Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

ဓာတ်ငွေ့တာဘိုင် လျှပ်စစ်ဓာတ်အားပေး စက်များ ပြုပြင်မှုကို နိုင်ငံတကာ ဈေးစနစ်ဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်မည်


ပြည်တွင်းရဲ့ လျှပ်စစ်ကဏ္ဍမှာ လျှပ်စစ်ဓာတ်အား လုံလောက်မှု ရှိစေဖို့ အတွက်ပြည်တွင်းရဲ့ လက်ရှိ ဓာတ်ငွေ့ တာဘိုင် ဓာတ်အားပေး စက်များကို
ခေတ်မီအောင် ပြုလုပ်ပေး သွားမှာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်မှ သတင်းများ အရ သိရ ပါတယ်။ ဒါ့ကြောင့် ဓာတ်ငွေ့တာဘိုင် လျှပ်စစ်ဓာတ်အားပေး စက်များအား ခေတ်မီအောင် ပြုလုပ်ရေးမှာ ပေးသွင်း တပ်ဆင် ကန်ထရိုက် စာချုပ် ပါရရှိရမှာ ဖြစ်ပြီး အဆိုပါ ကန်ထရိုက်ချ ပေးရာမှာလည်း နိုင်ငံတကာမှ ဈေးပြိုင် စနစ်နဲ့ တင်ဒါခေါ်ယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကမ္ဘာ့ ဘဏ်မှ ၀ယ်ယူမှုစည်းမျဉ်းများ အတိုင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဆိုပါ ကန်ထရိုက်မှာ အင်ဂျင်နီယာ အလုပ်၊ စီမံခန့်ခွဲရေး ၀န်ဆောင်မှု၊ စက်ပစ္စည်း ထောက်ပံ့ရေးနဲ့ တည်ဆောက်မှု၊ ကြီးကြပ်ရေး၊ စမ်းသပ်ခြင်းနဲ့ စက်ကို လည်ပတ်စေခြင်းများ ပါဝင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကိစ္စရပ်များ ပါဝင်မှာ ဖြစ်တဲ့အပြင် ကန်ထရိုက် စာချုပ်မှာ တည်ဆောက်နေစဉ် ကာလ အတွင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုစီမံခန့်ခွဲရေး စီမံကိန်းများလည်း ပါဝင်နိုင် တယ်လို့ သိရပါတယ်။ ဒီလို ဓာတ်ငွေ့ တာဘိုင်များ ခေတ်မီအောင် ပြုလုပ်ဖို့ စီမံကိန်းတွေ ကိုတော့ အဆိုပြုထားပြီး ပတ်ဝန်းကျင် ဆိုင်ရာနဲ့ လူမှုရေး သက်ရောက်မှု လေ့လာချက် တစ်ခုကို ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော် အစိုးရ ကလည်း စီမံကိန်းရှိရာ နယ်မြေ ၀န်းကျင်ရှိ ပြည်သူများနဲ့ တိုင်ပင် ညှိနှိုင်းမှုများ ပြုလုပ်နေ တယ်လို့ သိရပါတယ်။ စီမံကိန်း အတွက် ခန့်မှန်း ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာသန်း ၁၄၀ ဖြစ်ပြီး ကမ္ဘာ့ဘဏ် အုပ်စုရဲ့ လျော့ပေါ့ချေးငွေ အဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ တိုးတက် ဖွံ့ဖြိုးရေး အသင်း IDA က အတိုးမဲ့ချေးငှား ပေးသွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့