Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

လာမည့် ဇွန်လကုန်တွင် အမှိုက်သိမ်းယာဉ် ၄၂ စီး ထပ်မံရောက်ရှိ လာရန်ရှိ


လာမယ့် ဇွန်လကုန်မှာ အမှိုက်သိမ်း ယာဉ် ၄၂ စီး ပြည်ပမှ ထပ်မံ ရောက်ရှိ လာရန် ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အမှိုက်သိမ်းယာဉ် ၄၂ စီးမှာ ကားလမ်း များကို ရေဆေးတဲ့ စက်ကိရိယာ ပါဝင်တဲ့ ကား ၂ စီး၊ ကားလမ်းမပေါ်မှ အမှိုက်များ၊ ဖုန်များကို စုပ်ယူနိုင်တဲ့ ကား ၂ စီးနဲ့ အမှိုက်ကား ၃၈ စီး ပါဝင်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ အမှိုက်သိမ်းယာဉ် ၄၂ စီးမှာ ယခင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်က ၀ယ်ယူထားတာ ဖြစ်ပြီး ဂျပန်နိုင်ငံမှ သင်္ဘောနဲ့ သယ်ယူ လာတာကြောင့် ကြန့်ကြာ နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က အမှိုက်သိမ်းယာဉ် ၆၄ စီး၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်မှာ အစီး ၆၀ နဲ့ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်မှာလည်း အမှိုက်သိမ်း ယာဉ်စုစုပေါင်းမှာ ၃၁၂ စီးရှိပြီး ၁၂၄ စီးမှာ ကားအသစ်များ ဖြစ်ပြီး ကျန်တဲ့ ယာဉ်များမှာ သက်တမ်း ကြာနေပြီ ဖြစ်တဲ့ကားများ ဖြစ်တာကြောင့် ပြင်ဆင် ထိန်းသိမ်းပြီး အသုံးပြု နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက် အခြေအနေ ပေါ်မူတည်ပြီး ၀ယ်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့