Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

ပြည်တွင်းရှိ လေယာဉ်များအား Safety ပိုင်းနှင့် လုံခြုံရေးပိုင်းအား ICAO စစ်ဆေးနေ


ပြည်တွင်း ပြည်ပ လေကြောင်း လိုင်းများမှ လေယာဉ်များကို မတော်တဆ ဖြစ်ပွားမှု မဖြစ်ပေါ် စေရေး အတွက် ICAO မှ လုံခြုံစိတ်ချမှု Safety ပိုင်း
အတွက် စစ်ဆေးသလို လုံခြုံရေးပိုင်း Security ကိုပါ စစ်ဆေးလျက် ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းရှိ လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနဟာ ICAO အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အဖွဲ့ဝင် သက်တမ်း အနေနဲ့ ကြာမြင့် လာတာနဲ့အမျှ မြန်မာနိုင်ငံ လေကြောင်း လိုင်းများ အနေနဲ့ အထိုက်အလျောက် သက်တမ်းနဲ့ အတွေ့အကြုံ များလည်း ရလာနိုင်မှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု အနေနဲ့ လေကြောင်း Type of Operation ချဲ့ထွင်ဖို့လည်း ရှိပြီး ရင်းနှီးမြှုပ်နှံဖို့ အတွက် ကိုယ်တိုင် ဒါမှမဟုတ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှု Joint venture အစရှိတဲ့ အခွင့်အလမ်းတွေ ပေါ်လာတဲ့ အချိန်မှာ အရေးကြီးတဲ့ အဓိက အချက်ဟာ Safety ပိုင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို Safety ပိုင်းနဲ့ ပတ်သက်ပြီး ICAO ရဲ့ သတ်မှတ်ချက်တွေ အတိုင်း လေကြောင်း လိုင်းများ တည်ထောင်ခြင်း၊ လေယာဉ်မှူးများ လိုင်စင် ထုတ်ပေးခြင်း၊ လေယာဉ်ကွင်းများ တည်ဆောက်ခြင်း ဆိုတဲ့ လေကြောင်းဆိုင်ရာ ကိစ္စအားလုံးကို ဆောင်ရွက် နေရပြီး မြန်မာနိုင်ငံ အနေနဲ့ နှစ်စဉ် ဖြတ်ကျော် ပျံသန်းခ အမေရိကန် ဒေါ်လာ သန်း ၇၀ လောက် ရရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် လေကြောင်း လိုင်းများ အတွက် အသက်နဲ့ လုံခြုံမှုဖြစ်တဲ့ အတွက် Safety ပိုင်း နဲ့ဆက်နွယ်နေတဲ့ လူတွေရဲ့ ပရောဂပါတဲ့  ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ လုံခြုံမှုလည်း ပါဝင်တာကြောင့် လေယာဉ်များက သတ်မှတ် လေကြောင်း လမ်းများ အတိုင်း စနစ်တကျ ပျံသန်းနိုင်ရေး အတွက် လေကြောင်း ထိန်းသိမ်းရေး ၀န်ဆောင်မှုကို ၂၄ နာရီ အချိန်ပြည့် ၀န်ဆောင်မှုများ ဆောင်ရွက်ပေး လျက်ရှိတယ်လို့ သိရှိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့