Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 May 2013

တန်ဖိုးသိမှ တန်ဖိုးရှိမည်....၁

ဒီနေ့တော့ ငယ်ကတည်းကနေ ဒီနေ့ ဒီအချိန်ထိ အခြေအနေ ၊ အချိန်အခါ ၊အသက်အရွယ်နဲ့လိုက်လို့  အမျိုးမျိုး ပြောင်းလာခဲ့တဲ့ ambition လေးတွေ ကို list လုပ်ကြည့်မိနေပါတယ်။ ဆယ်တန်း  မအောင်ခင် ကတော့ to become a doctor ပေါ့ ။ ဒီလိုနဲ့  ကြိုးစားလာခဲ့တာ ဆရာဝန် ဖြစ်မယ့်ကံ  မပါလာတော့ to be a successful engineer ပေါ့ ။နောက်ကျတော့  to  be  a  valuable  person ဆို ဖြစ်ချင်ပြန်ရော။ ဒီနောက် တရားနဲ့ တွေ့ တော့ to be a peaceful-minded person ဆိုပြောင်းသွားပြန်ပြီ။ အခုကျတော့  ဒီတရားတွေကို လက်ဆင့်ကမ်းဖြန့်ဝေရင်း တရားအလုပ်တွေကိုသာ လုပ်လိုတဲ့ ဦးတည်ချက်တွေ ဖြစ်လာပြန်တယ်နော်။ ဒီလိုနဲ့ပဲ လက်ရှိထိ အခြေအနေ တွေ အမျိုးမျိုး နဲ့ ဦးတည်ချက်တွေ အမျိုးမျိုး ပြောင်းပြောင်း လာလိုက်တာပါလား။ ကျနော်က အခု ဘာပြောချင်တာလဲ ဆိုတော့ to be a valuable person ဆိုတာလေး နဲ့ ပတ်သက်ပြီးပေါ့ ။
            ဘ၀တစ်ခု ရလာရင်ရလာတဲ့ ဘ၀မှာ တန်ဖိုး ရှိတဲ့လူတစ်ယောက်( တနည်း ) အဖိုးတန်တဲ့  လူတစ်ယောက် ဖြစ်ချင် ခဲ့တာလေ။ ဘယ်လို  လူမျိုးလည်းဆိုရင် လူတစ်ယောက်ဟာ သူရှိနေတဲ့  ပတ်ဝန်းကျင်အပေါ် သူ့ ကိုမှီလို့ သူ့ ကို  အကြောင်းပြုလို့   ကောင်းကျိုး များစွာ ဖြစ်ထွန်းစေခဲ့မယ် ဆိုရင်  ဒီလူဟာတန်ဖိုးရှိတဲ့လူပဲ လို့  ကျနော် သတ်မှတ်ခဲ့ တာပေါ့။ ထန်းပင်လို မကျင့်နဲ့  ၊ ညောင်ပင်ကြီးလို  ကျင့်ဆိုတာ ကြားဖူးမှာပေါ့ ။ ထန်းပင်ကြီးဟာ သူ့ ကိုယ်သူ  မြင့်သည်ထက်မြင့်အောင် ကြိုးစားနိုင်လို့ အမြင့်ကြီးထိ တက်နိုင်တာပေါ့။ သူ့ရဲ့ အောင်မြင် ကျော်ဇော ထင်ရှား လူသိများပုံများ  ပြောမနေပါနဲ့တော့။ ဘယ်နေရာ ဘယ်ရှု့ ဒေါင့် က ကြည့်ကြည့် သူ့ကိုမြင်နိုင်တယ်လေ ။ အနီးက  ကြည့်မလား  ၊  အဝေးက  ကြည့်မလား  သူ ဟာ မြင့်မားလွန်းလို့  မသိသူ မရှိနိုင်အောင် တော်လွန်း တတ်လွန်းနေလို့  အားလုံးရဲ့ မော့ကြည့်ခြင်းကို ခံရတာပေါ့ ။ ဒါပေမယ့်  သူ့  အရိပ်ကို  ကျတော့ ခိုချင်ပါတယ် ဆိုတော့ခိုလို့  ရနိုင်သေးရဲ့လား ? သူ့  အရိပ် အောက် မှာ ခိုနိုင်တဲ့ လူ ဘယ်နှယောက်ရှိနိုင်သလဲ နော် ။
