Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

အီရတ်နိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့


အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ ရှီအိုက် လူမျိုးများနေထိုင်ရာဒေသမှာ ကားဗုံးပေါက်ကွဲမှု ၉ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့တဲ့အတွက်
လူ ၃၅ဦးကျော်ခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတွင်းရှိ ဂိုဏ်းဂဏစွဲ ပဋိပက္ခတွေဟာ တဖြည်းဖြည်းပိုမို ပြင်းထန်လာလျက်ရှိပြီး အီရတ် လုံခြုံရေး အာဏာပိုင်တွေကတော့ ပြီးခဲ့တဲ့ တနလာင်္နေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ဆွန်နီစစ်သွေး ကြွ၊ ဒါမှမဟုတ် အယ်ကိုင်ဒါ အဖွဲ့တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ယူဆနေကြပါတယ်။
 
ပေါက်ကွဲမှု တွေထဲက တစ်ခုကတော့ ဘဂ္ဂဒက်မြို့အရှေ့ပိုင်းရှိ မော်တော်ယာဉ် ၂စီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူ ၅ဦးသေဆုံးပြီး ၊ ၂၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်ဆက်တွဲ ပေါက်ကွဲမှု တွေဟာ ဘဂ္ဂဒက်မြို့ရှိ လူစည်ကားရာနဲ့ လူအများနေထိုင်ရာ နေရာတွေမှာ ၂နာရီအတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ပေါက်ကွဲမှုကြောင့် လူ ၃၁ဦး သေဆုံးပြီး ၁၃၄ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူဦးရေဟာ ပိုမိုများပြားလာနိုင်ကြောင်း သိရပါတယ်။
 
အီရတ်ဝန်ကြီးချုပ် နျူရီအယ် မာလီကီကို ဆန့်ကျင်တဲ့ ဆွန်နီစစ်သွေးကြွတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ နိုင်ငံအတွင်း ပိုမိုဆိုးရွားလာလျက်ရှိပြီး အဆိုပါ စစ်သွေးကြွတွေဟာ ရှီအိုက် အစ္စလာမစ်တွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ကုလသမဂ်္ဂရဲ့ ထုတ်ပြန်ချက်အရ အီရတ်နိုင်ငံအတွင်း ပြီးခဲ့တဲ့ ဧပြီလ တစ်လ အတွင်းမှာပဲ ဖြစ်ပွားခဲ့တဲ့ ဂိုင်းဂဏကွဲအကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူ ၇၀၀ကျော် သေဆုံးခဲ့ပြီး ဒါဟာ အီရတ်စစ်ပွဲစတင်ခဲ့တဲ့ ၅နှစ်တာ ကာလအတွင်း လူသေဆုံးမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့