Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

အသင်းပရိသတ်များကို မျက်ရည်ဖြင့် နှုတ်ဆက်ခဲ့သည့် နေမာ


ဆန်းတို့စ်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်တဲ့ နေမာ ဟာ အသင်းပရိသတ်များကို
နှုတ်ဆက်ချိန်တွင် မျက်ရည်များဖြင့် နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါကစားသမားဟာ ပြီးခဲ့တဲ့ ဖလာမင်ဂိုအသင်းနဲ့ ဂိုးမရှိသရေ ကျခဲ့တဲ့ပွဲစဉ်အပြီးမှာ အသင်းပရိသတ်များကို နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နေမာ အနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့တော့မှာဖြစ်တာကြောင့် အသင်းပရိသတ်များကို နှုတ်ဆက်ခဲ့ခြင်းဖြစ်ပြီး နှုတ်ဆက်ချိန်တွင် အသင်းပရိသတ်များဟာ သူရဲ့နှလုံးသားထဲတွင် အမြဲတမ်ရှိနေမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ နေမာ ဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ရာသီများထဲက အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းကို ၅ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တာ ဖြစ်ပါတယ်။
 
နေမာအနေနဲ့ဆန်းတို့စ်အသင်းမှာ ၁၀ ရာသီကြာ ကစားခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အဆိုပါကစားသမားက အသင်းပြောင်းရွှေ့ခဲ့တာနဲ့ ပတ်သက်ပြီး မိမိဟာ ဆန်းတို့စ်အသင်းမှာ ကစားနေစဉ်အတွင်း အကောင်းဆုံးခြေစွမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့ကြောင်း၊ အသင်းပရိသတ်များဟာ မိမိရဲ့ နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ နေမာ ကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဘာစီလိုနာအသင်းနဲ့အပြိုင် ကမ်းလှမ်းခဲ့ပေမယ့် နေမာ က ဘာစီလိုနာအသင်းကိုသာ ရွေးခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
 
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့