            ဒါကြောင့် ကိုယ် တော်နေ  တတ်နေ နေတာက  ကိုယ့်တစ်ကိုယ်စာအတွက်ပဲ ဆိုရင်  ဒီလူဟာ အများ အတွက် မရှိလည်း  ဖြစ်နေတာပဲနော်။  သူ့ လိုလူမျိုးတော့  မဖြစ်ပါစေနဲ့ နော်။  သိပ်ပြီး အထီးကျန်သိမ်ငယ်စွာနဲ့ ဘ၀ ကြီးကို  အဓိပ္ပါယ်မဲ့စွာ   ဖြတ်သန်းရပါလိမ့်မယ် ။  အဲ ညောင်ပင်ကြီးကျတော့  ထန်းပင်လောက်တော့  မမြင့်ပေမယ့် သူ့  အရိပ်ကို   မြောက်မြားစွာသော   ကျေးငှက်တိရိစ္ဆာန်က   စလို့ လူတွေပါ နားခိုနိုင်ကြလို့  ညောင်ပင်ကြီး  ကတော့  အားလုံးအတွက်   essential ပဲပေါ့ နော်။    ကျနော်က  ညောင်ပင်ကြီးလို   လူမျိုးကို    အားကျပြီး  လောကမှာ လူများကို  အကျိုးပြုနိုင်တဲ့  လူတစ်ယောက် ဖြစ်ချင်ခဲ့တာပေါ့ ။ အင်း  ဒီအကြောင်းတွေကို    ဘာလို့   ပြောဖြစ်သွားတာလည်း  ဆိုတော့ မနက်က နာရတဲ့တရားလေး ကြောင့်ပေါ့။ ခေါင်းစဉ် က “ တန်ဖိုးသိမှ တန်ဖိုး ရှိမယ်တဲ့ ။ သြော် ငါ ဟာ တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်ချင်ခဲ့တာပဲ။  ဒါဆိုတန်ဖိုး သိဖို့တော့ လိုနေတာသေချာပြီပေါ့ ။ ဒါနဲ့ ပဲ ဒီတရားလေးကို သေသေချာချာ လေးနာခဲ့ပါတယ်။  အခုတော့ ကိုယ်သိသလောက်လေး  ဖောက်သည်ချရင်း  ဖတ်ရတဲ့  လူအားလုံး ကို လည်း တန်ဖိုး သိလို့  တန်ဖိုး ရှိစေချင်လာပါတယ်။ကဲစကြစို့…။
                    အခုပြောမယ့် တန်ဖိုးသိဖို့  လိုတဲ့ အရာတွေ က ( ၄ ) မျိုး ရှိတယ် ။  (၁) ပစ္စည်း ၊ (၂) လုပ်အား ၊ (၃) ခန္ဓာ၊(၄) အသိဥာဏ် တို့ ပါပဲ ။ တို့ တွေက ဒီ(၄)မျိုးအပေါ် ဘယ်လို တန်ဖိုးထားနေကြလဲ? သူတို့ရဲ့တန်ဖိုးကို ဘယ်လို နားလည် ထားရမှာလဲ ဆိုတာ တခုချင်းစီ ရှင်းပြပါ့မယ်နော် ။
(၁) ပစ္စည်း
             ပစ္စည်း တစ်ခုကို တန်ဖိုး ထားတယ်ဆိုရင် ကျနော်တို့ဟာ ဒီပစ္စည်းလေး ကိုမပျောက်ပျက်အောင် ၊ မခွဲ ရအောင် ၊ အမြဲကိုယ်နဲ့ မကွာ မပျက်မစီး တည် နေအောင် ထားတာကိုပဲ တန်ဖိုးထားတယ်လို့  ယူဆခဲ့ကြတာနော် ။ တကယ် တော့ ဒါဟာလွဲမှားနေတာပါပဲ ။ ဒီပစ္စည်း ရဲ့တန်ဖိုးကို မသိနိုင်သေးသမျှတော့ တန်ဖိုးရှိအောင်ဘယ်လို လုပ်ရမှန်း သိမှာ မဟုတ်ပါဘူး။ပစ္စည်းနဲ့ကိုယ်နဲ့ ဟာ လက်ဝှေ့ ထိုးနေရသလိုပါပဲ။ကိုယ်ကမစွန့် ရင်သူကကိုယ့်ကိုစွန့် သွားမှာပါ ။ ဒါကြောင့် ဘယ်လို ပစ္စည်းမျိုးပဲ ရရ သူ့  ရဲ့ တန်ဖိုးအစစ်ကတော့ စွန့် ရမယ် ဆိုတာပါပဲ ။ ဒီလို ပစ္စည်းရဲ့တန်ဖိုး  အစစ်ကို သိမှသာ ဒီပစ္စည်းကိုမှီပြီး ပိုမို ကောင်းနဲ့ နေရာ ၊  မြတ်တဲ့ နေရာကို ရောက်နိုင်မှာပါ ။ 
