင်ရမှာပါ။ ယခင်ရှိပြီးသားဇော်ဂျီဖောင့်နဲ့
မြင်ရမှာမဟုတ်ပါဘူး။
 
ဒေါင်းလော့ချပြီး သွားပြီ ဆိုရင်တော့ ဒီကောင်လေးကို ဘယ်လို Install လုပ်ရမယ် ဆိုတာကို ကျွန်တော် အောက်မှာ
ပြပေးထားပါတယ် .. အရင်ဆုံး ဒေါင်းလော့ ချလို့ရလာတဲ့ File လေးကို Double Click လုပ်ပြီး ဖြည်လိုက်ပါ ..
ပြီးရင် Auto Run သွား ပါလိမ့်မယ် ..
ပြီးပြီဆိုတာကိုနှိပ်ပြီးသွားရင် အပေါ်ဆုံးက ပုံအတိုင်းပေါ်လာပါလိမ့်မယ်။
အောက်မှာ ကျွန်တော်တို့ အနေနဲ့ Microsoft Office မှာ အသုံးပြုသလို Word , Excel , Powerpoint
တို့လို အသုံးပြု နိုင်မှာ ဖြစ်ပါတယ် .. Word အစား မှတ်တမ်းမှတ်ရာ စာသား ၊ Excel အစား ဖြန့်သော
အလွှာချပ် Powerpoint အစား တင်ပြချက်တို့ကို ကလစ်ပြီး အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။
အောက်က ပုံမှာတော့ ကျွန်တော် မှတ်တမ်းမှတ်ရာ စာသား မှာတွေ့ရတဲ့ မြင်ကွင်းကို
ဖော်ပြပေး ထားတာ ဖြစ်ပါတယ်။
ဒီအောက်က ပုံမှာတွေ့ရတဲ့ ပုံကတော့ ဖြန့်သော အလွှာချပ် မှာတွေ့ရတဲ့ မြင်ကွင်းကို
ဖော်ပြပေး ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ကျွန်တော့် အနေနဲ့ OpenOffice 3.0 ကိုအသုံး ပြုချင်သူတွေ အတွက်
ကျွန်တော် လေ့လာမိသလောက် ပြန်ပြီး မိတ်ဆက် ပေးတာပဲ ဖြစ်ပါတယ် ။
အားလုံးပဲအဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
 
 
ပျက်နေသောလင့်များကိုမပျက်တဲ့နေရာကနေရှာပြီး ဖြတ်ညှပ်ကပ်ပေါင်းစပ်ရှာဖွေ
တင်ပြလိုက်ပါတယ်။ အားလုံးအဆင်ပြေကြပါစေဗျာ။ ကျနော်တော့ အခုနည်းနဲ့အ
ဆင်ပြေသွားပါပြီ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့