Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

သုံးခွမြို့နယ်တွင်လူသတ်မှုဖြစ်ပွါး

၂၈.၅.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် သုံးခွမြို့နယ်၊ သာသာမြိုင်ကျေးရွာနေ ကိုသန့်ဇင်ဝင်း၏ နေအိမ် မြောက်ဘက် ပေ ၁၀၀ ခန့်အကွာ၊ ပေ ၁၀၀ ပတ်လည်ခန့်ရှိ ရေကန်အတွင်းမှ လက်နှင့် ခြေထောက်တို့အား နောက်ပြန်ကြိုး တုတ်လျက် အ၀တ်မပါ အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းရရှိပါသည်။  ----
၂၈.၅.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် သုံးခွမြို့နယ်၊ သာသာမြိုင်ကျေးရွာနေ ကိုသန့်ဇင်ဝင်း၏ နေအိမ် မြောက်ဘက် ပေ ၁၀၀ ခန့်အကွာ၊ ပေ ၁၀၀ ပတ်လည်ခန့်ရှိ ရေကန်အတွင်းမှ လက်နှင့် ခြေထောက်တို့အား နောက်ပြန်ကြိုး တုတ်လျက် အ၀တ်မပါ အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းရရှိပါသည်။

အဆိုပါ သတင်းအရ သုံးခွမြို့နယ်၊ ညောင်လန်းကုန်း ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များမှ သက်သေများ နှင့်အတူ ၂၁၀၀ အချိန်တွင် အလောင်းအား ဆယ်ယူ စစ်ဆေးရာ သေဆုံးသူမှာ ၂၆.၅.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်ခန့်ကပျောက်ဆုံးနေခဲ့သော ကိုသန့်ဇင်ဝင်းနှင့်အတူနေ ဖခင် ဦးလှတင်၊ ၅၀နှစ်၊(ဘ)ဦးဝင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

လည်ပင်းတွင်ညိုမဲ ဒဏ်ရာတွေ့ ရှိရသဖြင့် ကိုသန့်ဇင်ဝင်းမှ အရေးယူပေးရန် တိုင်တန်းခဲ့ရာ သုံးခွမြို့မရဲစခန်းမှ အမှုဖွင့်၍ တရားခံ ဖမ်းဆီး ရမိရေးအတွက် တိုင်း၊ ခရိုင်အဖွဲ့များနှင့် ပူးပေါင်းစုံစမ်းဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ထားပါသည်။




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့