            အဲတော့   တို့ တွေဟာ လက်ရှိဘ၀ကနေ ပိုမိုအဆင့်အတန်းမြင့်တဲ့နေရာကို   ရောက်ချင်တယ်   ဆိုရင်တော့ စေတနာ (၃)တန်ပြဋ္ဌာန်းလို့ ပစ္စည်းရဲ့တန်ဖိုးဖြစ်တဲ့ စွန့် ရမယ် ဆိုတာလေး ကိုသိရှိပြီးလုပ်တဲ့ ဒါနသည်သာဘ၀အဆင့်မြင့်ဖို့  စောင်းတန်းနဲ့  တူမှာပါ  ။ ဒီမှာ စေတနာ (၃) တန် ဆိုတာကတော့ ပစ္စည်း တခုကို ရလာ လိုက်တာနဲ့  စွန့်လွှတ်မယ် ၊ စွန့် လွှတ်တယ် ၊ စွန့် တာကို သိပြီးတော့ ၀မ်းသာတယ် ဆိုတဲ့ အချက်လေးပါပဲ ။ဒီလို  နှလုံးသွင်းမှန်စွာနဲ့ ပစ္စည်း တန်ဖိုး ကို သိပြီး စွန့်နိုင်တယ် ဆိုရင် ဒါန မြောက်သွားပါပြီနော်။ ဒီလိုမျိုးဒါနသည် တကယ်တော့ သံသရာခရီး အတွက် ရိက္ခာထုပ်ကြီးပါနော်။
            “ ၃ တန် စေတနာ ထက်သန်စွာဖြင့်  စွန့်လွတ်ရတဲ့ ဒါန သည် ငြိမ်းရာ ငြိမ်းကြောင်း ရောက်စေဖို့လမ်းဖြောင့်ကြီး သဖွယ်ဖြစ်ပါသည်။  တနည်း ပြောရရင်တော့ ဒါန သည် မနှောင်အဖွဲ့ မှ လွတ်မြောက်စေခြင်းပါပဲ ။ ကိုယ်က ပစ္စည်းပေါ်မှာ စွဲထားတဲ့ အနှောင်အဖွဲ့ ကနေ စွန့် လွှတ်လိုက်တယ် ဆိုတော့ လွတ်သွားတာပေါ့နော် ။  တစ်ခု  စွန့် ပြီးရင်  တမျိုး သက်သာ သွားတယ်နော်။   ဒါဆို ဒါနနဲ့   စွန့် စွန့် ပြီးတိုင်း  လူဟာအနှောင်အဖွဲ့ က နေလွတ်လွတ် သွားနိုင်လို့  ပိုပြီးပေါ့ပါး လာတာမျိုး ဖြစ်ရမှာနော်။  ဒါကြောင့် တန်ဖိုးအမှန်ကို သိပြီးမှ လှူတဲ့အလှူကသာတန်ဖိုးရှိစေမှာ ဖြစ်တယ် ။ ဒါဆိုရင် ဒါန ပြုဖို့ ကိုက လွယ်မလွယ် စဥ်းစားပေါ့ ။ ပစ္စည်းတွေသာ ကုန်သွားတယ်  တန်ဖိုး  မသိပဲ လှူလိုက်ရလို့  စိတ်မှာပေါ့ပါး လာမှုမရှိဘူး  ဆိုရင်တော့ တန်ဖိုး ရှိမှာ မဟုတ်ဘူးနော်  ။   ဒါဆိုရင်  “ ဒါန" လုပ်တတ်သွားပြီမို့   တန်ဖိုး  ရှိသွား  ပြီနော် ။


                                                                ဆက်လက်ဖော်ပြပါဦးမည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့