တရုတ်သမ္မတ ရှီကျင်းပင်က အမေရိကန်သမ္မတ အိုဘားမားနဲ့ လာမယ့်လမှာ ပြုလုပ်မယ့် တွေ့ဆုံဆွေးနွေးမှုကနေ
အကျိုးဖြစ်ထွန်းစေတဲ့ ရလဒ်ကောင်းတွေရရှိဖို့ မျှော်လင့်လျက်ရှိတယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ ဒီပြောကြားချက်ကို တရုတ်သမ္မတရှီ က အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Tom Donilon နဲ့ ပေကျင်းမြို့မှာ ပြီးခဲ့တဲ့ တနလာင်္နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ရှီကျင်းပင် သမ္မတ တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း တရုတ်သမ္မတအဖြစ် အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ် သွားရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ သမ္မတရှီ ကတော့ ကဏ္ဍပေါင်းစုံ အတူအကွ ပူးပေါင်းဆောင်ရွက်ရေးနဲ့ပက်သက်ပြီး ဆွေးနွေးသွားဖို့ ဆန်္ဒရှိကြောင်း၊ နှစ်နိုင်ငံအပြန်အလှန် နားလည်မှုနဲ့ယုံကြည်မှု တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့ပါတယ်။
မကြာခင် ကျင်းပပြုလုပ်မယ့်တရုတ်-အမေရိကန် ညီလာခံဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးတဲ့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်မယ်လို့ ၄င်းအနေနဲ့ယုံကြည်ကြောင်း သမ္မတရှီ က ထပ်မံပြောကြားခဲ့ပါတယ်။ မကြာခင် ကျင်းပပြုလုပ်သွားမယ့် အဆိုပါ ညီလာခံအတွင်း မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီးလည်း ထည့်သွင်းဆွေးနွေးသွားဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

No comments:
Post a Comment