Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

ဘိုင်ယန်မြူးနစ်အသင်းကို ရွေးချယ်ခဲ့သည့် လီဝမ်ဒေါ့စကီး


ဒေါ့မွန်အသင်းတိုက်စစ်မှူး လီဝမ်ဒေါ့စကီး ဟာ လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်း ကို ပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်ကြောင်း
သိရပါတယ်။ လီဝမ်ဒေါ့စကီး ဟာ ဒေါ့မွန်အသင်းနဲ့ လမ်းခွဲပြီး ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီ   ပြီးခဲ့တဲ့တနင်္လာနေ့က ဒေါ့မွန်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ ပြီးခဲ့တဲ့ရက်အနည်းငယ်ကမှ ဥရောပချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ လီဝမ်ဒေါ့စကီး ဟာ အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့်   ဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
 
ဘိုင်ယန်မြူးနစ်အသင်းကို လာမယ့်ဘောလုံးရာသီမှာ စတင်ကိုင်တွယ်မယ့် နည်းပြသစ် ဂွါဒီယိုလာ က အဆိုပါကစားသမားရဲ့ ခြေစွမ်းကို သဘောကျမှုရှိတာကြောင့် အခုလိုခေါ်ယူခဲ့တာဖြစ်ပြီး အစောပိုင်းကာလတုန်းကလည်း ဘိုင်ယန်မြူးနစ်အသင်းဟာ ဒေါ့မွန်အသင်းကွင်းလယ်လူ ဂေါ့ဇီ ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ ဟေးနက်စ် နောက်ဆုံးကိုင်တွယ်ခဲ့တဲ့  ယခုနှစ်ဘောလုံးရာသီမှာ ဘွန်ဒစ်လီဂါ အမှတ်ပေး ချန်ပီယံဖလား၊ ဥရောပချန်ပီယံလိဂ်ဖလားတို့ကို ရရှိထားတာဖြစ်ပြီး လက်ရှိအချိန်မှာ ပြည်တွင်း အမှတ်ပေးဖလားတစ်ခုဖြစ်တဲ့ ဂျာမန်ပိုကယ်ဖလားရဲ့ ဗိုလ်လုပွဲစဉ် အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စတုဂတ် အသင်းတို့ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အဆိုပါဖလားကိုသာ ရရှိခဲ့ပါ ဘိုင်ယန်မြူးနစ် အသင်းဟာ ယခုနှစ်အတွင်း ဖလား ၃ လုံးဆွတ်ခူးနိုင်ခဲ့တဲ့အသင်း ဖြစ်လာခဲ့မှာ ဖြစ်ပါတယ်။ဒါကြောင့် လီဝမ်ဒေါ့စကီး အနေနဲ့ အစောပိုင်းကာလတုန်းက မန်ယူအသင်းကို ရောက်ရှိဖို့အတွက် နီးစပ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ လီဝမ်ဒေါ့စကီး ဟာဒေါ့မွန်အသင်းမှာ ကစားခဲ့စဉ်က အသင်းအတွက် ၉၈ ပွဲကစားခဲ့ပြီး ၅၄ ဂိုး အထိ သွင်းယူပေးခဲ့တယ်လိုသိရပါတယ်။
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့