Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 25 April 2013

PhotoShop နဲ့ ဓါတ်ပုံဘောင်ထည့်နည်း



ဒီပို့စ်လေးကတော့ ကျွှန်နော်အမြဲလိုလို လုပ်နေကြ ဘောင်ထည့်နည်းလေးပါ။

စိတ်ဝင်စားသူများအတွက်တင်ပြပေးလိုက်ပါတယ်။
လေ့ကျင့်ခန်းမစခင် သင်ပြုလုပ်ချင်တဲ့ ဓါတ်ပုံလေးကို သင့်ကွန်ပျူတာထဲသို့ အရင်ဆုံး ကူးထည့်ထားလိုက်ပါ။

ကျနော်ကတော့အပေါ်ကပုံနဲ့ဘဲပြုလုပ်ပြပါမယ်။
  • အပိုင်း (၁)
သင်ပြုလုပ်ချင်တဲ့ ဓါတ်ပုံလေးကို Adobe Photoshop ကိုသုံးပြီး ဖွင့်လိုက်ပါ။





PhotoShop ရဲ့အပေါ်ဘယ်ဘက်မှာ File ခလုပ်ကိုနှိပ်ပြီး Open ကိုကလစ်ပါ၊


Layer မှာ ဒီအတိုင်းပေါ်နေပါမယ်။





ပုံပွင့်လာရင် Layer Box ထဲမှာ သော့ခလောက်လေးခတ်ထားတာကိုတွေပါမည်။




Background ကသော့လေးကိုတော့ ဒီလိုနည်းနဲ့ဖွင့်လိုက်ပါ...။




Layer menu က New ထဲဝင်ပြီး Layer From Background… ကို ရွေးလိုက်ပါ။


New Layer box တစ်ခုပေါ်လာပါမယ်။
Name နောက်မှာ ကြိုက်တဲ့အမည်ပေးပြီး OK လုပ်လိုက်ပါ။





Layer မှာသော့ပုံလေးပျောက်သွားပါမယ်။





  • အပိုင်း (၂)
Image Menu က Canvas Size…ကို ရွေးလိုက်ပါ။ Alt + Ctrl +C ကို နှိပ်လည်းရပါတယ်။





အောက်မှာပြထားတဲ့အတိုင်း Canvas Size ပေါ်လာပါမယ်။





အောက်မှာပြထားတဲ့အတိုင်း Width နဲ့ Height ကို 3 စီထားလိုက်ပြီး Relative ကို On ပေးလိုက်ပါ တယ်။ ပြီးရင် OK ကို Click လုပ်လိုက်ပါ။ (အကြီးအသေးကတော့ ကြိုက်ရာထား၍ရပါသည်။)





အောက်မှာ တွေ့ရတဲ့အတိုင်း ဓာတ်ပုံရဲ့ဘေးပတ်လည်မှာ နေရာလွတ်ကလေးတွေ့ရပါမယ်။





  • အပိုင်း (၃)
Layer Menu က New ကို သွားပြီး Layer ကို ရွေးလိုက်ပါ။ Shift + Ctrl + N ကိုရွေးရင်လည်း ရပါတယ်။






အောက်ပါအတိုင်း New Layer Box ပေါ်လာရင် Neme မှာ ကြိုက်ရာ အမည်ပေးလိုက်ပါ။



ပြီးရင် OK ကို Click လုပ်လိုက်ပါ။

Layer Palette ကို ကြည့်လိုက်ပါ။ အောက်ပါအတိုင်းပုံလေးပေါ်နေမယ်။





Layer 1 ကို အပေါ်နှင့်အောက်ပြောင်းရန်ပုံအပေါ်မျှားတင်၍နှိပ်ထားကာဆွဲတင်လိုက်ပါ။


B-1 Layer ကို Click ထားပါ။

Set foreground color မှ အမဲရောင်လေးကိုရွေးလိုက်ပါတယ်။ မိမိနှစ်သက်တဲ့အရောင်ရွေးနိုင်ပါတယ်။





Edit menu က Fill ကိုရွေးလိုက်ပါ။ Shift + F5 နှိပ်လည်းရပါတယ်။



ဓာတ်ပုံရဲ့ဘေးပတ်လည်မှာ အမဲရောင်လေးပေါ်လာပါတယ်။

  • အပိုင်း (၄)
 Window Menu က Style ကို ရွေးလိုက်ပါ။



ဘယ်ဘက်ဘေးမှာအောက်ပုံအတိုင်း ပေါ်လာပါမယ်။ ဒါကကျနော် အွန်လိုင်းပေါ်ကရတဲ့ Style ကိုထည့်ထားတာပါ။ (Google မှာရှာနိုင်ပါတယ်၊ Free site တွေအများကြီးရှိပါတယ်)




အဲဒီ Style box ထဲက ကြိုက်တာလေးကို Click လိုက်ပါ။



ကျနော်အနီရောင်အကွက်ထဲက ရွေးလိုက်တဲ့စတိုင်လေးကအောက်ပါအတိုင်း ဘောင်လေးဖြစ်သွားပါတယ်။





ဒါကနမူနာအနေနဲ့လွယ်တာနဲ့လုပ်ပြတာပါ၊ အွန်လိုင်းပေါ်မှာ ဓါတ်ပုံဘောင်အတွက်သီးသန့် Style Layer
တွေကို Free ရယူနိုင်ပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ Layer Menu ထဲက Flatten Image ကိုရွေးပြီး Layer တွေကို ပေါင်းလိုက် ပါ။





Layer မှာ အောက်ပါအတိုင်း Background ဆိုပြီးဖြစ်သွားပါမည်။





Save လိုက်ရင်ပြီးသွားပါပြီ...။

သူငယ်ချင်းတို့နည်းပညာတိုးပွားပါစေ...။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့