Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 11 April 2013

Sim Card များအား ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသော်လည်း ဖုန်းခေါ်ဆိုခများမှာ အာဆီယံနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်မားနေဆဲ


Sim Card များအား ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသော်လည်း ဖုန်းခေါ်ဆိုခများမှာ အာဆီယံနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်မားနေဆဲ


Photo: Sim Card များအား ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသော်လည်း ဖုန်းခေါ်ဆိုခများမှာ အာဆီယံနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်မားနေဆဲ ရွှေပြည်တံခွန်ကုမ္ပဏီမှ ကျပ် ၅၀၀၀ တန်ဖုန်းများအား အစိုးရ နှင့် ပြုချက်ရလျှင် ထွက်ရှိလာမည် ဟုသတင်းထွက်ပေါ်လာအပြီး ပြည်သူများအကြားစိတ်ဝင်စားမှု မြင့်တက်လာသော တန်ဖိုးနည်း ဖုန်းများကို Sim Card တစ်ခုလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ဧပြီလ ၂၄ ရက်နေ့တွင် စတင်ရောင်းချပေး သွားမည်ဖြစ်သော်လည်း ဖုန်းခေါ် ဆိုခများမှာ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါကဈေးနှုန်းမြင့်မားနေ ဆဲဖြစ်ကြောင်း ပြည်သူများအကြား ဝေဖန်သံများထွက်ပေါ်လျက်ရှိ သည်။ အာဆီယံနိုင်ငံများနှင့် အိမ် နီချင်းနိုင်ငံအချို့တွင် Sim Card များအား အလွန်သက်သာသော နှုန်းထားဖြင့်ရောင်းချပေးပြီး ဖုန်း ခေါ်ဆိုခများမှာ ပြည်တွင်းနှင့် နှိုင်းယှဉ်ပါက အလွန်သင်သာ ကြောင့် နိုင်ငံခြားသင်္ဘောသား တစ်ဦးကပြောသည်။ “ကျွန်တော် မလေးရျားမှအလုပ်လုပ်တုန်းက သူတို့ Coustomer ကို ၀န်ဆောင် မှုတွေပေးတယ်။ အချိန်သတ်မှတ် ပြီး Free Call ပေးတာကို နောက် သူငယ်ချင်းတွေဖွဲ့ခွင့်ပေးပြီး သူတို့ အချင်းချင်းဆက်ရင် Free Call ပေးတာတို့ တစ်လအတွင်းမှာလည်း အချိန်သတ်မှတ်ပေးပြီးအလကား ခေါ်ဆိုခွင့်ပေးတာမျိုးရှိပါတယ်”ဟု မလေးရှားနိုင်ငံတွင် ၅ နှစ်ကြာ အလုပ်ကိုင်ဖူးသောကိုဇော်လင်းဟိန်း ကပြောသည်။ လက်ရှိတွင်ပြည်တွင်းဖုန်း ခေါ်ဆိုခများမှာ တစ်မိနစ်လျှင် ၅၀ ကျပ်နှုန်း၊ SMS တစ်စောင် နှုန်းလျှင် ၂၅ ကျပ်နှုန်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့နိုင်ငံက ပြုပြင်ပြောင်းလဲရေးကို ကြိုးစား လုပ်နေရတယ်။ ဒီလိုအချိန်မှာ ပြည်သူကမျှော်လင့်တာများနေ တယ်။ အရင် ၁၅ သိန်းကနေ အခု ၁၅၀၀ တောင်ဖြစ်လာပြီပဲ။ ပြည်သူတွေအသုံးပြုတာများလာ ရင် ဖုန်းခေါ်ဆိုခလည်း တဖြည်း ဖြည်းလျော့နည်းလာမှာပါ”ဟု နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့ ၀င်ဦးလှမောင်ရွှေကမှတ်ချက်ပြု ပြောကြားသည်။ ဘိုဘိုမင်း The Hot News
ရွှေပြည်တံခွန်ကုမ္ပဏီမှ ကျပ် ၅၀၀၀ တန်ဖုန်းများအား အစိုးရ နှင့် ပြုချက်ရလျှင် ထွက်ရှိလာမည် ဟုသတင်းထွက်ပေါ်လာအပြီး ပြည်သူများအကြားစိတ်ဝင်စားမှု မြင့်တက်လာသော တန်ဖိုးနည်း ဖုန်းများကို Sim Card တစ်ခုလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ဧပြီလ ၂၄ ရက်နေ့တွင် စတင်ရောင်းချပေး သွားမည်ဖြစ်သော်လည်း ဖုန်းခေါ် ဆိုခများမှာ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါကဈေးနှုန်းမြင့်မားနေ ဆဲဖြစ်ကြောင်း ပြည်သူများအကြား ဝေဖန်သံများထွက်ပေါ်လျက်ရှိ သည်။
အာဆီယံနိုင်ငံများနှင့် အိမ် နီချင်းနိုင်ငံအချို့တွင် Sim Card များအား အလွန်သက်သာသော နှုန်းထားဖြင့်ရောင်းချပေးပြီး ဖုန်း ခေါ်ဆိုခများမှာ ပြည်တွင်းနှင့် နှိုင်းယှဉ်ပါက အလွန်သင်သာ ကြောင့် နိုင်ငံခြားသင်္ဘောသား တစ်ဦးကပြောသည်။ “ကျွန်တော် မလေးရျားမှအလုပ်လုပ်တုန်းက သူတို့ Coustomer ကို ၀န်ဆောင် မှုတွေပေးတယ်။ အချိန်သတ်မှတ် ပြီး Free Call ပေးတာကို နောက် သူငယ်ချင်းတွေဖွဲ့ခွင့်ပေးပြီး သူတို့ အချင်းချင်းဆက်ရင် Free Call ပေးတာတို့ တစ်လအတွင်းမှာလည်း အချိန်သတ်မှတ်ပေးပြီးအလကား ခေါ်ဆိုခွင့်ပေးတာမျိုးရှိပါတယ်”ဟု မလေးရှားနိုင်ငံတွင် ၅ နှစ်ကြာ အလုပ်ကိုင်ဖူးသောကိုဇော်လင်းဟိန်း ကပြောသည်။
လက်ရှိတွင်ပြည်တွင်းဖုန်း ခေါ်ဆိုခများမှာ တစ်မိနစ်လျှင် ၅၀ ကျပ်နှုန်း၊ SMS တစ်စောင် နှုန်းလျှင် ၂၅ ကျပ်နှုန်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့နိုင်ငံက ပြုပြင်ပြောင်းလဲရေးကို ကြိုးစား လုပ်နေရတယ်။ ဒီလိုအချိန်မှာ ပြည်သူကမျှော်လင့်တာများနေ တယ်။ အရင် ၁၅ သိန်းကနေ အခု ၁၅၀၀ တောင်ဖြစ်လာပြီပဲ။ ပြည်သူတွေအသုံးပြုတာများလာ ရင် ဖုန်းခေါ်ဆိုခလည်း တဖြည်း ဖြည်းလျော့နည်းလာမှာပါ”ဟု နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့ ၀င်ဦးလှမောင်ရွှေကမှတ်ချက်ပြု ပြောကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့