အမျိုးဘာသာ၊သာသနာကို ကမ္ဘာတည်သရွေ့ အရှည်ခန့်ညား ထွန်းကားပြန့်ပွားရေးသည် ဗုဒ္ဓဘာသာ ၀င်တိုင်းရဲ့ ရင်တွင်းဆန္ဒ မျှော်လင့်ချက်ပင် မဟုတ်ပါလား....?။ ထိုရည်ရွယ်ချက် အောင်မြင်စေဖို့ ခေတ်ပညာ သတ်သိခြင်းအပေါ်တွင် မြတ်ဗုဒ္ဓ၏ သာဘာရေး ကိုယ်ကျင့်တရားတို့ဖြင့် ထိန်းချုပ်၍ အတ္တလွန် စရိုက်ဆိုးများကို ဖယ်ရှားကာ အများကောင်းကျိုးကို စွမ်းစွမ်းတမံသည်ပိုး ရွက်ဆောင်ကြမည့် လူသားအရင်းအမြစ်များ များဖို့လိုအပ်ပေသည်။
မျက်မှောက်ကာလ အခြေအနေတွင် အရေးကြုံလာ မနေသာသည့်အခြေမှို သာသနာ့အကျိုးတော်ဆောင် ဆရာတော်ကြီးများက “ မိမိအရေး ခဏစတေးကာ” ရင်းသွေးငယ်တို့၏ နှလုံးသားဝယ် မြတ်ဘုရားတည်စေဖို့ အခြေခံအုတ်မြတ်တို့ ပန္နက်ရိုက် စိုက်ထူးပေးနေကြတာ အားလုံးအသိပင်ဖြစ်ပေသည်။ ထိုထိုအထဲတွင်မှ
“ ဗုဒ္ဓဘာသာ ၊ လူဖြစ်လာရ
မြတ်ဘ၀၀ယ် ၊ မာနမဖက်
ဓမ္မစက်ဖြင့် ၊ မျိုးဆက်မြန်မာ
တိုးတက်စွာလျှင် ၊ ရှည်ကြာတည့်တံ့
ဗုဒ္ဓသာသနာ ၊ ကမ္ဘာပြန့်ဖို့
ကြံ့ကြံ့ခိုင်ကျည် ၊ တို့ကြိုးစားကြမည်”.
ဆိုသည့် အဓိဌာန်နဲ့အညီ “ ဗုဒ္ဓဓမ္မစက် မပြတ်အစဉ် လည်ပတ်စေဖို့ ” မနားမနေ ကြိုးပမ်းဆောင်ရွက်နေသည့် မန္တလေးမြို့ အရှေ့ဖက် ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာ ရေတံခွန်တောင်ခြေ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိပ်သာ၏သာသနာရေး ဆောင်ရွက်ချက်လုပ်ငန်းများကား ကြားရသူတိုင်းကို ပီတိဘ၀င်လှိုင်းထစေပါသည်။


ဒါတင်ပဲလားဆိုတော့ မကသေးပါ။ မန်းရွှေမြို့တွင်း၌ ဓမ္မာရုံများ၊ ကျောင်းများတွင် အပတ်စဉ် Sunday school များဖြင့် ဓမ္မမျိုးဆက်သစ်တို့ လက်ဆင့်ကမ်းပေး သင်ကြားပို့ချပေးလျှက်ရှိပါပြီ။ တဖန် ရပ်နီး၊ ရပ်ဝေးမြို့ရွာများမှ ပညာသင်စရိတ် အခက်အခဲရှိသော ကျောင်းသား ကျောင်းသူများအတွက် ရည်ရွယ်၍ “လူငယ်ယဉ်ကျေးမှုနှင့် ပညာရေးဒါန ဖောင်ဒေးရှင်း”ဖွဲ့ကာ တက္ကသိုလ်အဆင့်ထိတိုင် လိုအပ်သလို ထောက်ပံ့ ချီးမြှင့်ပေးနေတာ ခုဆိုရင် မန်းမြို့ပေါ်မှာ ဆန်းဒေးစကူးအပါအ၀င် (၁၅)ဋ္ဌါနလောက်ထိ ဖြန့်ဝေလျှက်ရှိနေပါပြီ။ တို့ဗုဒ္ဓဘာသာတွေအနေနဲ့ ခုလို ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာအတွက် အင်တိုက်အားတိုက် ထောက်ပံ့ပေးမှု တွေ ပေါ်ပေါက်လာတာဟာဖြင့် အလွန်အင်မတန်မှ ၀မ်းမြောက်ဖွယ်ဖြစ်သလို မိမိတို့ဖက်မှလည်း အုတ်တချပ်၊ သဲတပွင့်စာ နိုင်ရာတာဝန်တို့ ထမ်းလို့ ဘာသာ၊သာသနာအတွက် ပါဝင်သင့်လှပေသည်။

No comments:
Post a Comment